မိမိရဲ့ စီးပွားရေးလုပ်ငန်းကို အွန်လိုင်းမှာ လွယ်တကူမြင်တွေ့စေဖို့.



အင်တာနက် ခေတ်ကြီးမှာ ကုမ္ဗဏီများ အနေနဲ့ ဝဘ်ဆိုဒ်ရှိလာဖို့ ကြိုးပမ်းလာကြပြီး နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကို မေ့နေကြပါတယ်။ ဒါကတော့ list တွင် ပါဝင်ခြင်း ဖြစ်ပါတယ်။ list လို့ ဆိုတဲ့အခါ အရေးကြီး မဖြစ်မနေ ပါရမယ့် နေရာများကတော့ - 

Google Map 
Local Web directory website တို့မှာ ဖြစ်ပါတယ်။ 


Google Map တွင် ပါဝင်ခြင်း 

ဆိုကြပါစို့.. Google Search ထဲမှာ phandeeyar လို့ ရိုက်လိုက်မယ်ဆိုရင် Search Result ဘေးမှာ Phandeeyar ရဲ့ ရုံးလိပ်စာ ပေါ်လာပါတယ်။ မိုဘိုင်းဖုန်းမှာပဲ ရှာရှာ၊ ကွန်ပြူတာပေါ်မှာ ရှာရှာ လိပ်စာကို မြင်တွေ့ရမှာပါ။ ယင်းသို့ ပါဝင်ခြင်းက မိမိရဲ့ စီးပွားရေး လုပ်ငန်းများကို လွယ်တကူ မြင်တွေ့ရှာလွယ်စေပါတယ်။ ယင်းကဲ့သို့ ဖြစ်အောင်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းအတွက် Google+ ဆိုရှယ်မီဒီယာ စာမျက်နှာကို ဖန်တီးဖို့ လိုအပ် ပါတယ်။ အဲ့ဒါကို ဖန်တီးဖို့အတွက် https://www.google.com/business/ တွင် အဆင့်ဆင့်သွားပါ။ နားမလည်ရင် aungkohtet.htet82@gmail.com ကို အီးမေးလ်ပို့ ပေးနိုင်ပါတယ်။ 

ဒေသတွင်း Web Directory များတွင် ပါဝင်ခြင်း 

Web Directory ဝဘ်ဆိုဒ်များ မှာ ပါဝင်ခြင်းက မိမိရဲ့ စီးပွားရေးလုပ်ငန်းကို Online မှာ Ranking တက်စေပါတယ်။ ကိုယ်ပိုင် ဝဘ်ဆိုဒ် ရှိပြီးသားတွေရော၊ မရှိရသေးသူများရော  Web Directory ဝဘ်ဆိုဒ်တွေမှာ ပါဝင်သင့်ပါတယ်။ Directory လို့ဆိုတဲ့နေရာမှာ Business Directory, Store Directory, Agent Directory အစရှိသဖြင့် အမျိုးမျိုး ရှိပြီး လိပ်စာချည်းသက်သက် ပြတဲ့ နေရာများ ရှိသလို မိမိရဲ့  Product များကို တစ်ခါတည်း တင်ရောင်းနိုင်တဲ့ နေရာများလည်း ပါဝင်ပါတယ်။ ဥပမာ http://myanmaronedirectory.com/ တို့လို ဝဘ်ဆိုဒ်မျိုး၊ www.imyanmarhouse.com တို့လို ဝဘ်ဆိုဒ်မျိုးတို့မှာ ပါဝင်ခြင်း ဖြစ်ပါတယ်။ ဒုတိယ ဥပမာ တစ်ခုအနေနဲ့ ထာဝရ အထွေထွေအကျိုးဆောင် လို့ ရိုက်ကြည့်လိုက်ပါ iMyammarHouse ရဲ့ ဝဘ်ဆိုဒ်မှာ ရှိတဲ့ သူ့ရဲ့ အကျိုးဆောင် လုပ်ငန်း page ကို သွားပေါ်စေပါတယ်။ အကယ်၍ address ဆိုပြီး ရိုက်ရှာရင် Google Map မှာလည်း ပါဖို့အတွက် လုပ်ထားပြီးပြီဆိုရင် Map ပေါ်ပါ လိမ့်မယ်။

အကယ်၍ Map ကို လုပ်ထားပြီးပြီဆိုရင် လုပ်ငန်းအမည်ရိုက်ရုံနဲ့ သူ့ရဲ့ directory, listing page နဲ့ Google map က ယှဉ်တွဲလို့ အတူတူ ပေါ်မှာ ဖြစ်ပါတယ်။ အကယ်၍ နားမလည်တာရှိရင် အီးမေးလ်ပို့ မေးမြန်းနိုင်ပါတယ်။ 

အောင်ကိုထက် 

Please Like Our Facebook Here 

Thank You !
Aung Ko Htet

0 comments:

Post a Comment