Samsung Galaxy Alpha ကို သြဂုတ်လ လေးရက်နေ့တွင် ကြေညာမည်


Samsung Galaxy Alpha ကို သြဂုတ်လ လေးရက်နေ့တွင် ကြေညာမည်ဟု သတင်းထွက်ပေါ်နေပါသည်။ Samsung က အဆိုပါ Android ဖုန်းတွင် ပထမဆုံးအနေဖြင့် သတ္တုကိုယ်ထည်ကို အသုံးပြုမည် ဖြစ်သည်။

Samsung မှ ထွက်ပေါ်လာသော သတင်းများအရ Galaxy Alpha တွင် 720p Display တပ်ဆင်ထားသည်ဟု အတည်ပြုထားပါသည်။ အခြားထွက်ပေါ်နေသော သတင်းများအရ ၄.၇ သို့မဟုတ် ၄.၈ အရွယ် ထိတွေ့မျက်နှာပြင်ပါရှိပါသည်။ Galaxy Alpha သည် အရွယ်တူ
iPhone 6 ကို ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။
Galaxy Alpha တွင် Galaxy S5 ကဲ့သို့ Fingerprint Scanner နှင့် နှလုံးခုန်နှုန်းကို တိုင်းတာပေးသည့် Sensor ပါရှိမည် ဖြစ်သည်။ 32GB Internal Storage ပါရှိသော်လည်း MicroSD Card အသုံးပြုနိုင်မည်မဟုတ်ဟု သိရပါသည်။ LTE ကို အသုံးပြုနိုင်သော Samsung ၏ Exynos Chipset ပါရှိမည် ဖြစ်သည်။

ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ Galaxy S5 Alpha ဟု ခေါ်ဆိုမည် ဖြစ်သော်လည်း Samsung ၏ စာရွက်စာတမ်းများအရ Galaxy Alpha ဟု အတည်ပြုထားပါသည်။

Galaxy Alpha ကို Galaxy Note 4 မတိုင်ခင် ကြေညာမည် ဖြစ်သည်။

Ref:  Digital Life Journal


0 comments:

Post a Comment