ကုန်ပစ္စည်းအမျိုးပေါင်း နှစ်သောင်းကျော်ကို အွန်လိုင်းပေါ်မှ ဝယ်ယူနိုင်ရန် စီစဉ်


ရန်ကုန်မြို့ရှိ အရောင်းဆိုင်များမှ ကုန်ပစ္စည်းများကို မြို့ပေါင်း၂၀ ကျော်မှ အွန်လိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် ဝယ်ယူနိုင်ရန်စီစဉ်လျက်ရှိကြောင်း kaymu.com.mm မှသိရသည်။

အဆိုပါပစ္စည်းများကို ရန်ကုန်မြို့အပြင် အခြားမြို့ ၂၃ မြို့သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပစ္စည်း၏ တန်ဖိုးအပေါ် အခကြေးငွေကောက်ယူခြင်း မရှိသေးဘဲ ပို့ဆောင်မှုအတွက်သာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ www.kaymu.com.mm တွင် ဖက်ရှင်နှင့် ပတ်သက်သောပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ အစရှိသည်တို့ကို အွန်လိုင်းမှဝယ်ယူနိုင်မည်ဖြစ်သည်။ ၂၄ နာရီလုံး ဝက်ဘ်ဆိုက်နှင့် Mobile App တို့မှ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဝယ်ယူသူများအနေဖြင့် မိမိတို့လက်ထဲ မှာယူထားသော ပစ္စည်းရောက်ရှိမှသာ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီးနောက် ကြည့်ရှုရန် ပစ္စည်းအမျိုးအစားများတွင် မိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ပစ္စည်းအမျိုးအစားများတွင် အဝတ်အထည်၊ ဖိနပ်များ၊ လက်ပတ်နာရီများ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်နှင့်ဧည့်ခန်းသုံးပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ စာအုပ်များနှင့်မီဒီယာ၊ အားကစားသုံး ပစ္စည်းများ စသည်ဖြင့် နှစ်သက်ရာကို ရွေးချယ်နိုင်ရန် ခွဲခြားထားသည်ကို တွေ့ရသည်။

0 comments:

Post a Comment