Mediafire Block My Account Again ....:( (Mediafire မှာတင်ထားသမျှတွေ ဖျက်ခံလိုက်ရပြန်ပါပြီ...)



All Window Activator လေးတွေ့လို့  ပြန် Share ပေးလိုက်ပါတယ်....http://www.tusfiles.net ကနေတင်ပေးလိုက်ပါတယ်... (ဒေါင်းရတာ အဆင်ပြေ မပြေလေး Comment မှာရေးသွားပေးကြစေလိုပါတယ်)  

Mediafire ကတော့ မတင်ရဲတော့ပါဘူး  ခု တစ်ခါနဲ့ဆိုရင် အဖျက်ခံရတာ အကောင့် (၃) ခုရှိသွားပါပြီ အချိန်ပေးပြီး တင်ထားသမျှတွေ သဲထဲရေသွန်သလို ဘာမှ အရာမထင်တော့ပါဘူး....:(  ကျနော်ကိုက မိုက်မဲတာ အရင် ၂ ခါတောင် အဖျက်ခံရပြီးပြီ ဒါလည်း မမှတ်သေးပဲ ထပ်တင်တာ ဟင့်... ခု..ပါသွားပြန်ပြီ..... တကယ်တမ်းတော့  မြန်မာပြည်က သူငယ်ချင်းတွေ ဒေါင်းရတာ အဆင်ပြေစေချင်လို့  Mediafire ကနေတင်နေတာပါ....  သူတို့ကလည်း တခြားနေရာကနေ ဒေါင်းရတာ အဆင်မပြေဘူး Mediafire ကနေပဲ တင်ပေးပါချည်းပြောနေကြလို့ တင်ပေးနေရတာ .... ရင်ထဲမှာတော့ ဘယ်နေ့ ငါ့အကောင့်လေး အဖျက်ခံရမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ... ကဲခုတော့ ဘာတတ်နိုင်သေးလဲ 3GB နီးနီး တသက်လုံးမွေးတာတဲ့ကြက် တစ်ချက် Block လိုက်တာ ကုန်သွားပြီခင်မျာ..... Sharebeast.com မှာတင်ထားတာတွေလည်းအဖျက်ခံရပါတယ်.... 

အာလုံးကို အကူညီ တစ်ခုလောက်တောင်းဆိုပါရစေ.... ဒေါင်း (Download) မရတဲ့ Link တွေကို သက်ဆိုင်ရာ ပို့စ်အောက်က Comment Box မှာ Comment ရေး၍ ဖြစ်စေ... (သို့)  ဆိုက်ဒ် ညာဘက်ဘေးက "ပြောချင်တာလေးတွေ ရှိခဲ့ရင်" ဆိုတဲ့ Cbox ထဲမှာ ဒေါင်းမရတဲ့  Link ကို Copy ကူးပြီး ရေး၍ဖြစ်စေ ... အသိပေးခဲ့ကြဖို မေတ္တာရပ်ခံပါတယ်... ကျနော့အနေနဲ့ ဒေါင်းမရတာတွေ  ပြန်တင်ပေးဖို့ ပြန်ရှာတဲ့အခါ ပို့စ်တွေ အရမ်းများနေတာကြောင့် ရှာဖို့မလွယ်ကူလို့ပါ... ကျနော်သိတာနဲ့ အဆင်ပြေအောင် အမြန်ဆုံး ပြန်တင်ပေးထားပါ့မယ်.... ဒေါင်းမရတဲ့ နေရာက Link ကို Cbox ထဲမှာ Copy & Paste လုပ်ပေးရုံပါပဲ... အားလုံးကို ကျေးဇူးတင်ပါတယ်....

Link ကို Copy & Paste မလုပ်တတ်သေးရင် အောက်က Video လေးကိုကြည့်နိုင်ပါတယ်...



ခု နောက်တစ်ခါ  Upload တင်ပေးဖို့ အဆင်ပြေဆုံး ဆိုက်ဒ် ၂ ခုကို ရွေးထားပါတယ်   www.tusfiles.net  နဲ့  www.solidfiles.com ဆိုတဲ့ ဆိုက်ဒ် ၂ ခုပါ.... လွန်ခဲ့တဲ့ ၃/၄ လကတင်ထားတဲ့ ဖိုင်တွေတော့ ခုထိရှိနေတုန်းပါပဲ... နောက်ဆုံး အဆင်မပြေရင်တော့ www.4share.com ကနေပဲတင်ပေးရတော့မှာပါ... 4Share ကတော့ ဒေါင်းယူတဲ့အခါ Register ( Sing up ) လုပ်ရပါတယ် Mediafire တို့လို တစ်ခါတည်း ဒေါင်းယူလို့မရပါဘူး... Sing up လုပ်ရတာလည်း လွယ်ပါတယ် Email တစ်ခုခုနဲ့ Password ဖြည့်ပြီး Sing up လုပ်.... ပြီးရင် ကိုယ် Email ကိုဖွင့်ပြီး Activated  လုပ်ပေးရုံပါပဲ.... နောက် လုံးဝ အဆင်မပြေတော့မှ တင်မှာပါ... တင်တဲ့အခါကျရင်လည်း ဘယ်လို ဒေါင်းယူရမယ်ဆိုတာကိုပါ ရှင်းပြပေးသွားပါ့မယ်..... ခုတော့ www.tusfiles.net  နဲ့  www.solidfiles.com ကိုစမ်းလိုက်ပါဦးမယ်....:)

All Window Activator လေးကို အောက်မှာဒေါင်းယူနိုင်ပါတယ်...


(ဒေါင်းရတာ အဆင်ပြေ မပြေလေး Comment (or) Cbox မှာရေးသွားပေးကြစေလိုပါတယ် ကျေးဇူးတင်ပါတယ်ခင်မျာ)


13 comments:

ကိုဝင်းကမ္ဘာကျော် ကြိုက်တဲ့ဆိုက်ကတင်ပါ အဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ်....

ကျနော်လဲ တော်တော်ငိုချင်သွားတယ် ကိုဝင်းရယ်................။

အကိုရေ window 8 ISO ဖိုင်ကို DVD နဲ့ USB မှာ ဘမ်းတာလုံးဝမရလို့ပါ ကူညီပ်အုံး ဘယ်လိုအကူညီတောင်းရမှန်းမသိလို့ ဒီကနေ COMMENT ပေးပြီးတောင်းရတာပါ ကေးဇူးအရမ်းတင်ပါတယ် ဗျ

ကျွန်တော်လုံးဝစိတ်မကောင်းဘူးဗျာ......
ကျွန်တော်လည်းမြန်မာနိုင်ငံအတွက်သုံးလို့အဆင်ပြေအောင်နောက်ထပ်File Sharing Hosting ဆိုက်တွေကိုရှာာာာာာာာာာာာာာာာာာထားပါတယ်ဗျာ..ပြီးရင်တွေ့ရင်အကြောင်းပြန်ပါမယ်......
ဒါပေမဲ့Uploadကိုကျွန်တော်မတင်ဘူးတော့Uploadနဲ့ပတ်သက်လို့ကျွန်တော်လည်းမသိဘူးဗျ...ဒါပေမဲ့အားလုံးအတွက်အဆင်ပြေအောင်တော့ကျွန်တော်တစ်ဖက်တစ်လမ်းကူညီပေးပါမယ်ဗျာ

chit mee ဖြစ်နေတဲ့ပြဿနာကိုဒီနည်းလေးနဲ့ဖြေရှင်းကြည့်ပါ
ဝင်းဒိုး 8 ကိုဒေါင်းပြီးရင် ရိုးရိုးဘန်းလို့မရပါဘူး။
အောက်ကပေးလိုက်တဲ့လင့်လေးကိုဖွင့်ပြီးဆောလ်ဝဲတစ်ခုဆွဲလိုက်ပါ။
http://www.microsoftstore.com/store/msstore/html/pbPage.Help_Win7_usbdvd_dwnTool
အဲဒီဆောလ်ဝဲလ်နဲ့ဘမ်းကြည့်ပါ။ အဆင်ပြေပါစေဗျာ

အစ်ကို ၀င်းရေ နည်းပညာနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာလေ့လာနေတဲ့ ညီ၊ ညီမငယ်တွေအတွက် တစ်ဖက်တလမ်းကနေကူညီနေတဲ့ အစ်ကိုဝင်းကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်အစ်ကို။

အခု ဆိုဒ်လေးလည်း ဒေါင်းလို့ အဆင်ပြေပါတယ် ..........

စိတ်မကောင်းပါဘူးဗျာ

use www.sendspace.net to upload file

ကျေးဇူးတင်ပါတယ် ဗျာ
အားလည်းနာပါတယ်ဗျာ
ဝမ်းလည်းနည်းပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်အကို

If You Want to Something Upload www.box.com

Post a Comment