ဒသန ဆန်ဆန်နေထိုင်နေသူများအဖို့ အားဆေးတစ်ခွက်...


Image result for Success image







ကျွန်တော်ဟာ လူသားအားလုံးကို တတ်တတ်ကြွကြွနဲ့ ဘ၀ကို တိုးတတ်စေချင်တဲ့ အတွက် ကြောင့် ကျွန်တော့်၏ မြင်ဆရာ၊ကြားဆရာ ဆရာ့သန်းထိုက်(ရွှေရိပ်)်ရေးသားထားသော ဒသန ဆန်ဆန်စကားလေးများအား ကူးယူပြီး မိတ်ဆွေအပေါင်းတို့ မောပန်းနေကြသော ဘ၀အမောများနှင့် အောင်မြင်လိုစိတ်များအား ကျွန်တော်ရဲ့ ယခုပို့စ်လေးနဲ့ အားပေးပါရစေ..




လူလုပ်ရတဲ့ ကံ
----------------------------
မြတ်စွာဘုရားကဟောခဲ့ပါတယ်။ ကံဆိုတာအလုပ်တဲ့။ ကိုယ်လုပ်တဲ့အပေါ်မှသာ ကံဆိုတာ ဖြစ်လာတာပါ။ ဓာတ်ခဲတစ်လုံး ကောင်းမကောင်းကို မီတာနဲ့တိုင်းရင်မြင်နိုင်ပါတယ်။
ဒါပေမယ့် ကံကောင်းဆိုးကို တိုင်းတာပေးတဲ့ မီတာမရှိတာကိုက သတိပြုစရာပါ။
ဒါကြောင့် သန်းထိုက်ဘ၀မှာ တစ်ခါမှ ကံကိုအပြစ်ပုံမချပါ။
ကားမောင်းမကျွမ်းကျင်၇င် ကားတိုက်မှာပဲ
စစ်သားတွေ ဒီနေ့ကံမကောင်းဘူးကွာဆိုပြီး စစ်တိုက်မထွက်လို့မရဘူး
နမော်နမဲ့နိုင်ရင်လည်း သံလေးသေးသေးလေးဆူးပြီး သေတဲ့မသာတွေမနည်းပါ။
မိမိက မကြိုးစားလို့ စာမေးပွဲ အမှတ်နည်းတဲ့အခါ ကံမကောင်းဘူးကွာ တဲ့။
သူများတွေ အောင်မြင်နေတာကို ဘေးကကြည့်ပြီး ကံကောင်းလိုက်တာ တဲ့။
ဒါပေမယ့် ဘ၀မှာ အခက်အခဲနည်းပါးတဲ့သူ
ဘ၀မှာ ငွေကြေးဥစ္စာ အဆင့်ဆင့်ပြည့်စုံခဲ့သူ ဒီလိုမျိုးတွေကိုတော့ ကံကောင်းတယ်လို့ပြောချင် ပြောလိုက်ပါ။
ရင်ထဲပေါ့သွားတာပေါ့။
နောက်ဆုံးပြောချင်တာက သူများတွေရဲ့ကံတွေကို လိုက်ကြည့်ပြီး ကောင်း/မကောင်း ပြောနေ သုံးသပ်နေမယ့်အတူတူ လက်ရှိဘ၀နဲ့ အခြေအနေတွေအရ အောင်မြင်အောင်လုပ်ယူလိုက်ချင်းဟာ ပိုပြီး ကံကောင်းတဲ့သူဖြစ်လိမ့်မယ်လေ။


=====================================



Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆို(Gဆို G လို့ရေးပေးပါ :D) ပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

Welcome From My Facebook Group


Welcome From My Facebook Page


Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P


ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

0 comments:

Post a Comment