Android Wear စမတ်နာရီကို Google I/O တွင် Samsung မိတ်ဆက်မည်



ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် Google ၏ developer conference တွင် Samsung က ကုမ္ပဏီ၏ ပထမဦးဆုံး Android Wear ထုတ်ကုန်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း CNET က ဖော်ပြခဲ့သည်။ အဆိုပါ Android Wear ထုတ်ကုန်သည် စမတ်နာရီတစ်ခု ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က Samsung မှ ဖြန့် ချိခဲ့သည့် Gear ထုတ်ကုန်များနှင့် တူညီသည်ဟု ဆိုသည်။

Samsung သည် ကုမ္ပဏီပိုင် ချစ်ပ်များဖြင့် Android Wear စမတ်နာရီကို ဖန်တီးလျက်ရှိသလို Qualcomm ၏ ပရိုဆက်ဆာများဖြင့်လည်း အခြား အမျိုးအစားများကို တည်ဆောက်လျက်ရှိသည်။ သို့သော်လည်း Google I/O တွင် Samsung က မည်သည့် ထုတ်ကုန်အမျိုးအစား မိတ်ဆက်ပြသမည်ကို အသေအချာ မသိရသေးပေ။ Android Wear သည် စမတ်နာရီနှင့် အခြားသော ဝတ်ဆင်နိုင်သည့် ထုတ် ကုန်များအတွက် Google က ဖြန့်ချိထားသည့် operating system တစ်မျိုး ဖြစ်သည်။

စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများ၏ တင်ပို့ရောင်းချမှုနှုန်း တိုးတက်မှု နှေးကွေးလာချိန်တွင် ကုမ္ပဏီ များက ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များဖြင့် ဈေးကွက်သစ်ချဲ့ထွင်ရန် စီစဉ်လာကြသည်။ ဈေးကွက်သုတေ သနအဖွဲ့ IDC ၏ ဧပြီလ အစီရင်ခံစာအရ ယခုနှစ်ကုန်တွင် ကမ္ဘာတစ်ဝန်းသို့ ဝတ်ဆင်နိုင်သည့် ထုတ် ကုန် ၁၉ သန်းကျော် ရောင်းချရဖွယ်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း တင်ပို့ရောင်းချမှု ၁၁၁.၉ သန်းအထိ ရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ပမာဏသည် ပြီးခဲ့သည့်နှစ် က စမတ်ဖုန်း ၁.၇ ဘီလီယံ ရောင်းချခဲ့ရသည့် ပမာဏဖြင့် နှိုင်းယှဉ်လျှင် နည်းပါးလျက်ရှိသည်။

Samsung နှင့်အတူ LG နှင့် Motorola ကလည်း Android Wear ထုတ်ကုန်ကို developer conference တွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။


Ref: CNET Internet Journal


0 comments:

Post a Comment