Microsoft က Windows 10 Editions များကို ကြေညာ

1


Microsoft က Windows 10 Editions များကို ကြေညာလိုက်ပါသည်။ Windows 10 Home သည် စားသုံးသူ အတွက် အဓိက ထုတ်လုပ်ပေးထားသည့် Edition ဟု Microsoft က ပြောပြီး နေအိမ်သုံး ပီစီနှင့် လက်တော့များအတွက် ရည်ရွယ်ပါသည်။ Windows 10 Home တွင် Edge Browser, Windows Hello Face-Recognition , Universal Apps များ ကဲ့သို့ Windows 10 ၏ အဓိက စွမ်းရည်များ ပါရှိမည် ဖြစ်သည်။ 


Microsoft က Windows 10 Pro Edition ကိုလည်း ဖြန့်ချီမည် ဖြစ်ပြီး Windows 8 Pro နှင့် တူညီပါသည်။ Pro Edition သည် စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ပြီး Windows Update for Business စွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။


Microsoft က Windows 10 ထွက်ရှိချိန်တွင် Windows Phone များကိုလည်း Windows 10 Mobile ဟု အမည်ပြောင်းလဲမည် ဖြစ်သည်။ အဆိုပါ ဖုန်းများတွင် ထိတွေ့အသုံးပြုမှုကို အဓိက ကောင်းမွန်စေရန် ဒီဇိုင်းထုတ်ထားသော Office Apps များပါရှိမည် ဖြစ်ပြီး Continuum for Phone စွမ်းဆောင်ချက် ပါရှိပါသည်။ ဖုန်းနှင့် ရှစ်လက်မထက် သေးငယ်သော တက်ဘလက်များတွင် Windows 10 Mobile ကို အသုံးပြုနိုင်ပါသည်။ Microsoft က စီးပွားရေးလုပ်ငန်းများအတွက် Windows 10 Mobile Enterprise Edition ကိုလည်း ဖြန့်ချီပေးမည် ဖြစ်သည်။


အထက်ပါ Editions များနှင့် အတူ Microsoft က Windows 10 Enterprise, Windows 10 Education နှင့် Windows 10 IoT Core တို့ကိုလည်း ရောင်းချမည် ဖြစ်သည်။ စုစုပေါင်းအနေဖြင့် Edition ခုနစ်ခု ထွက်ရှိမည် ဖြစ်သည်။


http://www.myanmardigitallife.com/

0 comments:

Post a Comment