ဒီပို့စ်လေးကတော့
Ubuntu OS မှာ ဇော်ဂျီဖောင့်သွင်းနည်းလေးကို
ဖော်ပြပေးထားပါတယ်။ ပြုလုပ်နည်း တွေကိုလည်း
တဆင့်ချင်းရှင်းပြထားလို့
အဆင်ပြေမယ်လို့ထင်ပါတယ်။ပထမဦးဆုံး
terminal ကိုအရင်ဖွင့်ရပါမယ်။
Alt + F2 ကီးကိုနှိပ်ပါ။ ပြီးရင် gnome-terminal လို့ရိုက်ထည့်ပြီး
Enter
သာနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ terminal ပွင့်လာပါမယ်။ဒါဆိုရင်တော့
ဇော်ဂျီဖောင့် installation ပြုလုပ်ဖို့ အသင့်ဖြစ်ပါပြီ။ terminal ကိုဖွင့်လိုက်ရင်
အရင်ဆုံးတွေ့ရ မှာကတော့ သင့်စက်ရဲ့ username ကိုပါ။
သင့်စက်ရဲ့ username နေရောကနေ ဆော့ဝဲလ်ကိုသွင်းလို့မရပါ
ဘူး။ ဘာကြောင့်လဲဆိုတော့
username ဟာ Administrator လိုမျိုး permission (လုပ်ပိုင်ခွင့်)
အပြည့်အဝ
မရလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေက ဆော့ဝဲလ်တခုခုကို သွင်းတော့မယ်ဆိုရင်တော့
Microsoft Windows user account တွေမှာ Administrator account တွေလိုမျိုး
Linux
OS တွေမှာလဲ root ဆိုပြီး ရှိပါတယ်။
Root ဟာ Administrator account
တွေလိုမျိုး permission
အပြည့်အ၀ရှိပါတယ်။အောက်ကပုံထဲမှာတော့
bodyguard@bodyguard ဆိုပြီး ရှိနေပါတယ်။ ဒါဟာ username ပဲဖြစ်ပါတယ်။
permission အပြည့်အ၀မရှိသေးတဲ့
username လို့လည်းဆိုနိုင်ပါတယ်။
ဒါကြောင့်
ကျွန်တော်က permission အပြည့်အ၀ရှိတဲ့
root ထဲကိုသွားဖို့အတွက် command
က sudo su ရေးပြီး Enter
သာနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ root@bodyguard ဆိုပြီး ပြောင်းသွားတာတွေ့ရပါမယ်။root
password ပေးဖို့အတွက် sudo passwd လို့ရိုက်ပြီး
enter နှိပ်ပါ။ နှိပ်ပြီးရင်တော့ “Enter new UNIX password”
ဆိုပြီးပြနေပါတယ် ဒါကတော့
သင်နောက်တစ်ကြိမ်တွေမှာ root ထဲဝင်ရင် ထည့်ပေးရမယ့် password ပါ။
သေချာမှတ်ထားဖိုကတော့လိုအပ်ပါတယ်။ သင် မှတ်မိလွယ်မယ့် password သာရိုက်ထည့်လိုက်ပါ။
နောက်တစ်ကြောင်းမှာလဲ password တူအောင်ရိုက်ထည့်လိုက်ရုံပါပဲ။
ပြီးရင်တော့
ကျွန်တော်တို့ zawgyi font install လုပ်ဖို့
အတွက် ဆက်ပြီးလုပ်ရပါ
တော့မယ်။ Ubuntu OS အတွက် zawgyi font ကို အင်တာနက်ကနေ ဒေါင်းလော့
လုပ်ရပါမယ်..
ဒေါင်းလော့လုပ်ပြီးရင်တော့
Desktop မှာပဲ ထားလိုက်ပါ။ ပြီးရင်တော့ install လုပ်ဖို့
ဆက်သွားပါမယ်။ကျွန်တော်တို့က
ဒေါင်းလော့လုပ်ထားတဲ့ ဖိုင်ကို Desktop မှာ
ထားတဲ့အတွက် လမ်းကြောင်းလုပ်ပေးရပါမယ်။Command ကတော့
cd /home/bodyguard(username)/Desktop လို့ရိုက်ထည့်ပြီး Enter သာနှိပ်လိုက်ပါ။
Window OS တွေမှာလိုပါပဲ။ အခုဆိုရင်တော့ အောက်ကပုံမှာကြည့်လိုက်ပါ။
သင်ရောက်ရှိနေတာ
Desktop ကိုရောက်ရှိနေပြီဆိုပြီးပြနေပါမယ်။
ပြီးရင်တော့
ls –l ဆိုတဲ့ command လေးရိုက်ပြီး enter နှိပ်လိုက်ပါ။ ဒါကတော့
Desktop မှာ ဘာဖိုင်တွေရှိလဲ
ဆိုပြီး ကြည့်တာပါ။ ကျွန်တော့်တို့ ထားခဲ့တဲ့
Zawgyi ဖောင့်ဖိုင်လေး ရှိနေတာကိုတွေ့ရပါမယ်။
ပြီးရင်တော့ Window တွေမှာလိုပဲ
Rar နဲ့ချုံ့ထားတာနဲ့ ဆင်တူနေတဲ့အတွက် ကျွန်တော်တို့
Desktop မှာ folder အဖြစ်
ပြန်ဖြည်ချပါမယ်။ Command ကတော့ tar xzf zawgyi
_Keyboard-0.3.3.tar.gz ဆိုပြီးရိုက်ထည့်လိုက်ပါ။ အောက်မှာပုံ လေးနဲ့တွဲပြီးပြထားပါတယ်။
ပြီးရင်တော့
သင့်စက်ရဲ့ Desktop ကိုကြည့်လိုက်ပါ ။ zawgyi ဆိုတဲ့ နာမည်နဲ့
folder တခုရှိနေတာကို
သတိထားမိမှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ cd zawgyi
လို့ရိုက်ပြီး enter ထပ်နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ Desktop မှာရှိတဲ့ zawgyi နာမည်နဲ့
folder ထဲကိုရောက်သွားပါမယ်။ ပြီးရင်တော့
ls –l လို့ရိုက်ပြီး folder ထဲမှာ ဘာဖိုင်
တွေရှိလဲ ကြည့်ရအောင်။ ပြီးရင်တော့ sudo
python zawgyi_keyboard.py
လို့ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းဖြစ်ရပါမယ်...
ပြီးရင်တော့
password လာပြီးတောင်းပါမယ်။ password ရိုက်ထည့်လိုက်ပါ။
ကျွန်တော်တို့က install လုပ်မှာဆိုတော့
i လေးကိုထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် installation ပြုလုပ်နေပါမယ်။ အောက်ကပုံလေးအတိုင်း
ဖြစ်ရပါမယ်။
ပြီးရင်တော့
exit (q) လေးကိုနှိပ်ပြီး ထွက်လိုက်ပါမယ်။ သင့်ရဲ့ လုပ်ဆောင်မှု
အောင်မြင်တယ်ဆိုရင်တော့
အောက်က ပုံလေးအတိုင်းတွေ့ရပါမယ်။ exit
လို့ရိုက်ထည့်ပြီး terminal ကို ပိတ်လိုက်ပါမယ်။
ပြီးရင်တော့
ဘယ်ဘက်ခြမ်းမှာရှိနေတဲ့ system setting ကိုနှိပ်လိုက်ပါ။
ပြီးရင်တော့ keyboard ကိုထပ်နှိပ်ပါ
မယ်။ ကျွန်တော်ရေးပေးထားတဲ့
အဆင့်အတိုင်း ဆက်ပြီးသွားပါမယ်။
Desktop
>> system setting >> keyboard >> Layout Setting >>
Change Keyboard Layout >> Left Ctrl+Left Shift ကိုရွေးပေးပါမယ်။
ဒါဆိုရင်တော့
သင့်ရဲ့ လုပ်ဆောင်မှုပြီးမြောက်ပါပြီ။
Credit : http://myanmaronlinelearning.blogspot.com
0 comments:
Post a Comment