Ubuntu OS Terminal ထဲတွင် စာရင်းဇယား ရေးဆွဲခြင်း

Ubuntu OS အသုံးပြုတဲ့သူတွေ အတွက် Terminal ထဲကနေ စာရင်းဇယား ရေးဆွဲခြင်းကို ပြုလုပ်လို တယ် ဆိုရင် Spreadsheet Calculator ဆိုတာကို ထည့်သွင်း ပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Open Office တို့၊ LibreOffice တို့လိုမျိုးပဲ စာရင်းဇယားတွေများစွာ ရှိပေမယ့် Terminal ထဲကနေပဲအ လုပ် လုပ်ချင်သူတွေ အတွက် အောက်ဖော်ပြပါ Spreadsheet Calculator ဆိုတာကိုထည့်သွင်းပြီး အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ Spread sheet Calculator ထည့်သွင်းမယ်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Packageတွေ ကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl+Alt+T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှ sudo apt-get update ဆိုတဲ့ Command နဲ့အရင် Package တွေကို Update ပြု လုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Spreadsheet Calculator ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်းစီ ရိုက်ထည့်ရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-sudo apt-get installျခဆိုတဲ့ Command ပဲဖြစ်ပါတယ်။ ဒီ Command ကို ရိုက်ထည့် ပြီးသွားပြီဆိုရင် Spreadsheet Calculator အတွက် လိုအပ်တဲ့ Package တွေကို တစ်ခါတည်း Download ပြုလုပ်ပြီး ထည့်သွင်း ပေး သွားမှာ ဖြစ်ပါတယ်။ ဒီ Spreadsheet Calculator ကိုအသုံးပြုဖို့ အတွက် "sc" ဆိုတဲ့ Command ကို ရိုက်ထည့်ပေးလိုက်ရင် Spreadsheet ကို Terminal မှာ စတင် အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။


သီဟ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃)


0 comments:

Post a Comment