Android Lollipop 5.0 တွင် On-Body Unlock လုပ်ဆောင်ချက် ပါဝင်လာ


Android သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းထုတ်ကုန်များကို တစ်ကြိမ် unlock ပြုလုပ်ပြီးနောက် နောက်ထပ်တစ်ကြိမ် PIN နံပါတ်ကို ထပ်မံနှိပ်ကာ unlock ပြုလုပ်စရာ မလိုအပ်သော လုပ်ဆောင်ချက်ကို Android 5.0 နှင့်အထက် Operating system များတွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ feature ကို On-Body Unlock ဟုခေါ်ဆိုပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Google ၏ Trusted Places, Trusted Decvices နှင့် Trusted Face feature များကဲ့သို့ ၎င်းလုပ်ဆောင်ချက်သည်လည်း ထုတ်ကုန်များ၏ လုံခြုံရေးအားနည်းချက်များ ဖြစ်လာနိုင်ကြောင်း The Verge မှဖော်ပြခဲ့သည်။


Android Lollipop OS အသစ်တွင် မိတ်ဆက်ခဲ့သော trust feature တွင် On-Body Unlock feature ကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။ Google သည် ထုတ်ကုန်များတွင် လက်ဗွေဖတ်သည့် နည်းပညာ hardware များ ထည့်သွင်းခြင်းထက် အချက်အချာကျသော software ဖန်တီးခဲ့ခြင်း ဖြစ်သည်။ 


ထို့အပြင် On-Body feature သည် ထုတ်ကုန်တွင် PIN နံပါတ်များကို ပြုလုပ်ရန်မလိုအပ်ဘဲ တစ်စုံတစ်ယောက်ထံသို့ ဖုန်းရောက်ရှိသွားသည့်အခါတွင် lock ဖြစ်သွားမည် ဖြစ်သည်။
၎င်း feature သည် ထုတ်ကုန်များ၏ လုံခြုံရေးအဆင့်ကို မြှင့်တင်ပေးမည် ဖြစ်သလို passcode များကဲ့သို့ လုံခြုံရေး feature များကို အသုံးမပြုသူများအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။


Ref: TechCrunch


http://internetjournal.media/news/2105

0 comments:

Post a Comment