ပိုက်ဆံအိတ်ပုံစံ ဒီဇိုင်းဖြင့် ဒေါ်လာ ၂ သိန်းခွဲတန်ဖိုးရှိ Savelli Android ဖုန်းကို Vertu က ထုတ်လုပ်


Vertu ဆိုရင် နာမည်ကျော် ၊ ဈေးကြီးသည့် ဖုန်းတွေကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဆိုတာ အတော်များများ သိပြီးသား ဖြစ်မှာပါ။ ယခုလဲ ဒေါ်လာ ၂ သိန်းခွဲလောက် တန်ဖိုးရှိပြီး ပိုက်ဆံအိတ်နှင့် ပုံစံတူလှသည့် Savelli Android ဖုန်းများကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 


အဆိုပါ Savelli ဖုန်းကို ဈေးအလွန်ကြီးမားသည့် ၁၈ ကာရက်ရွှေ ဖြင့် ပြုလုပ်ကာ စိန် ၊ နီလာ ၊ မြ အစရှိသည်တို့ဖြင့် အလှဆင်ထားသည့် ဖုန်းများ ဖြစ်ပါတယ်။


Savelli ဖုန်းကို အားလုံးပေါင်း ၁၁ လုံးတိတိ ထုတ်လုပ်ပြီး အမျိုးအစား သုံးမျိုးခွဲခြား ထားပါတယ်။ ဖုန်းအားလုံးကို နာမည်ကျော် Andorid OS များဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကုမ္ပဏီရဲ့ ၀က်ဆိုက်ဘ်မှာတော့ ဘယ်ဗားရှင်းကို အသုံးပြုထားတယ်လို့တော့ ကြေညာထားခြင်း မရှိပါဘူး။ ဒါပေမယ့် galleries ကို ချိတ်ဆက်တဲ့နေရာမှာတော့ ပုံစံမတူပဲ ကွဲပြားတာကို တွေ့ရပါတယ်။


Savelli ဖုန်းတွေကို ကျောက်မျက်ရတနာကို မြတ်နိုးသူတွေနဲ့ ဇီမ်ခံပစ္စည်းကို ရွှေးချယ် ၀ယ်ယူ တက်သူ အမျိုးသမီးများအတွက် အဓိကထုတ်လုပ်ခြင်း ဖြစ်တယ်လို့ CNN နဲ့ အင်တာဗျူးတစ်ခုမှာ ဂျီနီဗားအခြေစိုက် ကျောက်မျက် ကုမ္ပဏီ၏ စီအီးအို ဖြစ်သူ Alessandro Savelli က ပြောကြား ခဲ့ပါတယ်။


Ref : Pocket-lint

‪#‎YangonMediaGroup‬
 
 

0 comments:

Post a Comment