သေချာပါတယ်။ အကြမ်းခံမူမှာတော့ တစ်ခြားတံဆိပ်ဖုန်းတွေဟာ Panasonic ရဲ့ ToughPad ကို သိပ်မ ယှဉ်နိင်လောက်ပါဘူး။ ၁၀ ပေ မမြင့်ကနေ ကွန်ကရစ် အမာတွေပေါ်ကို ပစ်ချခံခြင်း၊ IP68 နှုန်းဖြင့် ၅ပေ အနက်ရှိတဲ့ ရေအောက်ထဲမှာ မိနစ် (၃၀) ခန့် နှစ်မြုပ်နိင်ခြင်း၊ စတဲ့ အချက်တွေဟာ ထို ဖုန်းကို တစ်မူ ထူးခြားစေရန် ပံ့ပိုးပေးတဲ့ အကြောင်းအရာ တစ်ရပ် ဖြစ်လျက်ရှိပါတယ်။ ၅ လက်မ အရွယ်ရှိ တပ်ပလပ် ဖြစ်တဲ့ ToughPad ဟာ ဖုန်းတာဝန်များကိုပါ ယူပေးနိင်ပြီး လက်နဲ့ ကိုင်ဆောင်ဖို့အတွက် ၁.၂ လက်မ အထူရှိပါတယ်။ အသုံးဝင်မူကတော့ မုန်တိုင်းတွေဖြစ်နေတဲ့ အချိန် ပြေးလွှားမူတွေမှာ အကြမ်းခံနိင်ပြီး စက်ရုံလုပ်ငန်း၊ ဟိုင်းဝေးနဲ့ စစ်ပွဲတွေမှာ အခါအားလျော်စွာ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။ ထို ToughPad ဟာ Android 4.2.2 "Jelly Bean ဖြင့် အသုံးပြုနိင်တဲ့ FZ-X1 မော်ဒယ်၊ နဲ့ ၀င်းဒိုး 8.1 သုံးထားတဲ့ FZ-E1 ဆိုပြီး (၂) မျိုး လာတာ ဖြစ်ပါတယ်။
လက်အိတ်တွေနဲ့ပါ မျက်နှာပြင်ပေါ်မှာ အလွယ်တကူ ထိတွေ့သုံးနိင်စေဖို့ စီစဉ်မူတွေပါရှိပြီး နောက်အ ကြီးမားဆုံး ကောင်းမွန်မူတစ်ခုကတော့ အနည်းဆုံး ၁၄နာရီ ရှိမဲ့ 6,200 mAh ဘတ္တရီ ဖြစ်ပါတယ်။ ဒီအတွက် ကိုင်ဆောင်သူဟာ အချိန်ကြာကြာ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။
ဝင်းဒိုးမော်ဒယ်လ်အတွက်ကတော့ 2.3GHz Qualcomm Snapdragon 800 chip ကိုသုံးထားကာ Android အတွက်ကတော့ 1.7GHz Snapdragon 600 model ကိုသုံးထားပါတယ်။ ဈေးကတော့ 4G LTE Mood နဲ့ဆို ဒေါ်လာ ၁၇၉၉ ဖြစ်ပါတယ်။
Smart Pro Journal
0 comments:
Post a Comment