Show Box အသုံးပြုနည်း

Show Box အသုံးပြုနည်းကို တင်ပြပေးသွားပါမယ်။




Show Box ကို ဒေါင်းလုပ်ဆွဲဖို့အတွက် အရင်ဆုံး Movie Locos ကိုနှိပ်ပါ။ ပြီးရင် Install လုပ်ပါ။



သွင်းပြီးသွားလို့ ဖွင့်လိုက်ရင် အပေါ်ကပုံလိုမျိုးလေးနဲ့ Show Box ကို စပြီးသုံးလို့ရပါပြီ။ အပေါ်ဆုံးမှာ အကွက်လေး လေးကွက်ရှိပါတယ်။ MOVIES ဆိုတဲ့အထဲမှာ ဇာတ်ကားများကို ကြည့်ရှုနိုင်ပါတယ်။ SHOWS ဆိုတဲ့အထဲမှာ တီဗွီစီးရီးဇာတ်လမ်းတွဲတွေကို ကြည့်ရှုနိုင်ပါတယ်။ UPDATES ဆိုတဲ့အထဲမှာ အသစ်ထွက်ဇာတ်ကားများကို တွေ့ရမှာပါ။ 

အဲဒိအောက်မှာ Search Box လေးရှိပါတယ်။ ကိုယ်လိုချင်တဲ့ဇာတ်ကားများကို အဲဒီမှာရိုက်ပြီး ရှာဖွေနိုင်ပါတယ်။ သူ့ရဲ့ညာဘက်မှာ FILTER ဆိုတာရှိပါတယ်။ ဒါကတော့ ရုပ်ရှင်ကားတွေကို စီထားတဲ့ ပုံစံဖြစ်ပါတယ်။ အဲဒိမှာ ခုနှစ်အလိုက်သော်လည်းကောင်း၊ rating အလိုက်သော်လည်းကောင်း၊ မိမိကြိုက်သလို ပြန်စီနိုင်ပါတယ်။

ဇာတ်ကားကြည့်ဖို့အတွက် ပြောပြပါ့မယ်။ ကိုယ်ကြည့်ချင်တဲ့ဇာတ်ကားကို ရွေးလိုက်ပါ။ 


ပုံမှာပြထားတဲ့အတိုင်း Quality သုံးမျိုးနဲ့ ပေါ်လာပါလိမ့်မယ်။ တစ်ချို့ဇာတ်ကားတွေမှာတော့ နှစ်မျိုးလောက်ပဲ ပေါ်မှာပါ။ တစ်မျိုးချင်းစီရဲ့ ဆိုဒ်ဘယ်လောက်ဆီရှိတယ်ဆိုတာကိုလည်း Quality တွေအောက်မှာ ရေးထားတာကို တွေ့ရမှာပါ။ ရုပ်ရှင်ပိုစတာရဲ့ အပေါ်မှာ Add To Library ဆိုတာရှိပါတယ်။ ဒါကတော့ ကိုယ့်မှတ်စုထဲမှာ ထည့်မှတ်ထားတဲ့သဘောပေါ့။ ပြန်ရှာနေစရာမလိုဘူး။ MY LIBRARY ကိုနှိပ်လိုက်တာနဲ့ ပေါ်လာမယ်လေ။ မမှတ်ထားဘဲ ခုကြည့်မယ်ဆိုရင် WATCH NOW ကို နှိပ်လိုက်ပါ။ အောက်ကပုံလိုမျိုးလေး ပေါ်လာပါလိမ့်မယ်။ 


ကြိုက်ရာတစ်ခုကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် စပြီးတော့ ရုပ်ရှင်ပေါ်လာပြီး ကြည့်ရှုနိုင်ပါပြီ။ လိုင်းတော့ အနည်းငယ်ကောင်းဖို့ လိုပါတယ်။ အကယ်၍ ဒေါင်းလုပ်ချပြီး သိမ်းထားချင်တယ်ဆိုရင် WATCH NOW ကိုမနှိပ်ဘဲ သူ့ဘေးက DOWNLOAD ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် စပြီးတော့ ဒေါင်းလုပ်ဆွဲနေပါပြီ။ ဘယ်လောက်ဆွဲပြီးသွားလဲဆိုတာ သိချင်ရင် အပေါ်ဆုံးက ကျွန်တော်ပြောခဲ့တဲ့ အကွက်လေးကွက်မှာ MY LIBRARY ဆိုတာလေးကို နှိပ်လိုက်ပါ။


ဒီလိုပုံမျိုးလေးပေါ်လာပြီး ဘယ်လောက်ထိပြီးသွားပြီဆိုတာကို သိနိုင်ပါတယ်။ ဒေါင်းလုပ်ပြီးသွားတဲ့အခါ MY LIBRARY ထဲကနေ အချိန်မရွေး ပြန်ကြည့်လို့ရပါပြီ။ အကယ်၍ ကွန်ပျူတာထဲကို ကူးထားချင်ရင် USB ကြိုးနဲ့ ကွန်ပျူတာကိုချိတ်လိုက်ပါ။ Show Box ဆိုတဲ့ Folder ထဲမှာ ကိုယ်ဆွဲထားတဲ့ရုပ်ရှင်တွေအကုန်ရှိပါတယ်။ ကူးယူနိုင်ပါတယ်။ အားလုံးပဲ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ မေးချင်တာများရှိရင် အောက်မှာ ကွန်မန့်ရေးပေးခဲ့ပါခင်ဗျာ။

ပို့စ်အဟောင်းများဖတ်ချင်ရင် Movie Locos ကိုနှိပ်ပါ။









0 comments:

Post a Comment