How to Root Kindle Fire 6.3.1 & How to install Myanmar Font and Keyboard



Kindle Fire version 6.3.1 ကို Root လုပ်ရန် အင်တာနက်ကွန်နက်ရှင်လိုပါသည်…
အရင်ဆုံး version 6.3.1 ဟုတ်မဟုတ် အရင်စစ်ပါ…
version 6.3.1 _user_4107720 ဆိုရင်ရပါပြီ…

(1) Root စတင်လုပ်ဆောင်ရန်  ဒီဖိုင်ကို အရင် download လုပ်ပါ…

(2)Download လုပ်ပြီးပါက win rar နဲ့ဖြည်လိုက်ပါ Kindle Fire Utility Folder ပေါ်လာပါမည်… အဲဒီထဲက
install_driver.bat ကို double click လုပ်လိုက်ပါ… ခဏစောင့်လိုက်ရင် driver install လုပ်ပြီး သွားပါမယ်…

(3) run.bat ဖိုင်ကို double click လုပ်ပါ… လိုအပ်သောဖိုင်များကို download လုပ်ပါလိမ့်မည်… download ပြီးပါက အောက်ပါပုံ အတိုင်းပေါ်လာပါမည်…




အကယ်လို့ မပေါ်ပဲ ပျောက်သွားပါက … စက်ထဲတွင် အရင်သွင်းထားသော samsung kies နှင့် တစ်ခြားသော driver များကို Uninstall လုပ်ဖို့လိုပါတယ် … ဘာ driver မှ မသွင်းထားသော စက်တွင်လုပ်ပါက ပိုကောင်းပါသည် … အကယ်လို့ ပုံ အတိုင်းပေါ်ပါက 2 ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ…
အားလုံးပြီးသွားပါက Root လုပ်ခြင်းပြီးဆုံးပါပြီ …


(4) Myanmar Font နှင့် Keyboard ထည့်ရန်အတွက် အောက်ကဖိုင်တွေကို download လုပ်ပြီး Kindle Fire တွင် install လုပ်ပါ…

Root Explorer
Superuser
DroidSansFallback

(5)Kindle Fire ထဲသို့ New Folder တစ်ခုဆောက်ပြီး DroidSansFallback.ttf ကိုထည့်ပါ …

(6)Root explorer ကို ဖွင့်လိုက်ပါ super user ကို allow လုပ်ပါ…sdcard ကိုနှိပ်ပါ … new folder ထဲမှ DroidSansFallback.ttf ကို ခပ်ကြာကြာလေးဖိလိုက်ပြီး copy ကိုရွေးလိုက်ပါ…ပြီးရင် ပေါ်ဆုံးက Parent Folder ကိုနှိပ်ပါ … System ကို နှိပ်ပါ … Font ကို နှိပ်ပါ …. အပေါ်က Mount R/W ကို နှိပ်ပါ …ပြီးရင် Paste လုပ်လိုက်ပါ…

(7)Keyboard အတွက် Root explorer ထဲက data/app/ အောက်မှာ ရှိတဲ့ com.thihaayekyaw.frozenkeyboard-1.apk ဆိုတာကို ခပ်ကြာကြာလေးဖိပြီး Copy လုပ်လိုက်ပါ… ပြီးရင် /system/app/ အောက်မှာသွားပြီး Paste လုပ်လိုက်ပါ…

(8)Kindle Fire ကို Shutdown လုပ်လိုက်ပါ…

(9)Kindle Fire မှ office app or notepad တစ်ခုခု ပေါ်တွင် စာရိုက်ရန်နေရာတွင် ခပ်ကြာကြာလေးဖိလိုက်ပါ…
Input method ပေါ်လာရင် နှိပ်လိုက်ပါ… Frozen Keyboard ကိုရွေးလိုက်ပါ…

ဒါဆိုရင် Kindle Fire 6.3.1 ကို မြန်မာစာရော …အင်္ဂလိပ်စာပါရိုက် နိုင်ပါပြီ…

အဆင်မပြေတာရှိပါက မပြေသည့်နေရာကို Original Post တွင် မေးမြန်းနိုင်ပါသည်။


4 comments:

အစ်ကို ကျွန်တော့် ကိုလုပ်ပုံလုပ်နည်းလေးရှိရင် တစ်ချက်လောက် လိုချင်လို့
နဲ့နဲ့ရှုပ်နေလို့ပါ...ကျေးဇူးတင်ပါတယ်

ကျွန်​​တော်​ kindle fire 6.3.2 ကို root လုပ်​လိုက်​တာ firmware ပြန်​မတက်​​တော့ဘူ kindle fire logo မှာပဲရပ်​​နေတယ်​အဲ့တာဘယ်​လိုပြန်​လုပ်
ရမလဲ သိရင်​ ကူညီကြပါအုံး

ကျွန်​​တော်​ kindle fire 6.3.2 ကို root လုပ်​လိုက်​တာ firmware ပြန်​မတက်​​တော့ဘူ kindle fire logo မှာပဲရပ်​​နေတယ်​အဲ့တာဘယ်​လိုပြန်​လုပ်
ရမလဲ သိရင်​ ကူညီကြပါအုံး

Post a Comment