Unroot ပြုလုပ်နည်း


Root ပြန်ပိတ်ရသေးလား အကို.. ကျေးဇူးပါ ကျွန်တော်က ခုမှ စလုပ်ကြည့်ရမှာမိုလို့ပါ အဲဒါလေးကိုပြောပေးပါခင်မျာ...:)

ဟုတ်ပါတယ် သူမေးထားသလိုပါပဲ Root လုပ်နည်းသိပြီးသွားရင်တော့ Unroot လုပ်နည်းလေးပါ သိထားသင့်ပါတယ်...:)

အကြောင်းတခုခု ကြောင့် Root လုပ်ပြီးသားဖုံးကို Unrootပန်လုပ်ချင်တယ်ဆိုရင်လဲ ဒီ Link မှာ ပြောပြခဲ့တဲ့ Root လုပ်တဲ့ နည်းလေးအတိုင်းပါပဲ ...ဒေါင်းယူရမဲ့ Zip ဖိုင်လေးပဲ ကွဲသွားမှာပါ...:)

 Unroot ပြုလုပ်နည်း

Unroot လုပ်ဖို့အတွက် ဒီ  Update Unroot.Zip  ဖိုင်လေးကို ပထမဆုံး ဒေါင်းယူထားလိုက်ပါ...။

ပြီးရင် မိမိ ဖုံးက Mini SD Card လေးကို ဖြုတ်ယူပြီး Cardreader ကနေတစ်ဆင့် ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး စောစောက ဒေါင်းယူထားတဲ့ update Unroot.Zip ဖိုင်လေးကို Copy ကူးပြီး Mini SD Card ထဲကိုထည့်လိုက်ပါ ...(update Unroot.Zip ဖြည်စရာ မလိုပါဘူး အဲ့ဒီ Zip ဖိုင်အတိုင်း SD Card ထဲကို ကူးထည့်ပေးလိုက်ပါ)
ပြီးရင်
SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး (Switch off) ပါဝါ ပိတ်လိုက်ပါ...။

Recovery Mode ထဲကိုဝင်ပါမယ်...။
 Recovery Mode ဝင်ဖို့  Home Key ရယ် Volume အပေါင်း လက္ခဏာ Key လေးရယ် ပါဝါ အပိတ် အဖွင့်လုပ်တဲ့ Power ခလုတ် လေးတွေကို တစ်ပြိုင်ထဲ နှိပ်ပေးထားလိုက်ပါ..။  (HOME + Volume UP + POWER button)

 

Recovery Mode ထဲရောက်ပြီဆိုရင် Volume + , -  ခလုတ်လေးတွေကို အသုံးချပြီး  'apply update from sdcard' ကို ရွေး Home ခလုတ် ကိုနှိပ်ပေးရင် သူ့ဘာသာသူ အလုပ် လုပ်နေပါလိမ့်မယ်... ခဏနေရင် "reboot system now" လုပ်ပါဆိုတဲ့ စာလေးပေါ်လာရင် reboot လုပ်ပေးလိုက်ပါ... မိမိ ဖုံးလေး ပြန်ပွင့်လာပြီး "Super user"  ဆိုတဲ့ application လေး ပျောက်သွားရင် UnRoot လုပ်တာ အောင်မြင်သွားပါပြီ...:)

Root လုပ်ချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာ လေ့လာနိုင်ပါတယ်....:)


1 comments:

FREE SMS WORLDWIDE WITHOUT REGISTRATION
www.worldsms.us

Post a Comment