နေရောင်ခြည် စွမ်းအင်သုံး Display နဲ့ Kyocera ရဲ့ ရှေ့ပြေး စမတ်ဖုန်း

Photo

Kyocera ဟာ စွန့်စားသွားလာသူတွေ နှစ်သက်တဲ့ Brigadier စမတ်ဖုန်းလို ရေလုံအကြမ်းခံ စမတ်ဖုန်းမျိုးနဲ့ စမတ်ဖုန်း ထုတ်လုပ်သူ တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။  Bridgadier ကြောင့် ရရှိလာခဲ့တဲ့ နာမည် ဂုဏ်သတင်းပေါ်မှာ အခြေခံပြီး Kyocera ကုမ္ပဏီက ဘယ်နေရာကိုပဲ နေရောက်နေပါစေ တိမ်တွေမဲနေအောင် မအုပ်ဘူး။ အရမ်းမှောင်မနေဘူး ဆိုရင် ဘက်ထရီကို အားပြန်ဖြည့်ပေးနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ရှေ့ပြေးစမတ်ဖုန်း တစ်လုံးကို ပြသခဲ့ပါတယ်။ 


မတ်လရဲ့ ပထမဦးဆုံး သတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့မိုဘိုင်း ညီလာခံမှာ Kyocera က ဖုန်းနဲ့ Display နဲ့ပဲ နေရောင်ခြည်ကို အသုံးပြုပြီး ဖုန်းဘတ်ထရီကို အားပြန်သွင်းတဲ့ ရှေ့ပြေးစမတ်ဖုန်း တစ်လုံးကို ကြွားဝါ ပြသခဲ့ပါတယ်။ ကျွန်တော်တို့ အရင်က မြင်ခဲ့ဖူးတဲ့နေရောင် စွမ်းအင်သုံး ပစ္စည်းတွေဟာ နေရောင်ခြည် စွမ်းအင်ကို လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်းလဲပေးတဲ့ Solar cell တွေကို ဖုန်းရဲ့ ကိုယ်ထည်ပေါ်မှာ တပ်ဆင်ပေးထားတာ ဖြစ်ပေမယ့် Kyocera ရဲ့ ရှေ့ပြေး စမတ်ဖုန်းကတော့ ဖုန်းရဲ့ Touch Sceeen ပေါ်မှာ ဒါမှမဟုတ် အောက်မှာ တပ်ဆင်ပေးထားနိုင်တဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ Photovoltaic (နေရောင်စွမ်းအင် အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်တဲ့) အလွှာတစ်ခုကို အသုံးပြုထားတာ ဖြစ်ပါတယ်။


ဖုန်းရဲ့ Display ပေါ်က နေရောင်စွမ်းအင်ကို စုပ်ယူပြီး ဘက်ထရီကို အားပြန်သွင်းပေးတဲ့ ဒီနည်းပညာဟာ Sunpariner ကုမ္ပဏီက လာတာဖြစ်ပြီး Wysips Crystal လို့ ခေါ်တဲ့ စွမ်းအင်ထုတ်အလွှာကို ချစ်ပ်တစ်ခုနဲ့ ဆက်သွယ်ပေးထားပြီး နေရောင်ခြည် စွမ်းအင်ကို ဖုန်းရဲ့ ဘက်ထရီထဲမှာ သိမ်းဆည်းနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Wysips ဟာ ၁ စတုရန်းစင်တီမီတာကို ၅ မီလီဝတ်အထိရှိတဲ့ ဓာတ်အားတွေကို ထုတ်လုပ်ပေးနိုင်တယ်လို့ Sunpartner က ပြောဆိုခဲ့ပါတယ်။ မျိုးဆက်သစ် Photovoltaic တွေ ရှိလာပြီဖြစ်တာကြောင့် ထုတ်လုပ်ပေးနိုင်တဲ့ ဓာတ်အားပမာဏကို နှစ်ဆအထိ မြှင့်တင်သွားနိုင်ဖို့ Sunpartner ကုမ္ပဏီက မျှော်လင့်ထာ်းပါတယ်။ အဲဒီ Photovoltaic အလွှာဟာ ၀.၁ မီလီမီတာပဲ အထူရှိလို့ စက်ပစ္စည်း တစ်ခုမှာ ထည့်သွင့်းအသုံးပြုရင်လည်း အဲဒီစက်ပစ္စည်းတစ်ခုရဲ့ ဒီဇိုင်းကို လုံးဝ မပြောင်းလဲသွားစေပါဘူး။ ဒါ့အပြင် အဲဒီနည်းပညာဟာ ဖုန်းရဲ့ Touch screen ကိုလည်း ဘယ်လို အကျိုးသက်ရောက်မှုမှ မရှိစေရဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။


ယနေ့ခေတ်ရဲ့ စွမ်းအင်အရမ်းသုံးစွဲလွန်းတဲ့ အဆင့်မြင့် စမတ်ဖုန်းတွေအတွက် နေရောင်ခြည်စွမ်းအင်တစ်ခုတည်းနဲ့ လုံလောက်မှု ရှိစေမှာ မဟုတ်ပေမယ့် e-reader နဲ့ အလားတူ အခြေခံအဆင့် စမတ်ဖုန်းတွေကတော့ ဒီသီအိုရီအရ လုံးဝ အားပြန်သွင်းစရာမလိုပဲ ဖြစ်သွားနိုင်ပါတယ်။ Tog Heuer က ထုတ်လုပ်တဲ့ နာရီတစ်မျိုးမှာ ဒီလို Photovoltaic အလွှာကို ထည့်သွင်း အသုံးပြုထားပြီး ဘယ်တော့မှ အားမကုန်ဘူးလို့ ကြွေးကြော်ထားပါတယ်။ Kyocera ရဲ့ ရှေ့ပြေး စမတ်ဖုန်းမှာတော့ အဲ့ဒီနည်းပညာကြောင့် ဖုန်းဟာ အသုံးမပြုပဲ အဆင့်သင့် အနေအထား အတိုင်းထားမယ့်ဆိုရင် နေရောင်ခြည် ရရှိနေသရွှေ့ ဘက်ထရီအားဟာ ဒီအတိုင်းပဲ ရှိနေမယ်လို့ Sunpartner က ပြောဆိုခဲ့ပါတယ်။ အကြမ်းခံတဲ့ စမတ်ဖုန်းကို ထုတ်လုပ်သူတွေအနေနဲ့ကတော့ အဲဒီနေရောင်ခြည် စွမ်းအင်သုံး အလွှာဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ တယ်လီဖုန်းကွန်ရက်ကို ရှာဖွေနေရတာကြောင့် ဖုန်းဘက်ထရီ အားကုန်တာတွေကို ကာမီဖို့နဲ့ အရေးပေါ် ခေါ်ဆိုမှုတွေအတွက် ဘက်ထရီအား အရံအသင့် ရှိစေဖို့ ဖြစ်ပြီး ရောင်းအား ကောင်းစေမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။


မှန်သားပြင်ကနေ ဘက်ထရီဓာတ်အားကို ပြန်ထုတ်လုပ်ပေးတဲ့ စက်ပစ္စည်းကို ထုတ်လုပ်မိတ်ဆက်ပြသခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ Kyocera က ပထမဦးဆုံး ထက်ရပေမယ့် တကယ်တမ်းတော့ လွန်ခဲ့တဲ့ နှစ်အတော်များများက Sharp ကုမ္ပဏီဟာ နေရောင်ခြည်စွမ်းအင်သုံး အလွှာတွေကို Display အစွန်းတွေမှာ ကွပ်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ပြသခဲ့ပါသေးတယ်။ ဒါပေမယ် အဲဒီစမတ်ဖုန်းဟာ အာရှတိုက်ဈေးကွက် ပြင်ပကို ဘယ်တုန်းကမှ ရောက်မလာခဲ့ပါဘူး။ Sunpartner ကတော့ သူ့ရဲ့ နည်းပညာဟာ စမတ်နာရီ စမတ်ဖုန်းနဲ့ tablet တွေအပါအဝင် Display အရွယ်အစား ၃ လက်မကနေ ၁၃ လက်မအထိ ရှိတဲ့ စက်ပစ္စည်းတွေမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 
http://www.yatanarpon.com.mm/

0 comments:

Post a Comment