Download TinyUmbrella v5.10.12 To Save Your iPhone’s BBTicket [Unlockers]


Chit KHine: အကို ကျွန်တော် Tinyumbrella လေးလိုချင်လို့ပါ... ကူညီပေးပါ...
 
ပြောလာလို့ တခြားသူတွေပါ ဗဟုသုတ ရအောင် mmitpros.ning.com ကနေ Tinyumbrella အကြောင်းကို ပြန်လည် မျှဝေပေးပြီး Software ကိုတော့ ကျနော် ကိုယ်တိုင် ရှာပြီးတင်ပေးလိုက်ပါတယ်....:)


ပုံမှန်အားဖြင့် ဆိုရင် iPhone 3GS, iPad နဲ့ နောက်ပိုင်း deviceတွေကိုFirmware (OS) ကို နောက်ထွက်တဲ့ version ကို upgrade လုပ်လိုက်ပြီးရင် downgrade ပြန်လုပ်လို့ မရပါဘူး။ ဥပမာ- iPhone 3GS မှာ OS version 3.1.3 ပါတယ်ဆိုရင် သူ့ကို iOS4 ကို upgrade လုပ်လိုက်ပြီးမှ တစ်ခုခု မကြိုက်လို့ 3.1.3 ကို ပြန်ပြီး restore လုပ်မယ် ဆိုရင် Apple က ခွင့်မပြုပါဘူး။ ကိုယ့်ရဲ့ device ကို upgrade လုပ်တာပဲ ဖြစ်ဖြစ် restore လုပ်တာပဲ ဖြစ်ဖြစ် Apple က သူ့ရဲ့ server ကို device ရဲ့ ECID (Exclusive Chip ID) ကို လှမ်းပို့ပြီး signature ကို လှမ်းစစ်ပါလိမ့်မယ်။ ကိုယ့် device ထဲမှာ ရှိနေတဲ့ OS က latest version ဆိုရင် နောက်ပြန် ဆုတ်ခွင့် မပေးတတ်ပါဘူး။
အဲဒါက iPhone user တွေအတွက် တစ်ကယ့် ပြဿနာပါ။ ဒါပေမယ့် iPhone ကို jailbreak လုပ်ထားပြီး OS upgrade မလုပ်ခင်မှာ Cydia server ပေါ်ကို ကိုယ့်ရဲ့ SHSH signature တွေကို တင်ထားခဲ့မယ် ဆိုရင်တော့ iTune မှာ OS ကို restore လုပ်မယ့် အချိန်မှာ iTune က check လုပ်မယ် ဆိုရင် Cydia server ကို လမ်းကြောင်းပြောင်းပြီး လှည့်စားလို့ ရပါတယ်။ ဒါပေမယ့် ဒီနည်းက ကိုယ့်ရဲ့ iPhone ကို jailbreak လုပ်ဖို့ လိုပါတယ်။ တစ်ကယ်လို့
ကိုယ့်
iPhone ကို jailbreak မလုပ်ချင်ဘူး ဆိုရင်။ Cydia server ကိုလည်း လှမ်းမသုံးချင်ဘူး ဆိုရင် လုပ်လို့ရမယ့် နည်းလမ်း တစ်ခု ရှိပါတယ်။
Tiny Umbrella လို့ ခေါ်တဲ့ program လေးကို သုံးနိုင်ပါတယ်။ အောက်မှာ Link ကို ပေးထားပါတယ်။




အဲဒီ program လေးက iPhone ကို jailbreak မလုပ်ပဲ OS အသစ်ထည့်ပြီး ချိန်မှာ downgrade ပြန်လုပ်ခွင့် ပေးပါတယ်။ ဒါပေမယ့် OS အသစ်ကို install မလုပ်ခင်မှာ ကိုယ့် iPhone/iPod Touch/iPad တွေရဲ့ SHSH signature တွေကို Tiny Umbrealla ကို သုံးပြီး စက်ထဲမှာ save လုပ်ပြီး သိမ်းထားဖို့ လိုပါတယ်။
Tiny Umbreall က SHSH signatures တွေကို local hard disk ထဲကို သိမ်းခွင့် ပေးတဲ့ အပြင် Cydia server ပေါ်ကိုလည်း အလိုအလျှောက် လှမ်းတင်ပေးပါတယ်။ Tiny Umbrella ဟာ ကိုယ့် device ရဲ့ SHSH signature ကို အလွယ်တကူ save လုပ်နိုင်အောင် စွမ်းဆောင်ပေးနိုင် ပါတယ်။ ပြီးတော့ Cydia server မလိုပဲ local saved file ကနေ device ရဲ့ older OS ကို ပြန်ပြီး restore လုပ်နိုင်အောင် ကူညီပေးပါတယ်။

Latest version iTune
ကို အရင် install လုပ်ပါ။ Tiny Umbrella ကို download လုပ်ပါ။ Windows အတွက်ရော၊ Mac အတွက်ပါ ရှိပါတယ်။ သူ့ကို run လိုက်ပြီး device ကို connect လုပ်ပါ။ ဒါဆို ဘယ်ဘယ်နားမှာ connected device ကို ပြနေပါလိမ့်မယ်။ ဘယ်ဘက်က Save My SHSH ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ device ရဲ့ SHSH signature ကို hard disk ထဲကို သိမ်းပေး ပါလိမ့်မယ်။

နောက်ပိုင်းမှာ OS ကို ပြန် restore လုပ်ချင်တယ် ဆိုရင် Tiny Umbrella ကို ဖွင့်ပြီး Start TSS Server ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် TSS server ကို Tiny Umbrella က run လုပ်ပေးပါ လိမ့်မယ်။ ဒါဆိုရင် အဲဒီအချိန်မှာ iTune ကို သုံးပြီး ကိုယ့် device ရဲ့ older OS ကို restore လုပ်လို့ရပါပြီ။ iTune က Apple server ကို လှမ်းစစ်ကာနီးမှာ TSS Server က လမ်းကြောင်းပြောင်းပြီး လက်ခံ ပေးပါ လိမ့်မယ်။ ဒါဆို ဘယ် device ကိုမဆို original older OS ကို downgrade ပြန်လုပ်လို့ ရတာပေါ့။
Newer OS ကို upgrade မလုပ်ခင်မှာ Tiny Umbrella ကို သုံးပြီး SHSH bloc ကို save လုပ်ထားဖို့တော့ မမေ့နဲ့နော်။
ကိုယ့်ရဲ့ device နဲ့ OS version ကို သေချာချင်ရင် Advanced Options ဆိုတဲ့ checkbox လေးမှာ နှိပ်ပြီး အောက်က drop down menu ကနေ ကိုယ့် device နဲ့ OS Version ကို ရွေးပေးနိုင်ပါတယ်။ ဥပမာ- Phone 3GS – 3.1.3
SHSH signature ကို save လုပ်ပြီးရင် Display SHSHs ဆိုတဲ့ button လေးကို နှိပ်ပြီး ကိုယ် save လုပ်ထားတဲ့ SHSH bloc တွေ ဘာတွေ ရှိတယ်ဆိုတာ ကြည့်နိုင် ပါတယ်။ ကိုယ့်ရဲ့ save လုပ်ထားတဲ့ SHSH file တွေက ကိုယ့်စက်ထဲက (user name) အောက်က shsh ဆိုတဲ့ hidden folder အောက်မှာ ရှိပါလိမ့်မယ်။ အဲဒီ fileတွေကိုနောက်ပိုင်းမှာ ပြန်သုံးလို့ ရအောင် သေချာတဲ့ တစ်နေရာရာကို copy ကူးထားလိုက် လို့လည်း ၇ပါတယ်။

Tiny Umbrella
ကိုသုံးပြီး iPhone ကို jailbrek မလုပ်ပဲ locally saved file တွေကနေ OS ကို downgrade ပြန်လုပ်ကြည့်တာ လုံးဝ အဆင်ပြေတာကို တွေ့ရပါတယ်။

0 comments:

Post a Comment