USDownloader 2012 v1.3.5.9 Portable နှင့် Download လုပ်လိုသူများသို့ ပေးစာ




အင်တာနက်ထဲ မှာ လိုချင်တဲ့ ဆော့ဖ်ဝဲလ် တွေ , ဖိုင်တွေ , Movie တွေ ကို ဒေါင်းယူချင်ရင် Premium Account မရှိလို့ ၁၀ မိစောင့်ပါ မိနစ် ၂၀ စောင့်ပါ ဆိုပြီး ဟိုဟာ ကြော်ငြာ သည်ဟာကြော်ငြာ နဲ့ အချိန်လည်းပြည့်လို့ ဒေါင်းမယ်လဲ လုပ်ရော ဒေါင်းလော့ Link ကအလုပ်မလုပ်တာတို့ ဒေါင်းမရတာတို့ သူငယ်ချင်းတော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ် ....:)
အဲဒီ ပြဿနာအတွက်...
 ဒီ Downloader လေးက နာမည်ကြီး Hosting ဆိုက်ဒ် တွေဖြစ်ကြတဲ့  Rapidshare.com, letitbit.net, MegaUpload.com, uploading.com, uploadbox.com, depositfiles.com, Easyshare.com, Zaycev.net, Data.Cod.ru, filefactory.com, TopoMaps, kewlshare.com OpenFile.Ru, sexUploader.com, Megarotic.com
စ တဲ့ ဆိုက်ဒ် ပေါင်း ၂၅၀ ကျော်က Software တွေ ဖိုင်တွေ Movie တွေကို ဘာ Premium Account မှမလိုပဲ အချိန်လည်းစောင့်စရာ မလိုပဲ Automatic ဒေါင်းပေးပါလိမ့်မယ် လို့ပြောထားပါတယ်  ကိုယ်တိုင် စမ်းကြည့်လိုက်ပါနော်.....:D 

ကျနော်တော့ စမ်းမကြည့်လိုက်ရသေးပါဘူး Software အညွှန်းကောင်းလို့ ကျနော့ သူငယ်ချင်းတွေလဲ ကျနော့လို စိတ်ဝင်စားကြမှာဘဲ လိုချင်ကြမှာဘဲ စမ်းချင် ကလိချင်ကြမှာဘဲ ထင်ပြီး အမြန်ဆုံးတင်ပေးလိုက်ပါတယ်....:)

စမ်းပြီးပြီလားး သူငယ်ချင်း....?? ဘယ်လိုလဲ အဆင်ပြေရဲ့လား....xD


ကဲ စမ်းပြီးပြီဆိုရင်...အောက်မှာ အားနည်းချက် ၊ အားသာချက် လေးတွေ Comment မရေးခင်
ကျနော်ချစ်တဲ့ သူငယ်ချင်းတွေကို ပေးစာ ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြပရစေနော် ....:D

တခြားမဟုတ်ပါဘူး ကျနော့ ဒီ ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း) Blog လေးမှာ တင်ထားပေးတဲ့ Software တွေ နည်းပညာတွေ နဲ့ ပတ်သက်ပြီးတော့ပါ....(နားမနာ ဖဝါးနဲ့နာကြပါကုန်...:D)

 ဒီလိုပါ ကျနော်တို့ Blog ရေးနေသူတွေဟာ ဝါသနာအရ အချိန်ကုန်ခံ အိပ်ရေးပျက်ခံ ပြီး ရေးနေကြတာပါ (အိပ်ရေးတွေ ပျက်လို့ စားဝတ်နေရေး ဆိုတဲ့ အလုပ်တောင် မလုပ်နိုင်တဲ့ အထိပါပဲ) ပိုက်ဆံ တစ်ပြားမှ မရတဲ့ အပြင် အိတ်ထဲကတောင် စိုက်ရပါသေးတယ် ဆိုတာ Blog ရေးနေသူ တိုင်း သိကြပါတယ်...:)
ကျနော် ခုနောက်ပိုင်း Software တိုင်းကို ကိုယ်တိုင် Download လုပ် Virus အကိုက်ခံ ကွန်ပြူတာ အပျက်ခံပြီ စမ်း ၊ အချိန်ကုန်ခံပြီး Upload တင်ပေးနေပါတယ်... တင်ထားပေးပြီးတဲ့ Software တွေ နည်းပညာတွေ အားလုံးကို ပြန်ကြည့်မယ်ဆိုရင်..... ဘယ် Software ကို ဘယ်နှကြိမ် ဒေါင်းထားတယ် ဘယ်နှကြိမ် ကြည့်ရှု့ထားတယ်ဆိုတာ အကုန် သိပါတယ် ဥပမာ Internet Download Manager လိုမျိုးပေါ့ အကြိမ်ပေါင်း တစ်သောင်းငါးထောင်ကျော်ထိ Download လုပ်ထားကြပါတယ် ဒါပေမဲ့ ကျေးဇူးတင်ကြောင်း အသိမှတ်ပြုကြောင်း ပြောဆိုသူကတော့ လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး.....:(

ကျနော်ပြောပြချင်တဲ့ ပုံပြင်လေးကတော့ အဲ့ဒါပါပဲ...:D (ဟင့် ပုံပြင်ကလဲ တိုတောင်းလိုက်ထှာ...:D..)

... ကျနော်တို့ Blog ရေးနေသူတွေက ကိုယ်တင်ပေးလိုက်တဲ့ Software , နည်းပညာ တခုခု ကို စာဖတ်သူတစ်ယောက်ယောက်က ဒေါင်းယူ အသုံးပြုလို့ အဆင်ပြေခဲ့တယ်ဆိုရင်... အသိမှတ်ပြုကြောင်း ကျေးဇူးတင်ပါတယ် အဆင်ပြေသွားပါပြီ  ဆိုပြီး ရေးလာတဲ့ Comment လေးတွေကိုဖတ် .. ပီတိလေးတွေဖြစ်ပြီး နောက်ပို့စ် အသစ်တစ်ပုဒ် တင်ဖို့ အတွက်  အားအင်တွေ ဖြစ်ရပါတယ်...:)
ဆိုတော့.... ဘာပဲပြောပြောပေါ့ဗျာ.. နောက် ပို့စ် အသစ် တစ်ပုဒ် ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်း တောင်းဆိုကြပါစို့ (အဲ....၅၀၀၀ တန် ဆင်းန်ကဒ်နဲ့ ရောသွားပြန်ပြီ...:)

  အသိမှတ်ပြုကြောင်း ကျေးဇူးတင်ကြောင်း စာကြောင်းလေးတစ်ကြောင်း နှစ်ကြောင်းအတွက်နဲ့တော့ အရမ်းကြီး  ကြီးလေး ပင်ပန်းသွားမယ်မထင်ပါဘူးနော်....:)

Don't Forget to Say THANK , If You Like My Post !!!!!!!

ခုလို သည်းခံပြီး စာကို ဆုံးအောင်ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် 

အားလုံးကို ချစ်တဲ့

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

ဟူးးးးးးးးးးးးးးးးးးးးးးးးး ဘာမဟုတ်တဲ့ စာကို ဖတ်နေတာနဲ့ ဒေါင်းရမဲ့ Software တောင် ဘယ်ရောက်သွားမှန်မသိတော့ဘူး........:D

စမ်းပြီးကြတဲ့ သူငယ်ချင်းများ အားနည်းချက် ၊ အားသာချက်လေးတွေကို အောက်က Comment မှာ ပြောပေးသွားကြပါနော်....(လူမိုက်ငှားတာ...ဟိဟိ)


Automatic download from Rapidshare and others Hosts.Build based on all known Universal Share Downloader, but he think that the representation does not require them to have used many many times. Universal Share Downloader free of charge automatically gets with Rapidshare.com, letitbit.net, MegaUpload.com, uploading.com, uploadbox.com, depositfiles.com, Easyshare.com, Zaycev.net, Data.Cod.ru, filefactory.com, TopoMaps, kewlshare.com OpenFile.Ru, sexUploader.com, Megarotic.com,and td, such servers in a list more than 250!!!

Key Features:

Many animated objects such as swimming fish, swaying plants, rain, falling snow, and so on.
Creating your own screensaver in less than a minute.
An old-fashioned slideshow screensaver mode.
Options to save a screensaver in .SCR format or install it on your computer instantly.
Support for animated gif and all other image formats (jpeg, bmp, tga, etc.).
Many samples and useful articles (see Gallery and FAQ sections).


How to use the program:  

1. Download the latest version  

2. Unzip (right click on the DOWNLOADABLE file - get the current directory)  
3. Start with the green icon USSkachatyer - ball  
4. Click the "+" in the main window  
5. Paste the link (or multiple links, a window while it will increase) you want to download and select where to save the file. Click "OK"  
6. Repeat steps 4 and 5 for all links  
7. Click "Start" (button "Play")  
8. The program will upload files 


Changes: 
-Updated scripting plugin usdLua v2.11 from Alex_Qwerty. 
-Updated the plugin from Letitbit.net v1.8.6 skbb. 


Attention! 
Drafting recommended to install in a new directory, or directory before copying the already established USD, delete all the directories / files. 


Information about the program: 
Year:   2012 
Platform:   Windows ® 98/ME/NT/2000/XP/2003/Vista/7 
Language:   English + Russian 
Medicine:   No need / Portable 
Author Collections:   Noby 
Type:   zip 
File Size:   13.79 MB 







24 comments:

ဆွဲသွာပြီးဗျာ ဆရာဝင်း

ဟုတ်တယ်ဗျာ ဒီလိုပါပဲ blogger တိုင်းရဲ့ခံစားချက်တွေပါ ဘာပိုက်ဆံမှ မရပဲ
အချိန်ကုန် အိပ်ရေးပျက်ခံပြီးရေးပေးရှာပေးနေတဲ့ကြားထဲက တစ်ခါတစ်လေ
အဆဲတောင်ခံရတာမျိုးတွေရှိပါသေးတယ် ဒါပေမယ့် ကိုယ်လုပ်နေတဲ့အလုပ်က
အများအကြိုးအတွက် လုပ်နေတာဆိုတော့ ဘယ်လို အခတ်အခဲတွေပဲဖြစ်ဖြစ်
ဆက်လက်ရေးနေရတာ.... ဘလော်ဂါတွေရဲ့ နေ့စဉ်ဘ၀တွေပါပဲဗျာ....
အစ်ကိုဝင်းကမ္ဘာကျော်လို အများအကျိုးအတွက် အချိန်တွေအကုန်ခံ ၊ အပင်ပမ်းခံပြီး
မိမိပိုက်ဆံရမယ့် အလုပ်တွေတောင် လစ်ဟင်းခံပြီး ရေးပေးနေတဲ့ ဘလော့တွေကို
ကြိုက်ကြောင်း မကြိုက်ကြောင်းလေးတော့ ကော်မန့်ရေးပေးကြပါလို့ ကျွန်တော်ကပဲ
ထပ်ပြီး ပြောပါစရေဗျာ ... (လူသားအားလုံးကို လေးစားပါတယ်....ဟဲ အထူးသဖြင့်
အများအကျိုးဆောင်ရွက်နေသူတွေကို....)

အရင်က အကို့ဆိုဒ်ကနေ ဒေါင်းနေတာ ကျွန်ပျူတာ တစ်ခုလုံး ပြည့်တော့မယ်.. ကွန်မန့် က အခုမှ ပေးရတယ်. ကျေးဇူးတစ်ထောင်ပါဗျာ.. အားရင် Win xpိကို usb နဲ့ တင်လို့ရမယ့်ဟာနဲ့. microsoft viscual basic studio 2008 or 2010 ကို အားမှ ရှာပေးပါလား ခင်ဗျာ.
ကျေူးဇူးတစ်သောင်းပါ

အူးဝင်းရဲ့ခံစားချက်တွေ..ဟိဟိ......ဘ၀တူတွေပါပဲဗျာ.....လိုင်းချင်းမတူပေမယ့်..ခံယူချက်၊လုပ်ဆောင်ချက်..အားထုတ်ကြိုးပမ်းရမှုတွေကတော့ကတော့..တူတူပါပဲလေ....ဘယ်လိုပဲဖြစ်ဖြစ်......ဆက်လျှောက်ကြတာပေါ့ဗျာ.....

တင်သမျှကို အကုန်ယူနေပါတယ် ကျေးဇူးပါ........နောက်လည်းတင်လိုက်ရင်ဒေါင်းမှာပါ ...:D

ေ၇းလို့မှ မ၇တာဘယ်ေ၇းမလဲ

ဒေါင်းတာတော့ ပီးပီ အသုံးပြု့ပုံရှာနေတုံး...
ဂျေးဂျူးကမ္ဘာဆိုင်ရော်

အေး...ကျေးဇူးပဲကွာညီလေးရာ

လေးဖြူ (iron cross)

အကိုခံစားချက်ကိုနားလည်ပါတယ်အကိုရေ..ကျေးဇူးလည်း အများကြီးတင်ပါတယ်.. ကျေးဇူးစကားပြောဖို့ ပျက်ကွက်ခဲ့တာတွေ အတွက်လည်း လှိုက်လှိုက်လှဲလှဲတောင်းပန်ပါတယ်။ ဒီလိုလုပ်ပေးပါလား.. ဖေ့ဘွတ်နဲ့ ကွန်မန့်ပေးလို့ ရအောင် လုပ်ပေးရင် ပိုပြီးအဆင်ပြေမယ်ထင်တယ်..

ကဲ ကိုဝင်းရေ ဆွဲသွားပြီ
အားဆေးလေးလဲ တိုက်သွားပါတယ်..
ကိုဝင်းခံစားချက်ကို နားလည်ပါတယ်
ဆာရာ နာမ Nyi Ny
တယ်ရီမကာဆေး ဘာညာ ဘာညာi

ခုရေးထားတဲ့စာကပိုပီးဖတ်လို့ကောင်းလို့ကူးသွားပြီဗျို့.....နောက်လဲထပ်ရေးပါအုံး..ထပ်ကူးပါအုံးမယ်ဗျ.....ဘာမှကော်မန့်မရေးတတ်တဲ့သူတစ်ချို့တော့..စိတ်ထဲကနေကြီတ်ပြီးလေးစားနေကျပါတယ်ဗျ....လိုအပ်တာလေးတွေကဒီဘလော့မှာရှိနေလို့ဘဲဗျ....သူတို့ကစာမရေးတတ်လို့..ရင်ထဲကနေကြိတ်ပြီးကျေးဇူးတယ်နေတဲ့သူတွေရှိနေတယ်ဆိုတာကိုတော့ယုံပေးပါဗျ...

ကိုဝင်း ရေ ကျနော်သိက္ခာကိုအသာထားပြီးပြောရမယ်ဆိုရင် Commentရေးပြီးရင်ဘယ်လုပ်ရမလဲဆိုတာမသိ
ဘူး...ကိုဝင်းဆီက software ပေါင်း 46 နဲ့ သိသင့်သည့်ချက်များစွာယူခဲ့ပါတယ် ကျေးဇူး တတ်နိုင်ရင်
တတက်တအားပါဝင်ချင်ပေမယ့် အရည်အချင်းမရှိတော့...

thz bro,
Premium Accounts တွေ ရှာလို့ရမဲ့ sites တွေသိရင် ပြောပြပေးပါအုံး...
Premium Downloader တွေက Down Speed နှေးလို့  :)

ဟုတ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် အပါဝင်ပါပဲ၊
ဆော့ဝဲ တော်တော်များများကို ယူထားဖူးပါတယ်။
အားလုံးအတွက်ကျေးဇူးပါ အကို..။
တော်တော်များများအဆင်ပြေခဲ့ပါတယ်၊
ဒီထက်မက အောင်မြင်နိုင်ပါစေ...ဗျာ..။

mipony downloader တော့ သုံးဖူးပါတယ်။ သုံးလည်း သုံးနေဆဲပါပဲ။ အခု ဒီ downloader ကိုတော့ မသုံးဖူးသေးပါဘူး။ အခုမှပဲတွေ့ဘူးတယ်။ ဒီအတွက် ကျေးဇူး အထူးတင်ပါတယ်ဗျာ။ လေးစားစွာဖြင့်......

ကိုဝင်းရေ ဆွဲသွားပြီနော်..
မ၇ှိမဖြစ်ဆိုဒ်လေးပါ
ပို့စ်တင်တိုင်း ကျတော်ဖေ့ဘုတ့် အကောင့် ကို တိုက်ရိုက် ၇ှယ်လို့ ရအောင် လုပ်ပေးပါ့လား ကိုဝင်း
ကျတော်ဖေ့ဘုတ်စ် အကောင့်က naingnyinyi80@gmail.com

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ် အစ်ကို
အစ်ကိုစေတနာ အတိုင်းအကျိုးပြန်ရရှိမှာပါ။
အစ်ကိုကျေးဇူးပြုပြီးတော့ ISA Server မြန်မာလို (PDF) ဖိုင်လေးတင်ပေးပါလားခင်ဗျာ။ ကျွန်တော်အခု အဲစာအုပ်ကို လိုင်းပေါ်မှာရှာတာ Link သေနေလို့ ဆွဲလို့မရလို့ပါ။ အစ်ကို ကူညီပါအုံး

ကျေးဇူ့တင်ပါတယ်ဗျာ

Ko Win,
I am using IDM6.11(beta).Yesterday, my IDM become slow and hesitate.May I have a suggestion abt my Problem,Ko Win?
With Regards,
Win Soe.

ကျေးဇူးပဲကိုဝင်းရေမသွားပြီ...........

ကျေးဇူးတင်ပါတယ်...

ကျေးဇူးတင်ပါတယ်ဗျာ ...ကိုဝင်းခံစားချက်ကိုနားလည်ပေးနိုင်ပါတယ်.တင်သမျှကိုအကုန်မတယ်ခင်များစ

Post a Comment