LG
Display သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် ကျင်းပမည့် 2015
Society for Information Display conference တွင် ၁၈ လက်မအရွယ်ရှိ
ကွေးလွယ်ဆန့်လွယ်သော display ကို မိတ်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ display သည်
စာရွက်တစ်ရွက်ကဲ့သို့ ပါးလွှာမှုရှိပြီး ၎င်း၏လုပ်ဆောင်ချက်များကို မထိခိုက်ဘဲ
အချင်းဝက် ၃ စင်တီမီတာအထိ လိပ်ထားနိုင်ကြောင်း LG Display ကဖော်ပြခဲ့သည်။
အဆိုပါ OLED display ကို LG Display ၏အကြီးအကဲ နည်းပညာအရာရှိ အင်ဗြောင်ဂန်း
မိန့်ခွန်းပြောဆို လျက်ရှိသည့် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ်
မိတ်ဆက်သွားမည် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည် CES
ပြပွဲတွင် OLED တီဗွီသစ်များကို မိတ်ဆက်ခဲ့သလို မေလတွင် ကိုရီးယားနိုင်ငံ၌
အထူးသတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်၍ OLED ထုတ်ကုန်သစ်များစွာ
မိတ်ဆက်ခဲ့သေးသည်။
မေလကတွင် LG ၏လက်ခွဲ ကုမ္ပဏီ LG
Display က wallpaper ဟုသိရှိကြသည့် တီဗွီတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ ၅၅ လက်မ OLED တီဗွီ၏ အရွယ်အစားမှာ ၁.၉ ကီလိုဂရမ်ရှိပြီး အထူမှာ ၁
မီလီမီတာရှိကာ နံရံတွင် သံလိုက်ဖြင့် ကပ်ထားနိုင်သော အရာတစ်ခု ပါဝင်သည်။
OLED သည် display ဈေးကွက်တွင်
မျိုးဆက်သစ် နည်းပညာတစ်ခုအဖြစ် လက်ခံထားကြသည်။ အဆိုပါ နည်းပညာတွင်
ဇီဝအခြေခံ ဒြပ်ပေါင်းအလွှာ ထည့်သွင်းထားသောကြောင့် ပါးလွှာသော
မျက်နှာပြင်များအဖြစ် ဖန်တီးနိုင်ရုံသာမက ကွေးသော display အပြင် display
များကို ကွေးခြင်း၊ လိပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် ဇီဝအခြေခံ
အရာဝတ္ထုများသည် ကိုယ်ပိုင်အလင်းများကို ထုတ်လွှင့်ပေးပြီး နောက်ခံအလင်း
လိုအပ်မှုကို လျှော့ချပေးသည်။ ထို့သို့ပါးလွှာသော မျက်နှာပြင်နှင့်
တီဗွီများကို OLED ဖြင့် ထုတ်လုပ်မှုသည် အသင့်တော်ဆုံး
ရွေးချယ်မှုဖြစ်ရုံသာမက ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်နှင့်
အခြားမိုဘိုင်း ထုတ်ကုန်များ ထုတ်လုပ်ရန်လည်း အသုံးပြုလာဖွယ် ရှိသည်။
http://internetjournal.media/news/2861






0 comments:
Post a Comment