YouTube သည် ကလေးများအတွက် YouTube Kids ဟုခေါ်သော app အသစ်ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဖြန့်ချိရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ app ကို YouTube က Android ထုတ်ကုန်များအတွက် အခမဲ့ ဖြန့်ချိမည် ဖြစ်သည်။
၎င်း app တွင် YouTube ၏ ဝန်ဆောင်မှုနှင့်
feature များကို homescreen တစ်ခုတွင် tile ၈ ခုဖြင့်
သီးခြားဖော်ပြထားပြီး ကလေးများ အနေဖြင့် တီဗီရှိုးများနှင့် အခြား
နာမည်ကျော် အကြံပြု အစီအစဉ်များကို ရွေးချယ်နိုင်မည် ဖြစ်သည်။
ထို့အပြင် ကလေးများသည် keyword
များရိုက်ထည့်ကာ ပုံမှန် ရှာဖွေမှုများ ပြုလုပ်နိုင်သလို အသံဖြင့်လည်း
ရှာဖွေမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ၎င်း app တွင် sex ကဲ့သို့
မသင့်လျော်သည့် အသုံးအနှုန်းများဖြင့် ရှာဖွေမှုများအား ပြုလုပ်နိုင်မည်
မဟုတ်ပေ။
Wall Street Journal ကမူ YouTube app
အသစ်ကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပပြုလုပ်မည့် Kidscreen summit ၌
မိတ်ဆက်ကြေညာဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
http://internetjournal.media/new/1719
0 comments:
Post a Comment