မလေးရှားမှာထုတ်ပေးမယ့် နည်းပညာသုံး အလုပ်သမားကတ်ဒ်



မလေးရှားမှာထုတ်ပေးမယ့် နည်းပညာသုံး အလုပ်သမားကတ်ဒ်


ဒီကတ်တွေ ထုတ်ပေးခြင်းဖြင့် မလေး အစိုးရက သူ့နိုင်ငံထဲရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမား ၂ သန်းကျော်ကို စစ်ဆေး ထိန်းချုပ်ရာမှာ အထောက်အကူပြုမှာပါ။

ဘယ်သူက မလေးကို ခိုးဝင်တယ် မဝင်ဘူး ဆိုတာကို အလွယ်တကူ စစ်ဆေးနိုင်ပါမယ်။

အလုပ်သမားရဲ့အချက်အလက်အသေးစိတ်၊ လက်ဗွေရာတို့ကို ကတ်ထဲ ကွန်ပြူတာနည်းပညာသုံးပြီး ထည့်ထားမှာပါ လို့ ဧရာဝတီသတင်းတပုဒ် http://www.irrawaddy.org/asia/malaysia-plans-high-tech-card-foreign-workers.html မှာ ရေးထားပါတယ်။

အဲဒီကတ်မှာပါတဲ့ ဘားကုတ်တွေကို စမတ်ဖုန်းသုံးပြီး စစ်လိုက်ရင် ကတ်ပိုင်ရှင်အလုပ်သမားရဲ့ အချက်အလက်အသေးစိတ် ပေါ်လာပါလိမ့်မယ်။

ဒီကတ်ဒ်ကို အတုလုပ်လို့မရအောင် စီစဉ်ထားတယ်၊ အလုပ်သမားရေးရာတွေကို ထိန်းချုပ်ရတာ ပိုအားကောင်းလာမယ်၊ ဒီနှစ်ကုန်ပိုင်းမှာတော့ နိုင်ငံခြားသားအလုပ်သမားတွေကို ဒီကတ် ထုတ်ပေးမယ်လို့ မျှော်လင့်ရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနညွှန်ချုပ်ကလည်း ... မလေးမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားအလုပ်သမား ၂.၂၅ သန်း ရှိတယ်၊ မှတ်ပုံမတင်ရသေးသူတွေကိုလည်း ဒီလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး မှတ်ပုံတင်ကြဖို့ ကြေညာထားတဲ့အတွက် အရေအတွက် ထပ်တိုးလာဖွယ်ရှိကြောင်း ပြောပါတယ်။

ခိုးဝင်လာသူတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှာဖွေစစ်ဆေးမယ့် စီမံကိန်း ဒီလ ၂ဝ ရက်နေ့ ကျော်ရင် လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။

မလေးရှားဟာ စက်ရုံ၊ ဆီအုန်းခြံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စားသောက်ဆိုင် လုပ်ငန်းခွင် စတဲ့ နေရာတွေအတွက် အလုပ်သမားအများအပြား လိုနေတာပါ။
သူ့နိုင်ငံသားတွေက အဲဒီ အလုပ်ကြမ်းတွေ သိပ်မလုပ်ချင်ကြပါဘူး။ နိုင်ငံခြားသားအလုပ်သမားတွေက အဲဒီမှာ ၀င်လုပ်ကြပါတယ်။ မလေးရှားစံနှုန်းနဲ့ဆိုရင် ၀င်ငွေ နည်းပါတယ်။

မလေးကို ခိုးဝင်လာသူ အများအပြားရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိမယ်လို့ အာဏာပိုင်တွေက ယူဆပါတယ်။
အိမ်နီးချင်းအင်ဒိုနီးရှားကနေ ခိုးဝင်တာ အများဆုံးပါပဲ။

အရှေ့တောင်အာရှဒေသတွင်းမှာ ကြွယ်ဝတဲ့နိုင်ငံလေးလို ဖြစ်လာတဲ့ မလေးရှားကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့ဘက်က အလုပ်အကိုင်ရှာဖွေသူတွေကလည်း စိတ်ဝင်စားကြတာပါ။
တချို့ကလည်း သြစတေးလျလိုမျိုးနိုင်ငံတွေဘက်ကို ကူးသန်းဖို့အတွက် မလေးကို ရောက်လာကြတာဖြစ်ပါတယ်။


www.irrawaddy.org/asia/malaysia-plans-high-tech-card-foreign-workers.html


Source by : ဧရာဝတီ သတင်းဌာန
 
 
Ref : Free Online Radio Media (Malaysia)


0 comments:

Post a Comment