အရွက်ရောက်ပြီး အင်တာနက်သုံးစွဲသူ ထက်ဝက်ခန့်သည် အွန်လိုင်းတွင် နှောင့်ယှက်မှုများနှင့် ကြုံတွေ့ဖူးသူများ ဖြစ်ဟုဆို



အင်တာနက်သုံးစွဲနေသည့် အရွယ်ရောက်ရှိသူ ၇၃ ရာခိုင်နှုန်းခန့်သည် အွန်လိုင်းတွင် တစ်စုံတယောက်ကို နှောင့်ယှက်နေသည့် ဖြစ်စဉ်များကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့အနက်မှ ၄၀ ရာခိုင်နှုန်းသည် နှောင့်ယှက်မှုများစွာ ကိုယ်တိုင် ကြုံတွေ့နေရကြောင်း Pew သုတေသနစင်တာမှ ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ဖော်ပြခဲ့သည်။


အဆိုပါ နှောင့်ယှက်မှုများတွင် လူမှုရေးမီဒီယာနှင့် ဝက်ဘ်ဆိုက်များ၌ စော်ကားသည့် နာမည်များ ခေါ်ဆိုခံရခြင်းအပြင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းနှင့် အွန်လိုင်းတွင် ခြေရာခံနှောင့်ယှက်ခံနေရခြင်းတို့ ပါဝင်သည်။ ယခုစစ်တမ်းသည် အသက် ၁၈ နှစ်မှ ၅၀ ကျော်အတွင်းရှိ အရွယ်ရောက်ပြီးသူ ၂,၈၄၉ ဦးထံမှ အွန်လိုင်း၌ နှောင့်ယှက်ခံရသည့် လူများ၏ အတွေ့အကြုံများကို တိုင်းတာရန် ကောက်ယူခဲ့ခြင်း ဖြစ်သည်။


စစ်တမ်းအတွင်းရှိ တွေ့ရှိချက်များအရ အထက်ပါ အရွယ်အတွင်းရှိ အမျိုးသမီးများသည် ဆိုးရွားသော အွန်လိုင်း နှောင့်ယှက်မှုများကို အမြင့်မားဆုံး ကြုံတွေနေရပြီး အမျိုးသမီးလေးဦးအနက် တစ်ဦးသည် အွန်လိုင်းတွင် ခြေရာခံနှောင့်ယှက်ခံရခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံခြင်းတို့ဖြင့် တွေ့ကြုံခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ၎င်းစစ်တမ်းတွင် အမျိုးသား သို့မဟုတ် အမျိုးသမီးများကို ပိုမိုကြိုဆိုသည့် ဆိုက်များနှင့် လိင်မခွဲခြားဘဲ ညီမျှစွာ ကြိုဆိုသည့်ဆိုက်များကို သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့ စစ်တမ်း ကောက်ယူရာ၌ အွန်လိုင်းတွင် ချိန်းတွေ့သည့် ဆိုက်နှင့် app များ၊ လူမှုရေးဝန်ဆောင်မှုများ၊ အင်တာနက် မှတ်ချက်ကဏ္ဍနှင့် ဖိုရမ်ဆိုက်များသည် အမျိုးသားနှင့် အမျိုးသမီးများကို အသုံးပြုရန် ဖိတ်ခေါ်လေ့ရှိကြောင်း သိရသည်။ ၎င်းမေးခွန်းကို ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းခန့်ကမူ အွန်လိုင်း ဂိမ်းဝက်ဘ်ဆိုက်များသည် အမျိုးသားများကို ပိုမိုသုံးစွဲကြရန် ဖိတ်ခေါ်လေ့ရှိကြောင်း ဖြေကြားခဲ့သည်။


Ref: CNET


0 comments:

Post a Comment