နည်းပညာလောကကို အပြောင်းအလဲဖြစ်စေမည့် Free-Form Display



ပြီးခဲ့သည့် ရက်အနည်းငယ်က Sharp သည် အနာဂတ်အီလက် ထရွန်နစ်ပုံစံကို အလုံးစုံပြောင်းလဲ ပစ်နိုင်သော Free-Form Display ဟုခေါ်ဆိုသည့် မျက်နှာပြင်ကို ထုတ်လုပ်ရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်များတွင် မျက်နှာပြင်ကွေး Samsung Gear Fit နှင့်လုံးဝန်းသော Moto 360 စမတ်နာရီ ကဲ့သို့ ဆန်းသစ်သောပုံစံဖြင့် ထုတ်ကုန်သစ်များစွာ ထွက်ရှိလာ ပြီးနောက် Sharp ၏ display နည်းပညာ သစ်သည်လည်း လက်ရှိတွင် ဖြစ်နိုင်ဖွယ်အရှိဆုံး ထူးခြားသော ဒီဇိုင်းများထက်ပိုမို အလုပ်ဖြစ်နိုင်ကြောင်း သိရသည်။ သာမန် display များ၌ ဘေးဘောင်များတွင် လျှပ်စီးပတ်လမ်းစနစ်ကို ထည့်သွင်း ထားသောကြောင့် ထုတ်လုပ်သူများအနေဖြင့် ထောင့်မှန်စတုဂံ ဒီဇိုင်းများသာထုတ်လုပ်နိုင်သည်။ Sharp ၏နည်းပညာသစ်ဖြင့် လျှပ်စစ်ပတ်လမ်းစနစ်ကို display အနှံ့အပြားတွင် ထည့်သွင်းနိုင်သောကြောင့် ထုတ်ကုန်များကို ပုံသဏ္ဌာန် အမျိုးမျိုးနှင့်အလွန်သေးငယ်သော ဘေးဘောင်များဖြင့် ထုတ်လုပ်နိုင်မည်ဖြစ် သည်။

Sharp အနေဖြင့် ကားများအတွင်း ဖျော်ဖြေမှုအသားပေး သတင်းအချက်အလက်စနစ်များကို အဆင့်မြှင့် တင်ရန် Free-Form Display အလားအလာများကို ဓာတ်ပုံများဖြင့်ပြသခဲ့ကြောင်း သိရသည်။ ကုမ္ပဏီ အနေဖြင့် Free- Form Display ကိုဘဲဥပုံ display များဖြင့်ဝတ်ဆင်နိုင်သော ထုတ်ကုန်များကဲ့သို့သေး ငယ်သော နည်းပညာဖန်တီးရာတွင် သင့်တော်မှုရှိကြောင်းသိရသည်။ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ များကလည်း ဈေးကွက်သို့ display အသစ်များ တင်ပို့နိုင်ရန် ထောင့်မှန်စတုဂံမဟုတ်သည့် ဖုန်းများကို ထုတ်လုပ်သွားဖွယ်ရှိသည်။


-စိုးထက် Internet Journal


0 comments:

Post a Comment