Phone နဲ့ အင်တာနက်ဘယ်လောက်ဖိုးသုံးပြီးသွားပြီလည်း ဆိုတာကြည့်နိုင်တဲ့ 3G Watchdog v 0.38.4

ဒီဇင်ဘာလကုန်တာနဲ့ ဆက်သွယ်ရေး MPT ကနေ ငတ်ကြီးကျပြီးတော့ အင်တာနက်အသုံး
ပြုခကို ပြောင်းလည်း ကောက်ခံတော့မယ်လို့ ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါဘဲဗျာ။ အရင်တုန်းကတော့ အင်တာ
နက်အသုံးပြုခကို တစ်မိနစ်နှစ်ကျပ် ၊ လေးကျပ် ပေးရပါတယ်။ အခု ပြောင်းလည်းကောက်ခံပုံကတော့ Data အလိုက်ပြောင်းလည်းကောက်ခံသွားမယ်လို့သိရပါတယ်။ သာမန် Chatting , Gmail နဲ့ ရိုးရိုးဘဲ Website တွေမှာသတင်းတွေလိုက်ဖက်ရုံဘဲဆိုရင်တော့ ယခင်ထက် သက်သာမှာပါ။ ဒါပေမယ့်အင်တာနက်ပေါ်ကFile တွေကို ဒေါင်းလုပ်ဆွဲမယ်ဆိုရင်တော့ အသုံးပြုတဲ့ Data ပေါ်မူတည်ပြီး ကုန်ကျမှာပါ။ အဲဒါဆိုရင် အခုကျွန်တော်တင်ပေးထားတဲ့ 3G Watchdog ဆိုတဲ့ Application လေးကတော့ အင်တာနက်ကို Data ဘယ်အထိအသုံးပြုပြီးသွားပြီလည်းဆိုတာကိုဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီမှာဖော်ပြပေးထားတဲ့ Data ကိုကြည့်ပြီး MPT က သတ်မှတ်ပေးမယ့် ဈေးနှုန်းနဲ့ မြှောက်လိုက်ရင် ကုန်ကျစရိတ် ကိုသိရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ ဖုန်းနဲ့ Download ဆွဲလိုက်  Upload တင်လိုက်နဲ့ဆိုတော့ သေပြီဆရာဘဲဗျာ။Android Phone တွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
တောင်းဆိုထားတဲ့ အစ်ကိုအတွက် တင်ပေးလိုက်ပါပြီ။
မူရင်း ဆိုဒ်ကို မဖော်ပြတော့ပါ သဖြင့် မူရင်း Post ဆိုဒ်ပိုင်ရှင်အား အနူးအညွှန့်တောင်းပန်အပ်ပါတယ်ခင်
ဗျာ..။

0 comments:

Post a Comment