ဆက်သွယ်ရေးပစ္စည်း လိုင်စင်သက်တမ်း တစ်နှစ်သတ်မှတ်

ဆက်သွယ်ရေးပစ္စည်းလိုင်စင် လျှောက်ထားနိုင်ပြီး သက်တမ်းတစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။


လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေအရ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-ဂြိုဟ်တုဖုန်းများ)၊ ရေဒါဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ- MF,HF,VHF,UHF လှိုင်းနှုန်းသုံး ဆက်သွယ်ရေးပစ္စည်းများ) အား ဆက်သွယ်ရေးစက်ပစ္စည်း လိုင်စင် ရယူရမည်ဖြစ်ကြောင်း သိရသည်။


ဆက်သွယ်ရေးပစ္စည်းလိုင်စင်အတွက် လျှောက်လွှာကြေး ငါးထောင်ကျပ်ကိုသာ ပေးဆောင်ရမည်ဖြစ်ပြီး ကနဦးလိုင်စင်ခ၊ နှစ်စဉ်ကြေးနှင့်လိုင်စင်သက်တမ်းတိုးမြှင့်ခတို့ ပေးဆောင်ရန်မလိုကြောင်း သိရသည်။


 သို့သော်လည်း လိုင်စင်သက်တမ်းတိုးမြှင့်ရန် ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အချို့ဆောင်ရွက်ချက်များအတွက် ဆက်သွယ်ရေးစက်ပစ္စည်းလိုင်စင် လျှောက်ထားရန် မလိုအပ်ကြောင်း သိရသည်။ ၎င်းတို့မှာ လုပ်ငန်းလိုင်စင်ရရှိသူက မိမိအသုံးပြုရန် ဝယ်ယူရင်းနှီးထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း၊ လုပ်ငန်းလိုင်စင် ရရှိသူထံမှ ရယူထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းတို့ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


လက်ရှိတွင် လိုင်စင်နှင့်ပတ်သက်သော နည်းဥပဒေ ထွက်ရှိခဲ့ပြီးဖြစ်ကာ ဆက်သွယ်ရေးဆိုင်ရာ နည်း ဥပဒေလေးမျိုး ထွက်ရှိရန် ကျန်နေသေးကြောင်း သိရသည်။

 
Internetjournal

0 comments:

Post a Comment