iPhone မော်ဒယ် အဟောင်းတွေမှာပါ သုံးလို့ ရနိုင်မယ့် iOS 9



Apple ကုမ္မဏီဟာ သူ့ရဲ့ ထုတ်ကုန် အဟောင်းတွေကို OS အသစ် တပ်ဆင်ခွင့်ပြုပြီး ခေတ်မရှိတော့တဲ့ မော်ဒယ်အဟောင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေကာ ဘ၀ အသစ်တစ်ခု ဖန်တီးပေးလိုက်ပါပြီ။

Apple blog 9to5Mac.com ဆိုတဲ့ စိတ်ချရတဲ့ Apple ရဲ့ သတင်းဌာနက ဖော်ပြခဲ့တာကတော့ အသစ်ထပ်ထုတ်မယ့် OS ဖြစ်တဲ့ iOS 9 ကို ဗားရှင်း ၂ မျိုး နဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး တစ်မျိုးကတော့ မော်ဒန် စမတ်ဖုန်းတွေနဲ့ တတ်ဘလတ် တွေ အတွက် ဖြစ်ကာ ကျန်တစ်မျိုးကတော့ ခေတ်မရှိတော့တဲ့ မော်ဒယ် အဟောင်း တွေ အတွက် ဖြစ်ပါတယ်။

သုံးစွဲသူတွေရဲ့ ပြောကြားချက်အရတော့ အဲဒီ ခေတ်မရှိတော့တဲ့ iPhones တွေကို ဆော့ဖ်ဝဲ အသစ်တွေကို ဒေါင်းလုဒ် ဆွဲချတဲ့အခါ ဖုန်းတွေရဲ့လုပ်ဆောင်ချက်တွေ နှေးသွားတတ်တယ်လို့ ဆိုပေမယ့် အခုထုတ်လုပ်တဲ့ iOS 9 ကတော့ iPhone 4S လို ဖုန်းမော်ဒယ် အဟောင်းတွေကိုပါ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ရရှိစေတယ်လို့ သိရပါတယ်။

"အခုထုတ်လုပ်မှု အသစ်အတွက် ကျေးဇူးတင်ပါတယ်။ iOS ရဲ့ ကုန်ဆုံးမှုထက်စာရင် iPhones ၊ iPads နဲ့ iPod touches တွေအားလုံးရဲ့ မျိုးဆက်ဟာ iOS 9 ပေါ်မူတည်သွားမှာပါ။" လို့ Apple ရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ Blog က ဆိုပါတယ်။

ထို ထုတ်လုပ်မှုကို သဘာဝပတ်ဝန်းကျင် လှုပ်ရှားတဲ့ သူတွေကတော့ ကြိုဆိုကြမှာပါ။ အဲဒီ သဘာဝ ပတ်ဝန်းကျင်သမားတွေဟာ နည်းပညာလောက ရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုတွေကို အမြဲဝေဖန်နေခဲ့ကြသူတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် ဈေးကွက်ကို လည်း ပိုမိုတိုးတက်မှုတွေဖြစ်ပေါ်စေမှာပါ။ ၀ယ်ယူသူတွေအနေနဲ့ ခေတ်မရှိတော့တဲ့ မော်ဒယ် အဟောင်းတွေကို ဈေးသက်သက်သာသာ နဲ့ ၀ယ်ယူပြီးတော့လည်း နောက်ဆုံးထုတ် OS ကို အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။
( Mario )
Ref : Mirror

http://technology.thithtoolwin.com

0 comments:

Post a Comment