iOS 7.1 အတွက် ဖြန့်ချိခဲ့သည့် Pangu untethered jailbreak ကို သတိဖြင့် အသုံးပြုရန်လိုဟုဆို



Pangu ဟုခေါ်သည့် တရုတ်အဖွဲ့တစ်ဖွဲ့က ဖြန့်ချိပေးခဲ့သည့် jailbreak tool အကြောင်းသည် အင်တာ နက်ပေါ်တွင် အလျင်အမြန်ပျံ့နှံ့လျက်ရှိပြီး ၎င်းသည် Jailbreak package installer application ဖြစ်သော Cydia ကို အောင်မြင်စွာ ထည့်သွင်းပေးနိုင်ကြောင်း သိရသည်။ အဆိုပါ jailbreak tool သည် ပြီးခဲ့သည့်နှစ်က TaiG ကဖြန့်ချိခဲ့သည့် evasi0n jailbreak နှင့် တူညီပြီး ၎င်းတွင် တရုတ် pirated app installer တစ်ခု ပါဝင်လာသည်။

Pangu jailbreak tool ကို Pangu team ၏ ဝက်ဘ်ဆိုက်ဖြစ်သော http://pangu.io တွင် ရယူနိုင် သည်။ လက်ရှိတွင် ၎င်း tool ကို Windows ပေါ်တွင်သာ အသုံးပြုနိုင်သည့် .exe installer တစ်ခုတည်း သာ ဖြန့်ချိထားသည်။ ဖိုင်အရွယ်အစားမှာ 70MB ရှိသည့်အတွက် အနည်းငယ် သံသယဖြစ်ဖွယ်ရှိနေခြင်း ဖြစ်သည်။

သို့သော်လည်း အွန်လိုင်းမှ ဖော်ပြချက်များအရ Pangu jailbreak tool တွင် pirated app installer ပါဝင် သည့်တိုင် တိုက်ရိုက် အန္တရာယ်ဖြစ်စေမည့် ရည်ရွယ်ချက်များ မပါဝင်ကြောင်း သိရသည်။ နာမည်ကျော် jailbreak developer ဖြစ်သည့် iH8sn0w ကလည်း Pangu တွင် spyware နှင့် အန္တရာယ်ရှိသည့် လမ်းကြောင်းများ မပါဝင်ကြောင်း ၎င်း၏ Twitter မှတစ်ဆင့် အတည်ပြုခဲ့သည်။



Mac သုံးစွဲသူများအတွက် Pangu jailbreak tool ကို မကြာခင်အသုံးပြုနိုင်ဖွယ်ရှိပြီး Pangu ဝက်ဘ်ဆိုက် တွင် OS X version အတွက် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။


Ref: 9to5mac Internet Journal


0 comments:

Post a Comment