ဘေးဘောင်မပါဝင်သည့် Oppo R7 စမတ်ဖုန်း ဗွီဒီယို တရုတ်လူမှုရေးမီဒီယာတွင် ထွက်ပေါ်



တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo ၏ အသစ်ထွက်ရှိမည့် R7 စမတ်ဖုန်းဒီဇိုင်းကို ဖော်ပြထားသည့် ဗွီဒီယိုသည် တရုတ်လူမှုရေးမီဒီယာ youku ဆိုက်၌ ထွက်ပေါ်လာကြောင်း သိရသည်။


၎င်းဗွီဒီယို၏ ဖော်ပြချက်အရ မျက်နှာပြင်အရွယ်အစား ကြီးမားသော Oppo R7 တွင် ဘေးဘောင်မပါဝင်ကြောင်း ဗွီဒီယိုမှ ပြန်လည်ရိုက်ကူးထားသော ပုံတွင် ဖော်ပြထားသည်။ 


ထိုကဲ့သို့ ဘေးဘောင်မပါဝင်သည့် စမတ်ဖုန်းကို Sharp Aquos Crystal က ထုတ်လုပ်ခဲ့ဖူးသော်လည်း ၎င်းတွင် ဘေးဘောင် အနည်းငယ် ပါဝင်သည်။


အခြားထွက်ပေါ်လာသည့် အသေးစိတ် အချက်အလက်များအရ Oppo R7 တွင် octa-core MediaTek ပရိုဆက်ဆာ၊ 4G ထောက်ပံ့မှုနှင့် ကျောဘက်ကင်မရာ 20.7 megapixel ပါဝင်လာဖွယ်ရှိကြောင်း၊ ဖုန်း၏အထူမှာ R5 ကဲ့သို့ ၄.၈၅ မီလီမီတာဖြင့် ပွဲထွက်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။


တရုတ်ဝက်ဘ်ဆိုက် youku ရှိ Oppo R7 ဗွီဒီယိုသည် နိုင်ငံအချို့အတွက် ဒေသအလိုက် ကန့်သတ်မှုရှိသောကြောင့် အချို့နေရာများတွင် ကြည့်ရှု၍ မရနိုင်ပေ။


Ref: CNET


အင်တာနက်ဂျာနယ်



0 comments:

Post a Comment