အမြန်ဆုံး ဖုန်းများ
************************** **********************
**************************
အမြန်ဆုံး ဖုန်းများလို့ ဆိုတဲ့နေရာမှာ Processor တွေရဲ့ လုပ်ဆောင်ချက် မြန်ဆန်မှုတွေကို ဆိုလိုတာ ဖြစ်ပြီး Video တွေ ဖွင့်ကြည့်တဲ့ အခါ မြန်ဆန်ကောင်းမွန်မှုတွေနဲ့ Demo လို Game မျိုးတွေကို ဖွင့်လှစ် ဆော့ကစားချိန်တွေမှာ အကောင်းဆုံးနဲ့ အမြန်ဆုံး ကစားစေနိုင်အောင် ဖန်တီးပေးနိုင်တာတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကဲ ဒီတော့ လက်ရှိ ဈေးကွက်မှာ ၀င်ရောက်နေပြီးသား ဖုန်းတွေထဲက အမြန်ဆုံး စွမ်းဆောင်မှု ပေးနိုင်မယ့် ဖုန်းတွေကို ကြည့်ရအောင်ဗျာ။
(၁) Samsung Galaxy S4 – Gaming ဆိုင်ရာ လုပ်ဆောင်ချက်တွေထဲမှာတော့ S4 က အမြန်ဆုံး ဆောင်ရွက်ပေးနိုင်တာကြောင့်
(၂) HTC One – Processorရဲ့ အမြန်နှုန်းကတော့ 1.7 GHz ဖြစ်တာကြောင့် ထူးပြီး ပြောစရာ မလိုပဲ ကင်မရာအပိုင်း လုပ်ဆောင်နိုင်စွမ်းမှာ S4 ထက်တောင် ကောင်းမွန်ပါသေးတယ်။
(၃) LG Optimus G Pro – သူလည်းပဲ 1.7 GHz မြန်နှုန်းရှိတဲ့ Dual-Core Snapdragon Processor
ကို တပ်ဆင်ထားပြီး
မြန်နှုန်း အပိုင်းလည်း ကောင်းမွန်တာ တွေ့နိုင်ပါတယ်။
(၄) LG Nexus 4 – Qualcomm ရဲ့ မြန်နှုန်း 1.5 GHz ရှိ Dual-Core Snapdragon Processor ကိုပဲ အသုံးပြု ထားတာ တွေ့နိုင်ပြီး တန်ကြေးနဲ့ လိုက်ဖက်တဲ့ အမြန်နှုန်းတွေကို ပေးစွမ်းနိုင်တာ တွေ့ရပါတယ် ။
(၅) Samsung Galaxy Note 2 – ၅.၅ လက်မ အရွယ်ရှိတဲ့ မြန်နှုန်းမြင့် ဖုန်းဖြစ်ပြီး မြန်နှုန်းက 1.6 GHzရှိမှာ ဖြစ်ကာ Quad-Core Processorကို အသုံးပြုထားတာ တွေ့ရပါတယ်။
(၆) HTC One X+ – HTCထုတ် ဖုန်းတွေထဲမှာတော့ မြန်နှုန်းမြင့် ဖုန်းတစ်လုံး ဖြစ်ပြီး Nvidia ရဲ့ Quad-Core Tegra 3 Processor ကို အသုံးပြုထားပြီး LTE စနစ်မှာ အသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Ref: Myanmar ICT

0 comments:
Post a Comment