Captain Phillips (Full Movie)


၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။

အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ 
ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ 

ဒီဇာတ်ကားကို ကျွန်တော်ညွှန်းရတာက အကြောင်းရှိပါတယ်။ ဇာတ်ကားကောင်းတာကလည်း တစ်ပိုင်း။ နောက်တစ်ခုက အမေရိကန်တွေရဲ့ သူတို့နိုင်ငံသားအပေါ်ထားတဲ့ စိတ်ထားဟာ ဒီဇာတ်ကားမှာ ပေါ်လွင်နေလို့ ဖြစ်ပါတယ်။

ဘယ်လောက်အခြေအနေဆိုးဆိုး ဘယ်တော့မှ သူ့နိုင်ငံသားကို ပစ်မထားပါဘူး။ မရရအောင်ကယ်ဆယ်ပါတယ်။ Tear Of The Sun ဆိုတဲ့ဇာတ်ကား ကြည့်ဖူးတဲ့သူများလည်း ဒီအချက်ကို သိကြမှာပါ။ ဒီကားမှာလည်း လာကယ်တာ သင်္ဘောကြီးပဲ သုံးစီး။ ကဲ...စဉ်းစားသာကြည့်တော့။ Navy SEALs အဖွဲ့တောင် ပါသေးတယ်။ အဖက်ဖက်က ထောင့်စေ့အောင် သူတို့တွက်ပါတယ်။ 

ကြားဖြတ်တစ်ခုပြောပါရစေ။ ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲဆိုတော့ ဒီအဖြစ်အပျက်ဟာ သမ္မတအိုဘားမားလက်ထက် ၂၀၀၉ ခုနှစ်မှာ ဖြစ်တာပါ။ အိုဘားမားက ပြဿနာမကြီးစေချင်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးစေချင်လို့ပါ။ 

ဒီလိုမျိုး နိုင်ငံသားတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို အင်မတန် တန်ဖိုးထားတဲ့အတွက် သူတို့နိုင်ငံသားတွေဟာ ဘဝအာမခံချက် (Life Of Securtiy) အပြည့်အဝရပါတယ်။ "ငါတို့ဘယ်လောက်ဒုက္ခရောက်နေနေ သူတို့သိတာနဲ့ လာကယ်မှာပါလား" ဆိုတဲ့ အတွေးလေးကပဲ ဓားပြတွေလက်ထဲရောက်နေတဲ့ သင်္ဘောသားတွေအဖို့ အားတက်စရာအချက်တစ်ခုပါပဲ။ 

သူတို့လွတ်မြောက်သွားတဲ့အခါ သူတို့ကိုလာကယ်တဲ့ အစိုးရကို သူတို့ဘယ်လောက်တောင် ကျေးဇူးတင်မလဲ။ "ငါတို့ အမေရိကန်အတွက် အသက်ထက်ဆုံး အမှုထမ်းမယ်ကွ" ဆိုတဲ့ အားမာန်မျိုး သူတို့မှာ အလိုလိုပေါ်လာပါတယ်။ ဒါဟာ အစိုးရက တိုင်းသူပြည်သားတွေအပေါ်ထားတဲ့ စေတနာကို ပြည်သူတွေက ပြန်တုံ့ပြန်ပုံပါပဲ။

ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတဲ့ Captain Phillips ဆိုတဲ့ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအဖြစ် မင်းသားကြီး Tom Hanks နဲ့ ဆိုမာလီ-အမေရိကန်မင်းသား Barkhad Abdi တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Barkhad Abdi က ဒီဇာတ်ကားနဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ဇကာတင်စာရင်း ဝင်ထားပါတယ်။ Tom Hanks က အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဇကာတင်စာရင်း ဝင်ထားပါတယ်။ ဒါရိုက်တာဆုနဲ့ ဇာတ်ကားဆုလည်း ဇကာတင်စာရင်း ဝင်ထားပါသေးတယ်။ 

ကဲ...ကြည့်ဖြစ်အောင် ကြည့်လိုက်ကြဦးနော်...။

ရုပ်ရှင်အစအဆုံးကြည့်ရန် Movie Locos ကိုနှိပ်ပါ။ 

4 comments:

ိTurbo ဆိုတဲ့ခရုလေးပြိုင်ကားမောင်းတဲ့ကာတွန်းကားလေးများရှိရင်တင်ပေးပါဦး
နောက်ပြီး despicable me ဟာသကားလေးရောဗျ။
Airvender ဆိုတဲ့ကားလေးဗျာ ခွေဆိုင်တွေမှာလည်းဘယ်လိုမှမေးလို့မရဘူးဖြစ်နေလို့
မီးနိုင်ငံတွေဘာတွေနဲ့တိုက်ကြတာလေ သိလားဟင်

facebook account ကဘာဖြစ်လို့တစ်ရက်အပြင်ပိုမခံရတာလဲဟင်
အကောင့်ပေါင်းလည်းများပြီ။ တစ်ရက်လောက်နေရင် code တောင်းတော့အဲဒီအကောင့်ကရေစုန်မျောရ
ပြီလေ။ အဲဒီပြသနာကိုဘယ်လိုနည်းနဲ့ဖြေရှင်းသင့်သလဲခင်ဗျာ
ကူ့ညီပါဦး

Turbo ကြည့်ရန် http://viooz.co/movies/20330-turbo-2013.html
Despicable Me ကြည့်ရန် http://viooz.co/movies/926-despicable-me-2010.html
Despicable Me 2 ကြည့်ရန် http://viooz.co/movies/19824-despicable-me-2-2013.html
The Last Airvender ကြည့်ရန် http://viooz.co/movies/1312-the-last-airbender-2010.html

Account ပျက်တဲ့ပြဿနာက အခုတလော အရမ်းဖြစ်နေပါတယ်။ ကျွန်တော်လည်း အဲဒီကိစ္စတော့ သေချာမသိတဲ့အတွက် မကူညီနိုင်တာ ခွင့်လွှတ်ပါ။

Post a Comment