ကိုယ်လိုချင်တဲ့ Website စာမျက်နှာကို PDF ဖိုင်အဖြစ် ဒေါင်းယူနည်း

jeepacy: အကိုဝင်းတင်ပေးတဲ့ windows xp တင်နည်းကို PDF နဲ့သိမ်းထားချင်လို့ပါ ကျနော့ firefox add on PDF နဲ့သိမ်းတာမြန်မာစာမပေါ်လို့ပေါ်အောင်လုပ်နည်းလေးသင်ပြပေးပါလား..အားလည်းနာ ခင်လည်းခင်တယ် ကျေးဇူးလည်းတင်ပါတယ်...:)

ကျနော် နောက်အားမှ Blog မှာ PDF နဲ့ သိမ်းထားချင်ရင် ဆိုတဲ့ Button လေးထည့်ပေးထားပါ့မယ်ခင်မျာ...:P

ခုတော့ ဆော့ဝဲလ် လေးတခုနဲ့ Firefox Browser မှာ လိုချင်တဲ့ Website စာမျက်နှာကို PDF ဖိုင်အဖြစ် Download လုပ်ယူပုံလေးကို ကျနော် သိထားသလောက် ပြောပြပေးပါ့မယ်....:)

ပထမဆုံး ဒီ doPDF 7 ဆော့ဝဲလ် လေးကို ဒေါင်းယူပါ ပြီးရင်တော့ Install ထားလိုက်ပါ...:)

ဒါဆိုရင် ကိုယ်လိုချင်တဲ့ Website စာမျက်နှာကို PDF အဖြစ် ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ.....

 ဥပမာ တခုအနေနဲ့ jeepacy လိုချင်တဲ့ Window XP တင်နည်း ကို Firefox Browser ကို သုံးပြီး  PDF ဖိုင်အဖြစ် ယူကြည့်ပါ့မယ်...:)

 Firefox Browser မှာ Ctrl + P ကို တွဲနှိပ်လိုက်ပါ...


(1) နေရာမှာ စောစောက ဒေါင်းထားတဲ့ doPDF ဆိုတာလေးကို ရွေးပေးပြီး (2) OK ဆိုရင်... အောက်ပါအတိုင်း PDF ဖိုင်လေးရသွားပါပြီဗျာ.....:)


ကျန်တဲ့ Size ဘာညာ တွေကတော့ ကိုယ့်ဘာသာကိုယ် ကလိ လိုက်ပါ....xD

jeepacy နဲ့အတူ လုံးဝ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်....:)

Download doPDF 7


အားလုံးပျော်ရွှင်ကြပါစေဗျားးးးးး။


www.winkabarkyaw.co.cc

0 comments:

Post a Comment