iOS အတွက် "Gmail" App ကို Google က Update အသစ်ထပ်မံ ထုတ်ပေးလိုက်ပါပြီ..





Version 3.1.4159 အဖြစ် ထွက်လာတဲ့ update မှာ အဓိကအားဖြင့် Google ရဲ့
Cloud service ဖြစ်တဲ့ Google Drive နဲ့ Gmail ကို တိုက်ရိုက် ချိပ်ဆက်
အလုပ်လုပ်ဆောင်နိုင်ပြီး အခြားပြောင်းလဲမှု အချို့ကိုလည်း တွေ့ရပါတယ်..




Google Drive လို့ ခေါ်တဲ့ Cloud Storage ကို Gmail ရှိသူတိုင်း မိမိရဲ့ mail password နဲ့ပဲ ဝင်ရောက် အသုံးပြုနိုင်ပါတယ်။


Gmail SignUp လုပ်လိုက်တာနဲ့ Cloud Storage 15GB Free ရရှိပြီးသား ဖြစ်လို့
Google Drive ထဲမှာ မိမိရဲ့ Files, Photos စတာတွေကို သိမ်းထားနိုင်ပါတယ်။
လိုအပ်ရင်တော့ Cloud Storage ကို ထပ်မံ ဝယ်ယူနိုင်ပါတယ်။



ယခု update လုပ်ပေးလိုက်တဲ့ Gmail မှာ Drive ထဲမှာ သိမ်းထားတဲ့ Photos,
Documents တွေကို တိုက်ရိုက် ပေးပို့နိုင်သလို မိမိထံရောက်လာတဲ့ စာနဲ့အတူ
တွဲလာတဲ့ Attachment files တွေကိုလည်း Drive ထဲကို တိုက်ရိုက်
သိမ်းနိုင်ပါတယ်။ ဒီနည်းလမ်းကြောင့် iDevice တွေရဲ့ Storage ကို
သက်သာစေပါတယ်။







Gmail App မှာ မိမိရဲ့ Profile ပုံကို စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။ အခြား
Gmail account များကိုလည်း Hide လုပ်ထားနိုင်ပြီး လိုအပ်တဲ့အခါမှာ ပြန်လည်
ပြသထားနိုင်ပါတယ်။







Gmail App ကို App Store မှာ Free Download ရယူ Update လုပ်နိုင်ပါပြီ.. 
 
ref: မိုးသိကြား
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++




++++++++++++++++++++++++++++++++++++++++++++++++++++
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment