Nexus 6 နဲ့ iPhone 6 Plus ဘယ်ဟာဝယ်မလဲ


Nexus 6 နဲ့ iPhone 6Plus ဘယ်ဟာ ဝယ်သင့်သလဲဆိုတာ နိုင်ငံတကာမှာ အတော်လေး ခေါင်းစားကြ ပါတယ်။ Pure Android ကြိုက်သမားများကတော့ Google Nexus 6 ကို အားပေးကြပေမယ့် Apple ပရိတ်သတ်များကတော့ Nexus 6 ကို အားပေးပါတယ်။ ဒီတော့ ဘာဝယ်ရတော့မလဲ ဆိုတာ ခေါင်းစားပါတယ်။


iPhone 6 Plus ရဲ့ အားသာချက်

သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး Phablet အရွယ် ဖုန်းတွေထဲမှာ ထိပ်တန်း ပါဝင်နေပြီး speed test မှာလေး အတော်လေး အောင်မြင်ထားပါတယ်။ ဒါကြောင့်မို့ Samsung Galaxy Note 4 ဟာ သူ့ကို မယှဉ်နိုင်တာကြောင့် ဇွန်လအတွင်းမှာပဲ Samsung Galaxy Note 5 ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ အခြားနှစ်တွေနဲ့ ယှဉ်ရင် စောလွန်းပါတယ်။ အဓိကကတော့ 6 Plus ကို ယှဉ်ဖို့ ဖြစ်ပါတယ်။

Nexus 6

Nexus 6 ကို Motorola နဲ့ ထုတ်ထားပြီး အရွယ်အစားက iPhone 6Plus ထပ် အနည်းငယ်မျှ ကြီးပါတယ်။ iPhone 6Plus က ၅.၅ လက်မ ရှိပြီး Nexus 6 ကတော့ ၅.၉၆ လက်မ ရှိပါတယ်။ Tech specification အရ ကြည့်ရင်တော့ Google Nexus 6 က သာနေပါတယ်။ အရွယ်ကြီးနေတာဟာလည်း ငြင်းမရပါဘူး။ Android 5.0 Lollipop ကို သုံးထားခြင်းဖြစ်ပြီး Google ရဲ့ Product စစ်စစ်ဖြစ်တာကြောင့် Android သမားများအတွက် အကြိုက်တွေ့ဖုန်းပဲ ဖြစ်ပါတယ်။

ဈေးနှုန်းများ

iPhone 6 Plus ရဲက ဈေးက ၁၀ သိန်းဝန်းကျင်ကနေ စပါတယ်။ www.kaymu.com.mm မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။ Google Nexus 6 ကတော့ ဈေးအတော်လေး ကျနေပါပြီ။ မြန်မာကျပ်ငွေ ၆ သိန်းလောက်နဲ့ ဆိုရင် 32 GB ဗားရှင်းရနိုင် ပါတယ်။ www.google.com/nexus မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.

0 comments:

Post a Comment