အင်တာနက်ကို စ,တင် အသုံးပြုတော့မယ်ဆိုရင် ၊ စ,တင် လေ့လာတော့မယ်ဆိုရင်.....





 နေ့စဉ် အင်တာနက်ပေါ်မှာ စာတွေဖတ်ဖို့ ၊  Software တွေဒေါင်းယူဖို့ ၊ ရုပ်ရှင်တွေ ကြည့်ဖို့ တစ်ဆိုက်ဒ်ဝင် တစ်ဆိုက်ဒ်ထွက်နဲ့ လည်ပတ် လေ့လာ ရှာဖွေကြည့်ရှု့ကြတဲ့အခါ...


 အင်တာနက်စာမျက်နှာ တစ်ခုကိုဖွင့်လိုက်ရင် အပေါ်က ပုံလေးတွေလို ခုန်ပေါက်နေတဲ့ မျက်စိနောက်စရာ ကြော်ငြာ အမျိုးမျိုးကို အားလုံးသတိထားမိကြမယ် ထင်ပါတယ်...


စာလေး တစ်ကြောင်း နှစ်ကြောင်း ဖတ်ချင်လို့ ၊ Software လေးတစ်ခု ဒေါင်းယူချင်လို့ ဝက်ဆိုက်ဒ် စာမျက်နှာတစ်ခုဖွင့်လိုက်ပြီဆိုရင်.... 

တစ်ခုခုကို Download ဆွဲမလို့ Download Link ကို နှိပ်လိုက်တာနဲ့...


ဘယ်တစ်ခုကို နှိပ်ပြီး ဒေါင်းရမှန်းမသိအောင် ကြော်ငြာတွေနဲ့ ပြည့်နှက်နေပါတယ်.. 
(ဒါကို တချို့က Virus တွေ တင်ပေးတယ် ဆိုပြီး ထင်မြင် ယူဆတတ်ကြပါတယ်)

(Download ဆွဲတော့မယ်ဆိုရင် ဒီပို့စ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ)


အပျင်းပြေ ရုပ်ရှင်ကြည့်မလားလို့ YouTube ကိုသွားမလား ထို့အတူပါပဲ ... 


လှုပ်လှုပ် ရွရွ နဲ့ တကယ့် အာရုံနောက်စရာပါ... 


Click မိ၊ထိမိပြန်ရင်လည်း သူတို့ရဲ့ ကြော်ငြာဆိုက်ဒ်ထဲကနေ တော်တော်နဲ့ ပြန်မလွှတ်တတ်ပါဘူး... 


Leave this page ? Yes (or) No ဘာညာဆိုပြီး  အတင်းဆွဲခေါ်နေပြန်ပါတယ်....


အဲ့ဒီ မလိုအပ်တဲ့ ကြော်ငြာတွေကို ကိုယ်ဖွင့်နေတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ မပေါ်စေချင်ဘူး ဆိုရင်......


 အောက်မှာ ညွှန်းထားပေးတဲ့ Link လေးတွေကတစ်ဆင့်  မိမိတို့ရဲ့ သက်ဆိုင်ရာ Browser တွေမှာ Add ပေးလိုက်ပါ... 


AD Blocker ရဲ့ Setting တွေကိုတော့ မိမိ ကြိုက်သလို ပြင်ပေးနိုင်ပါတယ် (မပြင်ပဲသုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်)



 Chorme Browser သုံးသူများအတွက်ကတော့  ဒီနေရာ ကိုသွားပြီး ADD TO CHORME ကိုနှိပ်ပြီး Add ပေးပါ..။


Firefox Browsre သုံးသူများအတွက်ကတာ့ ဒီနေရာကို သွားပြီး Add To Firefox ကို နှိပ်ပေးပါ.. ပြီးရင် Firefox Browser ကို Restart လုပ်ပေးလိုက်ပါ..။ 


IE Browser အတွက်ကို ဒီနေရာက နေ Download & Install လုပ်ပါ..။


Safiri Browser အတွက်ကိုတော့ ဒီနေရာ ကနေတစ်ဆင့် Add ပေးနိုင်ပါတယ်...။


Opera Browser အတွက်ကတော့ ဒီနေရာ လေးကို သွားလိုက်ပါ...။

 


 အပေါ်ကပုံမှာလို ဖြစ်နေပြီ ဆိုရင်တော့ ဒီပို့စ်ထဲကအတိုင်း  ဖြေရှင်းကြည့်ပါ..


နောက်ထပ် ဒီပို့စ်ကိုလည်း လေ့လာသင့်ပါတယ်.. :)


အင်တာနက်ကို ခုမှ စ,သုံးသူများ အတွက် ရည်ရွယ်ပါတယ်.....:)


အားလုံး ပျော်ရွှင်ခြင်းများဖြင့် ပြည်စုံကြပါစေ......


ဝင်းကမ္ဘာကျော် 
(သတင်း ၊ Software နှင့် နည်းပညာ)


www.winkabarkyaw.net 

 
 

5 comments:

ခုမှဘဲလန်းသွားတော့တယ်ကိုဝင်း...:D

သူရ

ကျေးဇူးတင်ပါတယ်ကိုဝင်း....

aspirewar.

မျက်စိနောက်ပျောက်ချင်နေတာ အတော်ကြာပြီး။ ကျွန်တော်တို့လို မသိမတတ်တဲ့သူတွေကို လမ်းပြကြယ် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လမ်းပြကြယ်ကြီး ဒီထက်မက အဆပေါင်းများစွာ ထိန်လင်းတောက်ပ နိုင်ပါစေ.............
ညီဇာ

ကျေးဇူးပါခင်ဗျာ။

Post a Comment