Windows Explorer Error ဖြေရှင်းနည်း


ဒီလို Error မျိုးကတော့ အဖြစ်နည်းကြမယ်ထင်ပါတယ် ကျနော့မှာတော့ နေ့စဉ် လိုလို ဆော့ဝဲလ် တွေ သွင်း/ထုတ် စမ်း/ကလိ လုပ်နေရတာများလို့လားမသိပါဘူး ... ဒီနေ့ Teskbar က window Explorer Shortcut လေး


  ကိုခါတိုင်းလိုပဲ Double Click နဲ့ ဖွင့်လိုက်ပါတယ် (Taskbar ကနေမဟုတ်ရင်လဲ WinKey + E ကိုတွဲနှိပ်ပြီးလဲ ဖွင့်နိုင်ပါတယ်) Explorer က ပွင့်မလာပဲ ဒီအောက်က error message (or) အပေါ်က ပုံလေးအတိုင်း တတ်လာပါတယ်...။

  This file does not have a program associated with it for performing this action. Please install a program or, if one is already installed, create an association in the Default Programs control panel.

ဟိုက်!!! သေပြီ ဘာဆက်လုပ်ရမလဲပေါ့ ...  My Computer ကနေတဆင့်ဖွင့်ကြည့်တော့ အဆင်ပြေ OK ဆိုတော့ ဘာမှ လုပ်မပေးပဲ ဒီအတိုင်းထား ထားလိုက်လည်း သုံးလို့အဆင်ပြေနေပါတယ် .... ဒါပေမဲ့ ကျနော်က ကိုယ့်ကွန်ပြူတာလေးမှာ ERROR လေးတခုရှိနေပြီဆိုရင် သိချင် ကလိချင်တဲ့ ဝါသနာကရှိနေတော့ ဖြေရှင်းနည်းကို ရှာဖွေမွှေနှောက်တော့တာပေါ့ ... သိပ်ကြာကြာ မမွှေလိုက်ရပါဘူး ... www.winhelponline.com  မှာသွားတွေ့ပါတယ်... ပြီးတော့လည်း သိပ်ပြီး ဟိုနှိပ် သည်နှိပ် လုပ်ပေးစရာ မလိုပါဘူး... သူပေးထားတဲ့ Registry ဖိုင်လ်လေးကို ဒေါင်းယူပြီး  Run ပေးလိုက်တာနဲ့ ပြန်အဆင်ပြေသွားတာပါ .... ကဲ... သူငယ်ချင်းတို့လဲ ကျနော့လို အပေါ်က ERROR မျိုးနဲ့ ကြုံလာခဲ့ရင် ဖြေရှင်းနည်းကို အဝေးကြီးမှာ သွားရှာစရာမလိုပဲ အလွယ်တကူ ဖြေရှင်းလို့ ရအောင်  ဒီမှာပဲ တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်.... ဖြေရှင်းပေးမဲ့ .reg  ဖိုင်လေးကိုတော့ အောက်မှာ ဒေါင်ယူနိုင်ပါတယ်...
ကျနော့လို မသိသေးသူများအတွက် ရည်ရွယ်ပါတယ်နော် .....:)
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေဗျားးးး


 

13 comments:

ကျေးဇူးပဲ ဆရာဝင်းရေ ကျန်တော်လဲ windows Explorer error ဖြစ်နေ့တာနဲ့ အတော်ပဲ ..ဒေါင်သွားပြီးဗျ...ဆရာဝင်းဒီးထက်မကတ်အောင်မင်းဘာဆေလို့ ဆုတောင်ပေးပါတရ်နော်.thank you...

ကျေးဇူးပါခင်ဗျာ

ကျေးဇူးပါ

ကိုကျေးဇူးကမ္ဘာရေ အခုဖတ်ပြီး ကျနော်စက်ကိုဖွင့် ကြည့် တော့ error ပြနေပြီ ခွက်တိဘဲဗျာ down သွားပြီ ကိုကျေးဇူးကမ္ဘာရေ

အကို ကျွန်တော်လက်တော့လဲ Internet Explorer5.5 error ဖြစ်နေတယ် ... အခု အကိုပေးတဲ့ ဆော့ဝဲနဲ့လဲမရဘူး .... ဘယ်လိုလုပ်ရမလဲကူညီပေးပါအုံး

mr.kunglay ရေ ဖြစ်နေတဲ့ Error မက်ဆေ့ လေးရေးပြပါလား :)

အကိုေ၇ ဒီနေ့ ဒေါင်းတာမ၇ဘူးဗျ error ပဲတက်နေတယ်ဗျ
ကျွှန်တော့ လက်ပ်တော့မှာဖြစ်နေတာက အင်တာနက် page တခုကို
save page as ဆိုပြီး save လိုက်၇င်
windows-explorer-error.html
There are no more files.
ဆိုတဲ့ error ပဲတက်လာတယ်ခင်ဗျ
နောက်ပြီးအင်တာနက်ကနေ ဓ်ါတ်ပုံတခုကို righ click လုပ်ပြီး save ၇င်လဲ
အပေါ်ကလို error ပဲတက်လာတယ်ခင်ဗျ
ဖြေ၇ှင်းနည်းလေး ကူညီပေးပါအုံးနော်....
ကျေးဇူးတင်လျှက်..

MMC will not run with a version of internet Explorer earlier than Internet Explorer 5.5 ဆိုပြီ..... ပြနေပါတယ် .....
အဲဒီလို Error ဖြစ်နေတဲ့ အတွက်ကြောင့် Computer Management လဲဖွင့်လို့မရပါဘူး... Diver လို့နေလဲဖြည့်လို့မရပါဘူး... အဲဒါတွေ ဖွင့်လိုက်တာနဲ့ ဒီ error ကတတ်လာပါတယ် ....
ကျွန်တော် Internet Explorer ကိုလဲ နောက်ဆုံး version ထဲပြီတာလဲ မရပါဘူး ....
တတ်နိုင်ရင် အကိုကူညီပေးပါအုံး

အကိုေ၇ ဒေါင်းလို့မ၇ဘူးဖြစ်နေတယ်ဗျ error ပြနေတယ်
အကိုေ၇ အကျွှန်တော့ လက်ပ်တော့မှာဖြစ်နေတာက အင်တာနက် page တခုကို
save page as ဆိုပြီး save လိုက်၇င်
windows-explorer-error.html
There are no more files.
ဆိုတဲ့ error ပဲတက်လာတယ်ခင်ဗျ
နောက်ပြီးအင်တာနက်ကနေ ဓါတ်ပုံတခုကို righ click လုပ်ပြီး save ၇င်လဲ
အပေါ်ကလို error ပဲတက်လာတယ်ခင်ဗျ
ဖြေ၇ှင်းနည်းလေး ကူညီပေးပါအုံးနော်....
ကျေးဇူးတင်လျှက်..

cmd ကနေတဆင့် sfc/scannow ရေးပြီး Enter ခေါက် .. ပြီးတဲ့အထိ စောင့်ပြီး စက်ကို Restart ချပေးကြည့်ပါလား....:)

အကိုပြောသလို cmd မှာ sfc/scannow ဆိုပြီး enter ခေါက်၇င်
you must be an administrator running a console session
in order to use the sfc utility.
ဆိုတဲ့စာပဲပေါ်လာတယ်အကို
နောက်ပြီး ခု ဒီပို့စ်မှာတင်ထားတဲ့ regid file ဒေါင်း၇လို့ run ကြည့်တာလဲ မ၇ဘူးအကို
ကျွှန်တော့စက်၇ဲ့ပြသနာက note pad နဲ့ စာ၇ိုက်ပြီး save ၇င်
There are no more files. ဆိုတဲ့ error စာပဲတက်လာတယ်အကို
My computer တို့ explorer တို့ကတော့ဖွင့်လို့၇တယ်အကို
ဘယ်လိုပြစ်ချက်လဲသိတော့ပါဘူးအကို၇ာ
နဲနဲလောက် ဦးနှောက်စားကြည့်ပေးပါအုံးအကို
ကျေးဇူးတင်လျှက်...........

mr.ozone59@gmail.com ရေ Start > Search box ထဲမှာ cmd လိုရေးပြီး Search box မှာ ပေါ်လာတဲ့ cmd ပုံလေးကို Right Click နဲ့ run as administrator ကနေ တဆင့် ပေါ်လာတဲ့ cmd မှာ sfc/scannow လို့ရေးပြီး enter ခေါက်ရမှာပါ ပြန်ကြိုးစားကြည့်ပါဦးးးး

အကိုပြောသလို cmd ကနေ sfc/scannow လုပ်ကြည့်လိုက်တယ်အကို
complete ပြီးတော့ restart လုပ်ကြည့်လဲ မထူးခြားလာဘူးအကို
အားလဲနာပါတယ်အကို့ကို
ဘာပဲဖြစ်ဖြစ် အုံးစားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်....

Post a Comment