YouTube က Video တွေ IDM နဲ့ ဒေါင်းမရဖြစ်နေရင်



ဥာဏ်လင်းမောင်: ကျွန်တော့်ကွန်ပျူတာမှာလေ..IDM လည်းရှိတယ်..အရင်တုန်းကရတယ်..အဲဒါအခု..ဆွဲလို့မရတော့လို့လေ...YOUTUBE ၀င်လည်းတက်မလာတော့ဘူး..ဘေးနားက Download This Video ဆိုတာလေးက ..အဲဒါလေးသိချင်လို့ပါ....window xp ပါ။

 IDM လည်းရှိရက်နဲ့ Youtube က Video တွေ ဒေါင်းချင်တဲ့အခါ ... ခါတိုင်းလို  Download This Video ဆိုတာလေး တတ်မလာလို့ ဒေါင်းမရဖြစ်နေတာပါ....

ဒီပြဿနာလေးက မိမိ တို့ သုံးနေတဲ့ Browser ကို Update လုပ်မပေးရင် ဖြစ်တတ်ပါတယ် ... ဥပမာ Firefox Browser က Version 12,13 (အခု Firefox က Version 14 Beta 9 ထိရောက်နေပါပြီ) .... ဒါပေမဲ့  IDM ကျတော့ နောက်ဆုံး Latest Version ဖြစ်တဲ့ အခါမျိုး ... ပြီးတော့ .... Browser က Update ဖြစ်နေပြီး  IDM က Update မဖြစ်တာမျိုး ဆိုရင်.. ခုလို IDM နဲ့ ဒေါင်းမရတဲ့ ပြဿနာ မျိုးကြုံနိုင်ပါတယ်... Firefox Browser ကို Update လုပ်ပေးတာလဲ လွယ်ပါတယ်... Help >> About Firefox ကို နှိပ်ပေးလိုက်ရင် ... သူ့ဘာသာသူ အလိုလျှောက် Download ဆွဲသွားပါလိမ့်မယ် ပြီးမှ Apply Update လေးကိုနှိပ်ပြီး Firefox ကို Restart ပေးလိုက်ရင် ပြီးသွားပါပြီ...  ဒီနေရာမှာ Internet Download Manager (IDM) ကို Update ထွက်တိုင်း နောက်မကျအောင် အမြဲတင်ပေးနေပါတယ်...:)

 Download This Video/Audio တတ်မလာတာလေးကို ဒီနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်..။ 


Firefox Browser အတွက်ဆိုရင် ဒီ IDM CC လေးကို နှိပ်ပြီး
 Allow >> Install Now လုပ်ပါ  ပြီးရင် Firefox ကို Restart ချပေးလိုက်ရင် အဆင်ပြေပါပြီ...။ 


အခြား Firefox Version တွေ အတွက်ကတော့  Firefox 18,19 ထိ Support လုပ်တဲ့  IDM CC 7.3.30   (or) Latest Update (10 Sept 2013) For IDM 6.17 Build 8  IDM CC7.3.58   ကို ဒေါင်းယူထားပါ...ဒေါင်း ပြီးရင် မြင်သာတဲ့ တစ်နေရာ ဥပမာ Desktop လိုနေရာမျိုးမှာ ထားလိုက်ပါ... ကျန်တာတွေကိုတော့ အောက်က Video လေးကို ကြည့်လုပ်လိုက်ပါခင်မျာ....:) 

IDM CC ကို ဒီနေရာမှာ နောက်ဆုံး Update တွေ ရနိုင်ပါတယ်..။











နောက်ဆုံးအနေနဲ့ ပုံထဲက အတိုင်း Update Add-on Automatically ကို အမှန်ခြစ်လေး တပ်ပေးထားပါ ... ဒါမှ လိုအပ်ရင် Add-on တွေက သူ့ဘာသာသူ Update လုပ်နိုင်မှာဖြစ်ပါတယ်...:)

   


အားလုံး အဆင်ပြေ အောင်မြင်ကြပါစေ....:


ဝင်းကမ္ဘာကျော် 

www.winkabarkayaw.net
 

2 comments:

အခုလို..စိတ်ရှည်လက်ရှည်နဲ့..သင်ပြနည်းလမ်းပေးတဲ့ဆရာကို..အ၇မ်းပဲကျေးဇူးတင်ပါတယ်ခင်ဗျာ....

Post a Comment