YouTube ထိုင်းဗားရှင်းကို Google လွှင့်တင်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/youtube-google.html
 
 
Youtube Tayland hizmete girdi
 
Google သည် ထိုင်းနိုင်ငံရှိ YouTube ကြည့်ရှုသူများအတွက် YouTube.co.th ပြည်တွင်းဒိုမိန်းကို လွှင့်တင်လိုက်ကြောင်း သိရသည်။

YouTube ၏ အကြောင်းအရာဆိုင်ရာ ဒုဥက္ကဋ္ဌ Tom Pickett က ယခုလွှင့်တင်မှုသည် ထိုင်းနိုင်ငံ၏ YouTube ကြည့်ရူမှု ကိန်းဂဏန်းများ အလွန်အမင်း မြင့်တက်မှုနှင့် နှိုင်းယှဉ်လျှင်နောက်ကျနေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

Youtube တွင် ကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများက မိနစ်နှင့် အမျှ အကြောင်းအရာ နာရီရာပေါင်းများစွာကို upload ပြုလုပ်လျက်ရှိပြီး ၎င်းတို့အထဲမှ ၄၀ ရာခိုင်နှုန်းမှာ မိုဘိုင်းဖြင့် upload ပြုလုပ်ခဲ့ကြသည်။ Youtube ကြည့်ရူမှုနှုန်းသည် အာရှ တွင် မြင့်တက်လျက်ရှိကာ ထိုင်းနိုင်ငံမှ YouTube ကြည့်ရှုသူ သုံးပုံတစ်ပုံခန့်သည် မိုဘိုင်းများဖြင့် ကြည့်ရူကြသည်။ ထိုင်းနိုင်ငံအတွင်းရှိ လူများသည် တစ်နေ့လျှင် နာရီတစ်သန်းခန့် YouTube ကိုကြည့်ရူကြပြီး နိုင်ငံအတွင်း လစဉ် ကြည့်ရူမှု တစ်ဘီလီယံခန့် ရှိကြောင်း သိရသည်။

ထိုင်းဘာသာစကားဖြင့် YouTube လွှင့်တင်မှုကြောင့် ထိုင်းနိုင်ငံရှိ အကြောင်းအရာ ဖန်တီးသူနှင့် ဗီဒီယိုရိုက်ကူးသူများဖြင့် ပူးပေါင်းလုပ်ကိုင်သွားနိုင်မည် ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း YouTube ကြော်ငြာမှတဆင့် ငွေကြေးများရှာဖွေနိုင်မည်ဟု သိရသည်။

Ref: Techinasia
Internet Journal

0 comments:

Post a Comment