နိုင်ငံတကာ Roaming စနစ် ပြည်ပဆက်သွယ်ရေး အော်ပရေတာပေါင်း ရှစ်ဆယ်ကျော်ဖြင့် ချိတ်ဆက်ထားပြီးဖြစ်ဟု သိရ


နိုင်ငံတကာ Roaming စနစ်တွင် ပြည်ပဆက်သွယ်ရေး အော်ပရေတာပေါင်း ရှစ်ဆယ်ကျော်ဖြင့် ချိတ်ဆက် ထားပြီးဖြစ်ကြောင်း သိရသည်။


၂၀၁၀-၂၀၁၁ ခုနှစ်တွင် ပြည်ပအော်ပရေတာ ၁၄ ဦးဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ပြည်ပဆက်သွယ်ရေး အော်ပရေတာပေါင်း ၈၅ ဦးဖြင့် ချိတ်ဆက်ဆောင်ရွက်ကာ Voice နှင့် SMS ဝန်ဆောင်မှုတို့ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးအရ သိရသည်။


မြန်မာနိုင်ငံသာများ ပြည်ပရောက်လျှင်၊ နိုင်ငံခြားသားများ မြန်မာပြည်တွင်းသို့ရောက်ရှိလျှင် ၎င်းတို့ကိုင်ဆောင် အသုံးပြုနေသော မိုဘိုင်းတယ်လီဖုန်းများဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ရန် International Roaming ကိစ္စများကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


အင်တာနက်အသုံးပြုမှု အနေဖြင့်လည်း ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အင်တာနက် Bandwidth ကို ၃၂ ဒသမ ၃၂ Gbps အထိတိုးချဲ့နိုင်ခဲ့ကြောင်း၊ အဆိုပါလတွင် အင်တာနက်အသုံးပြုသူပေါင်း ၃,၅၃၇,၁၂၃ အထိ တိုးတက်လာကြောင်း ဖော်ပြထားသည်။ အင်တာနက် အသုံးပြုမှုများတွင် မိုဘိုင်းတယ်လီဖုန်း အသုံးပြု၍ အင်တာနက်အသုံးပြုမှုမှာ အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဆိုထားသည်။ အင်တာနက် သုံးစွဲသူဦးရေမှာ ၉၁ ဒသမ ၃၆ ဆမျှ တိုးတက်လာကြောင်း သိရသည်။


Internetjournal

0 comments:

Post a Comment