လစဉ်ငွေပေး ဝန်ဆောင်မှုစနစ် (Postpaid) ကို Telenor Myanmar မှ
မိတ်ဆက်ခဲ့ပြီး အဆိုပါဖုန်းများအား ပြည်ပသို့ယူဆောင်
အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အ
ဆိုပါ ဝန်ဆောင်မှုကို မကြာမီ အသုံးပြုနိုင်မည်ဖြစ်သည် ဟု
Telenor Myanmar မှ ပြာကြားထားသည်။ Telenor ဆင်းမ်ကတ်အား
ခရီးမသွားခင် Call Center ၉၇၉ သို့ ခေါ်ဆိုမေးမြန်းနိုင် မည်ပြီး
လက်ရှိတွင် အဆိုပါစနစ်ကို ပြည်တွင်း၌သာ အသုံးပြု၍ရသေးကြောင်း
သိရသည်။
Roaming
ပြုလုပ်စဉ် ချောမွေ့မှုရှိစေရန် အဝင်ဖုန်းလက်ခံမှုနှင့် SMS၊
အင်တာနက်အသုံးပြုရန် လုံလောက်သည့် ငွေပမာဏ ဖြည့်သွင်းထားရန်
လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လစဉ်ငွေပေး ဝန်ဆောင်မှုစနစ်
(Postpaid) သုံး ဖုန်းများကို ပြည်ပနိုင်ငံသို့
ယူဆောင်အသုံးပြုမည်ဆိုပါက ယူဆောင်သွားနိုင်မည့် နိုင်ငံများကို
Telenor Myanmar ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အ
ဆိုပါစနစ်ကို အသုံးပြုနိုင်ရန်အတွက် Telenor မှ ပေးထားသော
ဖောင်ပုံစံကိုဖြည့်ပြီး သတ်မှတ်ထားသော စရံငွေ
ပေးဆောင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် (သို့မဟုတ်) ကားမောင်းလိုင်
စင်၊ ကျောင်းသားကတ်၊ ရပ်ကွက်ထောက်ခံစာ တစ်ခုခု
ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
http://internetjournal.media/new/1725
0 comments:
Post a Comment