Software တွေကို Full Version အဖြစ် အမြဲသုံးနိုင်ဖို့ Patch , Crack များအသုံးပြုနည်း



ကျနော့ Blog မှာ တင်ပေးနေတဲ့ Software တိုင်းဟာ ပိုက်ဆံ တပြားမှ ပေးစရာ မလိုတဲ့ Software တွေ ဖြစ်တာကြောင့် Software တွေကို အသုံးပြုချင်သူတိုင်း အသုံးချလိုသူတိုင်းဟာ Full Version အဖြစ် အမြဲတမ်း သုံးနိုင်ဖို့ Patch ချိုးပုံ ၊ Keygen အသုံးပြုပုံ ၊ Crack အသုံးပြုပုံ ၊ Serial Key ထည့်ပုံတွေကို မဖြစ်မနေ သိထားသင့်ပါတယ် ...:) 
ဒီနေ့ အထိ ကျနော် တင်ခဲ့သမျှ Software တိုင်းဟာ ဘယ်လို အသုံးပြုရမလဲဆိုတာထက် ဘယ်လို Full Version ဖြစ်အောင်လုပ်ရမလဲ ၊ Keygen ကို ဘယ်လို ထည့်ပေးရမှာလဲ ၊ Crack ကို ဘယ်လို လုပ်ပေးရမှာလဲ ၊ Serial Key ကို ဘယ်မှာ သွားထည့်ရမှာလဲ ၊ Patch ကို ဘယ်လို ချိုးရမလဲ  ??  ဆိုတဲ့ ပြဿနာတွေက များနေပါတယ်.... ဒါ့ကြောင့် ဒီနေ့တော့ Software တွေကို Full Version အဖြစ်အမြဲသုံးနိုင်ဖို့ Patch ချိုးပုံ ချိုးနည်းကို  တင်ပြပေးသွားပါ့မယ်........:)

နောက်ကျန်တဲ့ Keygen , Crack , Serial Key တို့ အကြောင်းကိုတော့ အလျင်းသင့် သလို ဖေါ်ပြပေးသွားမှာပါ...:) 

ခုတော့ Patch ကို အသုံးပြုပြီး Full Version ဖြစ်အောင် ပြုလုပ်နည်း လေးကို မျှဝေပါရစေ.......

ဥပမာ

EximiousSoft Logo Designer 3.00  

ကို ( လောလောဆယ် C-box မှာလဲ မေးနေတာကြောင့် ) Fullversion ဖြစ်အောင် Patch ချိုးနည်းလေးကို နမူနာ အဖြစ် တင်ပေးလိုက်ပါတယ်....(လုံးဝ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်...)

ဒီလို လုပ်ပါ... ဟိုလို လုပ်ပါလိုက်ပါလို့ ... မပြောတော့ပါဘူး လက်တွေ့ Video လေးနဲ့ပဲ ရှင်းပြလိုက်ပါတယ်.....:)



ခုရှင်းပြပုံကတော့ Patch ချိုးနည်း တစ်မျိုးပါ ... ဒီနေရာမှာ ဗဟုသုတ အနေနဲ့ ပြောရရင် Patch နဲ့ Crack ချိုးပုံဟာ အသွင်တူပါတယ် Crack ကိုလဲ ဒီနည်းလေးအတိုင်း ချိုးပေးရမှာပါ....:) 

နောက် အချိန်ရရင် Crack  အသုံးပြုပုံလေးကို ပြည့်ပြည့် စုံစုံ တင်ပြပေးသွားပါ့မယ် ....:)

Patch , Crack မသုံးတတ်သေးတဲ့ သူငယ်ချင်းများ အတွက် ဗဟုသုတ ဖြစ်စေဖို့ Patch , Crack    တွေကို အသုံးပြုတတ်စေဖို့ ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ ... အဆင်မပြေဘူးဆိုရင်တော့ ကျနော့ရဲ့ ညံ့ဖျင်းမှု လို့ပဲ သဘောထားလိုက်ပါ...:D


Patch , Crack မသုံးတတ်သေးတဲ့ သူငယ်ချင်းများ ပျော်ရွှင်ကြလိမ့်မယ်လို့ မျှေလင့်ပါကြောင်းးးး

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)


3 comments:

အကိုရေကျွန်တော်မှာnero11ရှိပြီးသုံးမတတ်ဖြစ်နေတယ်ကူညီပေးပါအုံး
အရင်ကnero7ကျတော့သုံးရလွယ်တယ်
nero11မှာslideshowနဲ့ ခွေကူးနည်းသင်ပေးပါလား

ကျေးဇူးအထူးတင်ပါတယ်အကို...

ဆရာရေ ဗီဒီယိုဖိုင်ကို အခုလို လိုင်းပေါ်မှာ ကြည့်ရတာထက် ဖြစ်နိုင်မယ် ဆိုရင် ဒေါင်းလုတ်ယူသွားလို့ ရအောင် ဒေါင်းလုတ်ဖိုင်လေး တင်ပေးပါလား။ destoyicontoy တင်ပုံတင်နည်း သင်ပေးသလိုမျိုးပေါ့။
အခုက ကွန်နက်ရှင်က မကောင်းတော့ ဗီဒီယိုဖိုင်ကို လိုင်းပေါ်မှာ ကြည့်ရတာ အဆင်မပြေပါဘူး။ ဒါ့ကြောင့် ဒေါင်းသွားပြီး အိမ်ရောက်မှ ကြည့်ရင် အားလုံးကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားမြင်ရမှာ မို့လို့ပါ။
ကျေးဇူးတင်လျက် ပန်းချီ

Post a Comment