နေ့စဉ်ကဗျာလေးများ For ကဗျာ ချစ်သူများအတွက်(6.12.2015)

 Image result for poem images
 ကျွန်တော့်အားကဗျာတွေပေးပို့သူတွေများပါတယ် ဒီအထဲမှာ အချို့ ကဆိုတာထက်  ၀ါသနာ ပါလို့ပို့တာများပါတယ် အဲဒီတော့ ကျွန်တော်တို့ တင်ပေးတဲ့ ကဗျာတွေက အခုတင် သုံးရက်အလွန်ဆုံး Older Post ထဲရောက်ပြီး ဒီတိုင်တော့ အဖြစ်မခံနိုင်ဘူး ရေးသူလေးတွေကို သိစေချင်တယ်ဗျာ ဟုတ်ကဲ့ကျွန်တော်ဘာမှမဟုတ်ပါဘူးခင်ဗျာ ... ဟုတ်ကဲ့ ခင်ဗျ ကျွန်တော်တို့ ရေးသားပေးပို့ထားတဲ့ ကဗျာတွေရဲ့ အောက်မှာ ရေးသူ=မည်သူဆိုပြီး ရေးသားလေ့ရှိပါတယ် ဟုတ်ကဲ့အဲ့ရေးသားသူတွေရဲ့ကဗျာတွေ ကောင်းရင် သူတို့နာမည်ရယ် ရေးသားသော ကဗျာခေါင်းစဉ်လေးရယ် မက်ဆေ့ပေးပို့နိုင်ပါတယ် ထိုပေးပို့သော ကဗျာရေးသားသူ ၏ SMS များသည် ၃ရက်ထဲနှင့်အဆောင်ရေ ၃၀ ပြည့်ပါက ကျွန်တော့်အား Bill Card ပေးပို့ထားသော Money များထဲမှ ဘေကဒ်၃၀၀၀ ထောင်အား ထိုကဗျာရေးသားသောသူထံသို့ ပေးပို့ပြီး ၀မ်းသာစကားပြောမည်ဖြစ်ပါတယ်ခင်ဗျာ ... ထို့နောက် ထို စာရေးသူ၏ ကဗျာများကို ၃ ရက်လုံးသူ၏ကဗျာကိုသီးသန့်ပဲ ပေးပို့သလောက်တင်ပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ... ဒါ ကျွန်တော် ဖတ်ရူ့သူတွေနဲ့ရေးသားသူတွေအတွက် စဉ်းစားထားသော ခပ်ပိန်းပိန်းဦးနှောက်လေးဖြစ်ပါသဖြင့် ကျွန်တော့် အစီအစဉ်လေးအားအကြံညဏ်ပေးလို ကန့်ကွက်လို အကြောင်းအမျိုးမျိုး ပြောခင်ရင် မနက် ၉ နာရီမှ ည၉ နာရီအထိ တိုက်ရိုက် ဖုန်းဆက်နိုင်ပါတယ်ခင်ဗျာ တစ်ခုခု လိုအပ်ခဲ့ရင် ညဏ်တိန်လို့ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ... :D







အချစ်နင်လိုချင်တဲ့
ငွေတစ်မျိုးနဲ့
ငါလိုလူရဲ့
အချစ်မျိုး
မင်းဘာမှ
တန်ဖိုးထားစရာမှမရှိတာ
ငါသိတယ်
ဒါပေမဲ့
ဥုစွာနထိ
ဘာမရှိတဲ့
ငါ့အချစ်မှာ
မင်းအတွက်
သတ်တိရှိတယ်
မင်းငွေနဲ့
ဝယ်လို့မရတဲ့
ငါ့လည်ချောင်းသွေး
နင့်ခြေသလုံး
စေးပေးရမလားပြောအသင့်ပဲ...။


{{ရေးသူ=ကျော်ကျော်}}


 
နောင်ငြိစွဲလမ်း
ရင်ထဲပန်း
မခွဲတမ်းတစ်သက်
အမြဲတမ်းအတွက်

{{ရေးသူ=အမည်မသိ}}





မိဘမေစ်တာ
မိဘမေစ်တာချော့၍ တခါ  ခြောက်၍ တလှည့်
နုတ်လျှာကြမ်းတမ်းဆိုဆုံးမလဲ
သူများတွေက ပြန်မပြောနားမထောင်
သူတို့တွေက ပြန်ပြောနားမထောင်
ငြူစူဆောင်အောင့်ဖနောင့်ပေါက်လု
စိတ်ဆိုးတခဏကွယ်ရာမှာတော့
ငါ့သမီးတွေနေမှကောင်း ကြရဲ့လား...
ပူပင်သောကမျက်ရေများနဲ့
ဒုတ်ခပင်လယ်အမေတစ်ယောက်ထဲ
မောင်လေးတွေနဲ့ခက်နေရတယ်
သမီးတို့ရယ်...


{{ရေးသူ=မတရာ ရွှေမြေမှရန်ကင်းမေ}}


ဥပဒေအထက်မှာမည်သူမျှမရှိစေရ
သို့သော်
ဥပဒေကိုလက်တလုံးခြား၍
တရားရေးရာ
အမူ့များစွာတို့တွင်
ရှေ့နေကပွဲစား
ဥပဒေအရာရှိနဲ့
တရားသူကြီးတို့က
ဗြောင်စားပြီး ငွေများများပုံပေးလိုက်နိုင်ပါက
အနိမ့်ဆုံးပြစ်ဒဏ်
သို့မဟုတ်
သက်သေမခိုင်လုံ၍ လွှတ်စေဟု
ငွေပုံအာဏာတည်ရှိနေသေးသ၍
ဥပဒေအထက်မှာ ငွေရှိသည်။


{{ရေးသူ=ရိုးမ(မိုးကုတ်)}}




ချစ်သူ မျှော်မှန်း
ပန်းခင်း လမ်းစဉ်
လျောက်လှမ်းစေချင်
ဘ၀လမ်းတင်ပန်းများ အသွင်
ငါသာဖြည့်ဆီးပေးချင်မိသည်
ချစ်သူ နမ်းရိုက်
ပန်းကြိုက်နှ်င်းဆီ
မွှေးပျံ့ထုံသင်း
 ရနံ့မင်းကို 
စိုက်ပျိုးပေးချင်
ငါသာ ဥယျာဉ်
ဖြစ်လိုက်ချင်သည်
မျိုးသူ(ရွှေဘို)
MP(Village)





Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...




0 comments:

Post a Comment