ဝင်းဒိုး ကွန်ပျူတာမှာ နေရာလွတ်များရရှိစေမယ့် Built-In Tools ငါးခု



ကွန်ပြူတာ Hard Drive များရဲ့ သိုလှောင်နိုင်မှုပမာဏ ဟာ တစ်ဖြည်းဖြည်းများပြားလာပါတယ်။ လွန်ခဲ့ တဲ့ ဆယ်နှစ်တုန်းက 40GB ဟာ အများဆုံးလို့ ဆိုနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ 1TB ဟာ စံနှုန်း တစ် ခုဖြစ်လာပါပြီ။ ဒါပေမယ့်လည်း ကွန်ပြူတာမှာ နေရာလွတ်များ ကုန်ဆုံးသွားတဲ့ အခြေအနေတွေ ဖြစ်နေ ဆဲပါပဲ။ Applications များရဲ့ အရွယ်အစားဟာ ကြီးမားလာပါတယ်။ အထူးသဖြင့် ကွန်ပြူတာ အဟောင်း များနဲ့ Netbook များမှာ ဆိုရင် လျှင်မြန်စွာ နေရာကုန်ဆုံးစေပါတယ်။ Hard Drive မှာ နေရာလွတ်တွေ ကျန်ရှိနေတယ်ဆိုရင်တောင် မလိုအပ်တာတွေကို ရှင်းလင်းခြင်းဖြင့် ကွန်ပြူတာရဲ့ စွမ်းဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ ကွန်ပြူတာ မှာ မလိုအပ်တဲ့ အရာတွေကို ရှင်းပေးဖို့ အတွက် Built-In Tools ငါးခုကို အသုံးပြုနိုင်ပါတယ်။

Disk Cleanup
------------------
Disk Cleanup က မလိုအပ်တဲ့ဖိုင်များကို ရှင်းပေးဖို့အတွက် ၀င်းဒိုးမှာပါတဲ့ Built-In Tool တစ်ခုဖြစ်ပါ တယ်။ Recycle Bin, Temp Folders နဲ့ Temporary System Files များဟာ Hard Drive မှာ နေရာများ စွာ ရယူထားပါတယ်။ အဲဒီဖိုင်တွေဟာ မလိုအပ်တော့တဲ့ အတွက် ဖျက်ပစ်နိုင်ပါတယ်။ 

Start Menu ဒါမှမဟုတ် Windows 8 Charms Bar ကနေ Disk Cleanup လို့ ရိုက်ပြီး Disk Cleanup Tool ကို ဖွင့်ပါ။ ၀င်းဒိုး တစ်ခုပေါ်လာရင် ရှင်းလင်းချင်တဲ့ Drive ကိုရွေးပြီး OK နှိပ်ပါ။ Disk Cleanup က Scan လုပ်မှာ ဖြစ်ပြီး မိနစ်အနည်းငယ် ကြာမြင့်မှာပါ။

ပြီးရင် ရှင်းလင်းနိုင်တဲ့ ကဏ္ဍများနဲ့ နေရာယူထားတဲ့ ပမာဏကို ပြသပေးမှာ ဖြစ်ပါတယ်။ ရှင်းလင်းချင်တဲ့ ကဏ္ဍ ရဲ့ Checkbox များမှာ အမှန်ခြစ်ပေးပြီး OK ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီဖိုင်များကို ရှင်းလင်းပေးပြီး နေရာလွတ်များရရှိပါပြီ။

ဝင်းဒိုး ကို အင်စတော လုပ်ထားတုန်းက သိမ်းထားတဲ့ ဖိုင်တွေဟာလည်း မလိုအပ်တော့ပါဘူး။ အဲဒီ ဖိုင်တွေ၊ System Restore Points ၊ Windows Update လုပ်တဲ့အခါမှာ ခဏတာ သိမ်းထားပေးတဲ့ ဖိုင်များ နဲ့ System Log Files များကို ရှင်းလင်းဖို့အတွက် Clean up system files ကို နှိပ်ပါ။ နောက် အဆင့်မှာ ရှင်းချင်တာကို ရွေးချယ်ပြီး ရှင်းလင်းနိုင်ပါတယ်။ ၀င်းဒိုး ဗားရှင်း အဟောင်းကနေ အသစ်ကို Update လုပ်ထားသူများအတွက် 1GB လောက်နေရာလွတ်များ ရရှိနိုင်ပါတယ်။

မလိုအပ်တဲ့ Applications များကို Uninstall လုပ်ပါ။
---------------------------------------------------------
ကွန်ပြူတာကို အသုံးပြုလာတာ ကြာလာတာနဲ့ အမျှ Apps များ များပြားလာပါတယ်။ အဲဒီအတွက် အသုံး မပြုတော့တဲ့ Apps များကို Uninstall ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာမှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။ မလိုအပ်တဲ့ Apps များကို Uninstall ပြုလုပ်ဖို့အတွက် Start Menu ဒါမှမဟုတ် Windows 8 Charms Bar ကနေ Programs and Features လို့ ရိုက်ပြီး ဖွင့်ပါ။ ပြီးရင် သင့်ကွန်ပြူတာမှာ အင်စတော လုပ်ထား တဲ့ Apps အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ လွတ်နေတဲ့ နေရာ တစ်ခုမှာ Right Click နှိပ်ပြီး Sort by ကနေ Size ကို နှိပ်ခြင်းဖြင့် အရွယ်အစားကြီးတဲ့ Apps များကို အပေါ်ဆုံးမှာ တွေ့နိုင်အောင် ပြုလုပ်နိုင်ပါတယ်။ အဲဒီအတွက် အရွယ်အစားကြီးတဲ့ Apps များကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အချို့ Apps များရဲ့ အရွယ်အစားကိုတော့ ဖော်ပြထားခြင်းမရှိတာကို သတိပြုပါ။ App တစ်ခုကို Uninstall လုပ်ဖို့ App ပေါ်မှာ Right Click နှိပ်ပြီး Uninstall ကို နှိပ်ပါ။

ဖိုင်များကို Compress လုပ်ပါ။
----------------------------------
ဝင်းဒိုး က ဖိုင်အရွယ်အစား ကို ချုံ့ပေးနိုင်တဲ့ Compress စွမ်းဆောင်ချက်ပါတဲ့ NTFS File System ကို အသုံးပြုပါတယ်။ အရွယ်အစားကြီးပြီး အသုံးပြုလေ့မရှိတဲ့ ဖိုင်များကို Compress လုပ်ထားနိုင်ပြီး ပြန်အ သုံးပြုချင်တဲ့ အခါမှာလည်း သာမာန်အတိုင်းပဲ အသုံးပြုနိုင်ပါတယ်။ 

ဒါပေမယ့် Compress လုပ်ထားတဲ့ ဖိုင်ကို ဖွင့်ရင် အချိန် အနည်းငယ်ကြာတတ်ပါတယ်။ စွမ်းဆောင် ရည်မြင့်တဲ့ ကွန်ပြူတာမှာ ဆိုရင် မသိသာလှပေမယ့် စွမ်းဆောင်ရည်နိမ့်တဲ့ ကွန်ပြူတာများမှာတော့ ဒီနည်းကို အသုံးမပြုသင့်ပါဘူး။ 

MS Office Documents , PDF နဲ့ အရွယ်ကြီးမားတဲ့ Image File များကို ချုံ့ထားသင့်ပါတယ်။ သီချင်း နဲ့ ဗီဒီယိုဖိုင်များကတော့ Compressed Format နဲ့ သိမ်းထားတာ ဖြစ်တဲ့အတွက် Compress မလုပ်သင့်ပါ ဘူး။ Windows System Files နဲ့ Program Files များကိုလည်း Compress မလုပ်သင့်ပါဘူး။ ကွန်ပြူတာ ကို လေးလံစေမှာ ဖြစ်ပြီး အခန့်မသင့်ရင် ကွန်ပြူတာ Error များ ဖြစ်လာနိုင်ပါတယ်။ 

ဖိုင်တစ်ခု ဒါမှမဟုတ် ဖိုဒါတစ်ခုကို Compress လုပ်ဖို့ File Explorer or Windows Explorer ကို ဖွင့်ပါ။ ဖိုင် အပေါ်မှာ Right Click နှိပ်ပြီး Properties ထဲမှ Advanced ကို နှိပ်ပါ။ Compress contents to save disk space မှာ အမှန်ခြစ်ပေးပြီး OK နှိပ်ပါ။ ဖိုဒါတစ်ခုကို ချုံ့ရင်တော့ အဲဒီဖိုဒါရဲ့ အောက်မှာ ရှိတဲ့ Sub Folder များ နဲ့ ဖိုင်များကိုပါ ချုံ့မလား မေးပါလိမ့်မယ်။

Compress လုပ်ထားတာကို ပြန်ဖြည် ချင်ရင် အပေါ်နည်းအတိုင်း Properties> Advanced ထဲသွားပြီး အမှန်ခြစ်ဖြုတ်ပေးရပါမယ်။

System Restore အတွက် Space ကို လျှော့ချပါ။
-------------------------------------------------------
System Restore က ၀င်းဒိုး ရဲ့ အဓိက စွမ်းဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ကွန်ပြူတာ ရဲ့ System ကို ကြီးကြီးမားမား ပြုပြင်တော့မယ်ဆိုရင် System Restore Point ပြုလုပ်ထားသင့်ပါတယ်။ ဒါမှသာ အမှား များ ကြုံတွေ့ရရင် အရင် အခြေအနေကို ပြန်လည် ရောက်ရှိနိုင်ပါတယ်။ System Restore က သင့်ရဲ့ အီးမေး ၊ Documents နဲ့ ဓါတ်ပုံများလို Personal Files များကို မပျက်ဆီးစေပါဘူး။ System Restore က ကောင်းမွန်ပေမယ့် သူ့အတွက် သီးသန့် နေရာ ကြီးကြီးမားမား ဖယ်ထားပေးရပါတယ်။

သူယူထားတဲ့ နေရာ ကို လျှော့ချဖို့ အတွက် Control Panel ကို ဖွင့်ပြီး System ကိုနှိပ်ပါ။ ဘယ်ဘက်ခြမ်း မှ System Protection ကို နှိပ်ပါ။ ၀င်းဒိုး တစ်ခုပေါ်လာရင် Configure ကိုနှိပ်ပါ။ Disk Space Usage မှာ နေရာ လျှော့ချပေးပါ။ System Restore ကို အသုံးပြုလေ့ မရှိသူများအတွက် 4GB လောက်ဆိုရင် အဆင်ပြေပါတယ်။

OneDrive ဒါမှမဟုတ် External Hard Drive ကို အသုံးပြုပါ။
-------------------------------------------------------------------
သင့်ကွန်ပြူတာ မှာ နေရာလွတ် နည်းပါးလာရင် Cloud Storage ၀န်ဆောင်မှုများနဲ့ External Hard Drive များမှာ ဖိုင်များ သိမ်းဆည်းနိုင်ပါတယ်။ Microsoft က Windows 8 ကွန်ပြူတာများမှာ OneDrive ကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ File Explorer ရဲ့ ဘယ်ဘက်ခြမ်းမှာ OneDrive (ယခင် SkyDrive) ကို အလွယ်တကူ သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ OneDrive မှာ 7GB အထိ အခမဲ့ သိမ်းဆည်းနိုင်ပါတယ်။

External Hard Drive များမှာလည်း ကွန်ပြူတာမှ ဖိုင်များကို သိမ်းဆည်းနိုင်တဲ့အတွက် ကွန်ပြူတာမှာ နေရာလွတ်များ ရရှိစေမှာ ဖြစ်ပါတယ်။ အရေးကြီးဖိုင်များကို ကွန်ပြူတာမှာသာမက Cloud ဒါမှမဟုတ် External Drive များမှာ သိမ်းဆည်းထားသင့်ပါတယ်။ ဒါမှသာ ကွန်ပြူတာ ပြဿနာ တက်တဲ့အခါမှာ အရေးကြီးဖိုင်များ မပျက်ဆီးစေမှာ ဖြစ်ပါတယ်။

ဝင်းဒိုး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိအောင် ပြုလုပ်ပေးနိုင်တဲ့ Third-Party Tools များလည်း ရှိ ပါသေးတယ်။ ဒါပေမယ့် အပေါ်မှာ ဖော်ပြထားတဲ့ Microsoft ရဲ့ Tools များကို အသုံးပြုပြီး ကွန်ပြူတာ မှာ နေရာလွတ်များ ရရှိနိုင်ပါတယ်။


သူရ
Myanmar Digital Life Journal


2 comments:

ကိုဝင်းကမ္ဘာကျော်ရော
ကိုသူရကိုရော ကျေးဇူးတင်ပါတယ်ခင်ဗျ။
ကျွန်တော် အခုလက်တွေ့လုပ်ကြည့်နေပါပြီ။
ကျွန်တော်တို့ဆီက ဘာမှ မရပေမယ့်လည်း
ပေးနိုင်သလောက်ပေးနေတဲ့ အကိုတို့နည်းပညာ Site တွေက
ကျေးဇူးရှင်တွေကို လေးစားအားကျလျက်
ကိုစိုင်းငယ်(တောင်ကြီး)

laptop harddisk password မေ့သွားလို့ဘယ်လိုလုပ်လို့ရလည်းသိချင်ပါတယ်
window လည်းမရှိပါဘူး CMOS ထဲဝင်ပေးမိထားပါတယ်
ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်

Post a Comment