ရုပ်ရှင်ကားများ အလွယ်တကူ ကြည့်မယ်၊ ဒေါင်းမယ်

ရုပ်ရှင်ချစ်ပရိသတ်များအတွက် ရုပ်ရှင်ကားများ အလွယ်တကူကြည့်ရှုနိုင်ရန် တင်ပြပေးလိုက်ပါတယ်။ 




viooz.co ဒီဝက်ဘ်ဆိုဒ်ကနေပြီးတော့ ရုပ်ရှင်ကား တော်တော်များများကို အခမဲ့ကြည့်ရှုနိုင်ပါတယ်။ မိမိလိုချင်သည့်ဇာတ်ကားများကို Search Box တွင် ရိုက်၍ရှာဖွေနိုင်ပါတယ်။ တစ်ချို့သောဇာတ်ကားများကို High Definition (HD) ဖြင့် ကြည့်ရှုနိုင်ပါတယ်။ ကွန်ပျူတာတွင် IDM ထည့်ထားပါက ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။ Online Streaming Website တွေထဲမှာတော့ သူဟာ သုံးရအလွယ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

ဒါပေမယ့် ဒီဝက်ဘ်ဆိုဒ်ဟာ အခုတလော error အရမ်းများနေပါတယ်။ ဘာကြောင့်လဲတော့ ကျွန်တော်မသိပါ။ သုံးသူများလာတာကြောင့်လို့ ထင်ပါတယ်။ နောက်ပြီးတော့ ဖုန်းနဲ့ကြည့်သူများအတွက် ဒီဝက်ဘ်ဆိုဒ်က အဆင်မပြေပါ။ အဲဒါကြောင့် နောက်ထပ်နည်းလမ်းတစ်နည်းကို ထပ်ပြောပြပါမယ်။



Show Box ဆိုတဲ့ application လေးဟာ Android သုံးသူများအတွက် အင်မတန်ကောင်းမွန်တဲ့ Movie App တစ်ခုပါပဲ။ ရုပ်ရှင်ကားမျိုးစုံကို Low Quality, Medium Quality, High Quality ဆိုပြီး သုံးမျိုးတင်ပေးထားပါတယ်။ အင်တာနက်ကွန်နက်ရှင် ကောင်းရင်ကောင်းသလို Quality မြင့်မြင့်နဲ့ ကြည့်လို့ရတာပေါ့။ ကြိုက်တဲ့ဇာတ်ကားများကို ဒေါင်းလုပ်ချပြီး သိမ်းထားနိုင်ပါသေးတယ်။ Show Box ကိုဒေါင်းလုပ်ဆွဲဖို့အတွက် Movie Locos ကိုနှိပ်ပါ။ 





Movie Box ဆိုတဲ့ application လေးကတော့ iOS သုံးသူများအတွက် ဖြစ်ပါတယ်။ သူကလည်း ရုပ်ရှင်ကားအစုံ ကြည့်လို့ရပါတယ်။ Quality 360p, 480p, 720p ဆိုပြီး သုံးမျိုးရှိပါတယ်။ ကိုယ့်လိုင်းကောင်းရင်ကောင်းသလို ပိုကြည်ကြည်လင်လင် ကြည့်လို့ရတာပေါ့။ ဒေါင်းလုပ်ချပြီး သိမ်းထားလို့လည်းရပါတယ်။ Movie Box ကို သွင်းဖို့အတွက် Jailbreak လုပ်ထားဖို့တော့ လိုပါတယ်။ ပြီးရင် Cydia မှာ repo.biteyourapple.net/ ဆိုတဲ့ Source ကိုသွင်းပါ။ အဲဒီကနေ Movie Box ကို Install လုပ်ရုံပါပဲ။

ကွန်နက်ရှင်မြန်မြန်ရတဲ့သူများရှိရင် အောက်မှာ comment ပေးစေချင်ပါတယ်။ ဒါဆိုရင် ဒိထက် Quality ပိုကောင်းတဲ့ ဝက်ဘ်ဆိုဒ်တွေကနေ ရုပ်ရှင်တွေ အလကားဆွဲနိုင်ဖို့အတွက် ပို့စ်တစ်ခုထပ်ရေးပေးပါ့မယ်။ ဖိုင်ဆိုဒ်တွေက ကြီးတဲ့အတွက်ကြောင့် ကွန်နက်ရှင်မြန်မှ ဖြစ်မှာမို့လို့ပါ။ အချိန်ပေးပြီးဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။

ပို့စ်အဟောင်းများဖတ်ရန် Movie Locos ကိုနှိပ်ပါ။

3 comments:

ကွန်နက်ရှင်ကောင်းတယ်အကို Quality ပိုကောင်းတဲ့ ဝက်ဘ်ဆိုဒ်တွေမပါဦး

လိုင်းကောင်းတယ် အကို

လိုင်းကောင်းတယ် အကို

Post a Comment