တရုတ်ဝန်ကြီးချုပ်မှ နေပြည်တော် အ.ထ.က (၁၄) သို့ ကွန်ပျူတာ (၅၅)လုံး လှူဒါန်းပြီး အထက်တန်း ပညာသင်ဆုနှစ်ဦး ခေါ်ယူရန် ကတိပေး


အာဆီယံထိပ်သီးနိုင်ငံ အစည်းအဝေးသို့ တက်ရောက်လာသော တရုတ်ဝန်ကြီးချူပ် မစ္စတာလီခချန်းက နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းသို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ကွန်ပျူတာ ၅၅ လုံး လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံသို့  အထက်တန်း ပညာသင်ဆု လာရောက် သင်ယူရန် အဆိုပါ အထက ၁၄ မှ ကျောင်းသား/ကျောင်းသူ နှစ်ဦးအား ခေါ်ယူသွားမည်ဟု ကတိကဝတ် ပြုခဲ့သည်။


တရုတ်ဝန်ကြီးချုပ် အနေဖြင့် အဆိုပါကျောင်းသို့ LENOVO အမှတ်တံဆိပ်  Laptop ကွန်ပျူ တာ ၅ လုံး နှင့် Desktop ကွန်ပျူတာ အစုံ ၅၀ စုံ စုစုပေါင်း (၅၅) လုံးအား  တရုတ်-မြန်မာ ချစ်ကြည်ရေး သံရုံးအဖွဲ့၏ အကူအညီဖြင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန်း ကိုယ်တိုင် တက်ရောက်လာပြီး ကျောင်း သား/ကျောင်းသူ များဖြင့်ပါ တွေ့ဆုံစကား ပြောကြားစဉ် ယင်းကငယ်စဉ်က အခက်အခဲများကို ကျော်ဖြတ်ရာမှ ယခုအဆင့် အထိ ရောက်ရှိခဲ့မှု ကြိုးစားအားထုတ်မှုများကို ပြောကြားခဲ့သည်ဟု သိရသည်။


ထို့အပြင် တရုတ်နိုင်ငံသို့ အထက်တန်းကျောင်းသား/ကျောင်း သူများကို ပညာသင်စေလွှတ်ရာတွင် အ.ထ.က (၁၄) မှ ကျောင်း သား/ကျောင်းသူနှစ်ဦးခန့်ကိုပါ ထည့်သွင်း ခေါ်ယူသွားမည် ဖြစ် ကြောင်း ကတိပေးသွားသည်။ အဆိုပါ အထက်တန်းကျောင်း၌ ယခုပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၁၅၅၁ ဦးရှိပြီး ဆရာ/ဆရာမ ၄၁ ဦးရှိကာ ယခင်က ကွန်ပျူတာသင်ကြားမှုကို ကွန်ပျုတာ အနည်းငယ်ဖြင့် စာတွေ့သာ သင်ကြားနိုင်ခဲ့သော်လည်း ယခုအခါတွင် လက်တွေ့ သင်ကြားနိုင်တော့ မည် ဖြစ်ကြောင်း သိရသည်။

Internetjournal

0 comments:

Post a Comment