Multiaccount အသုံးပြုလို့ရတဲ့ Official Facebook for Android Version 22.0.0.15.13



အားလုံးကစောင့်မျှော်နေကြတဲ့ Multiaccount အသုံးပြုလို့ရတဲ့ Official Facebook for Android Version 22.0.0.15.13 လာပါပြီ..

Multiaccount အသုံးပြုလို့ ရလာအောင်လုပ်နည်းကတော့တဆင့်ချင်းလုပ်ပေးပါ...
အရင်ဆုံးအခုပေးထားတဲ့ Latest official facebook ကိုမိမိဖုန်းမှာ install လုပ်ပေးပါ...ပြီးလျင် မိမိသုံးနေကျအကောင့်ကိုဖွင့်ပါက New! Log In Faster ဆိုတဲ့စာလေးနဲ့ နောက်တကြိမ် log in ၀င်တဲ့အခါ Multiaccount ကိုအသုံးပြုလို့ရပြီဖြစ်ကြောင်းစာလေးတွေ့ပါမယ်...ဖွင့်လက်စအကောင့်ကို ပြန်ပြီး Log out လုပ်ပေးပါကမိမိသုံးဖွင့်ထားတဲ့အကောင့်ရဲ့ Profile pic လေးကိုတွေ့မည်ဖြစ်ပြီး အောက်ဆုံးနားမှာတော့ Log in setting & log into another account ဆိုပြီး ၂ခုတွေ့ပါမယ်...
 
Log in setting ဆိုတာကတော့ Multiaccount သုံးတဲ့အခါမှာမိမိရဲ့အကောင့်တွေကို သူများတွေအလွယ်တကူဖွင့်လို့မရအောင် passcodeခံထားပေးနိုင်တဲ့setting ပါ...
 
Log into another account ကတော့ မိမိရဲ့အခြား facebook account တွေကိုဖွင့်ဖို့ပါ...ဒုတိယfacebook accountအပိုရှိတဲ့သူတွေကတော့ Log into another accountကိုဝင်ပါ...ပြီးလျင် log out ပြန်လုပ်ပေးပါ...အခုချိန်ထိမိမိရဲ့facebook မှာ မိမိသုံးနေကျ fb acc တခုပဲမြင်နေရတုန်းပဲဖြစ်နေပါလိမ့်မယ်...ပြီးရင်မိမိရဲ့ဒုတိယအကောင့်ကို log into another accountကနေထပ်ဝင်ပေးပါ...အိုကေ..ပြီးလျင်နောက်တကြိမ် log outပြန်လုပ်ပေးလိုက်ပါက မိမိရဲ့သုံးနေကျအကောင့်နှင့် မိမိရဲ့ဒုတိယအကောင့်တွေရဲ့ profile picလေး၂ပုံကိုတွေ့မြင်ရမည်ဖြစ်ပါတယ်...မိမိသုံးချင်တဲ့အကောင့်ရဲ့ profile picလေးကိုနှိပ်ပြီးအလွယ်တကူအသုံးပြုနိုင်ပါပြီ...အကောင့်၂ခုစလုံးကိုလည်း log in setting ကနေမိမိစိတ်ကြိုက် passcode ခံပေးထားနိုင်ပါတယ်...

***အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ***

Multiaccount Latest official Facebook for Android. V-22.0.0.15.13 
 
Credit
to
Aungbobolwin(MMAS)

0 comments:

Post a Comment