မြန်မာမှုပြုထားသော Line Application စတစ်ကာများအား သူငယ်ချင်းများဖိတ်ခေါ်စရာမလိုဘဲ အသုံးပြုနိုင်ရန် စီစဉ်


မြန်မာမှုပြုထားသော Line Application စတစ်ကာများအား သူငယ်ချင်းများ ဖိတ်ခေါ်စရာမလိုဘဲ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း Line Myanmar မှ အထွေထွေ မန်နေဂျာက ပြောကြား သည်။
လက်ရှိတွင် မြန်မာမှုပြုထားသော Line စတစ်ကာများအား အသုံးပြုနိုင်ရန် သူငယ်ချင်းသုံးယောက် ဖိတ်ခေါ်ရမည်ဖြစ်သည်။


“လက်ရှိ Line Application တွေကို App Store နဲ့ ဖုန်းအရောင်းဆိုင်တွေမှာ ရယူနိုင်မှာဖြစ်ပါတယ်၊ သူငယ်ချင်းတွေ ဖိတ်ခေါ်စရာမလိုဘဲ ဒေသတွင်းစတစ်ကာတွေ ရယူနိုင်အောင် ဆောင်ရွက် လျက် ရှိပါတယ်” ဟု ပြောသည်။


Line မှာ မက်ဆေ့ခ်ျများပေးပို့ခြင်း၊ Voice Call, Video Call နှင့် Group Chat များအသုံးပြုခြင်းကို ပြည်တွင်းပြည်ပ အခမဲ့ချိတ်ဆက် ဆောင်ရွက်နိုင်သည့် Application တစ်ခုဖြစ်သည်။ စမတ်ဖုန်းအမျိုး အစားများအပြင် ကွန်ပျူတာများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။


၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး Group Chat ကို လူဦးရေ ၂၀၀ အထိ ပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ Line ကို လစဉ်ပုံမှန် အသုံးပြုသူပေါင်း ၁၈၁ သန်းရှိကြောင်း၊ အများဆုံး အသုံးပြုနေသည့် နိုင်ငံများမှာ ဂျပန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံသုံးနိုင်ငံတို့မှ သုံးစွဲသူပေါင်း ၉၂ သန်းနီးပါးရှိကြောင်း သိရသည်။ စတစ်ကာပေါင်း တစ်သောင်းဝန်းကျင်ရှိပြီး ပံ့ပိုးပေးသော ဘာသာစကားပေါင်း ၂၀ ၀န်းကျင်ရှိကြောင်း သိရသည်။


ကိုယ်ပိုင်စတစ်ကာများကို ပြုလုပ်ရောင်းချနိုင်ရန်လည်း ဆောင်ရွက်ထားပြီး store.line.me တွင် ဆောင်ရွက်နိုင်ကြောင်း၊ ကမ္ဘာအနှံ့အပြားမှ Line အသုံးပြုသူများအနေဖြင့် ယင်းတို့၏ ကိုယ်ပိုင်စတစ်ကာပုံများကို အဆိုပါ ဝက်ဘ်ဆိုက်တွင် ဖန်တီးရောင်းချခဲ့ကြောင်း သိရသည်။ Line ၏ မြန်မာနိုင်ငံအတွင်း မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၂၄ ရက်က ကျင်းပခဲ့သည်။



 http://internetjournal.media/news/2142


0 comments:

Post a Comment