Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို




samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။
Credit : သက်နိုင်စိုး
Myanmar Mobile App Store (www.myanmarmobileapp.com)


3 comments:

how to download software

Samsung မြန်မာစာ ပါတာ Update ကို Online ပေါ်ကလုပ်တာကို အဲ့ဒီ Online ဝှက်စိုင်းကိုပါ ဖော်ပြပေးတာ ကောင်းမယ်လို့ကျွန်တော်ထင်တာပဲ ဒီလိုပဲ တစ်ယောက်လားလဲလုပ်လို့ရတယ်နဲ့လုပ်လို့ရတယ်နဲ့ Online လမ်းညွန်း မဖော်ပြပဲနဲ့ ဘယ်လိုသွားလုပ်မလဲ ၊ မသိတဲ့လူတစ်ယောက်က အဲဒီလမ်းညွန်း ဘယ်လိုဝင်ရမှန်ကို မသိဘူး ဒီလိုမျိုဖော် ပြမဲ့တူတူ Online ကိုလမ်းညွန်းပေး ရင်ပိုပြီးအရှင်းပြေမယ်လို့ထင်တယ် အကိုတို့ဖော်ပြပေးတဲ့ အကြောင်ရာတွေးထဲမှာ စာဖတ်ပြီး အလှကြည့်ဖို့ပဲရမှာပေါ့ ဖြစ်နှိင်ရင် လုပ်ပုံလုပ်နည်း နဲ့ Online လမ်းညွန်းကိုဖော်ပြပေးပါ ကျေးဇူးတင်ပါတယ်။

ကို San Min ခင်မျာာာ ... စာကို ကျေးဇူးပြုပြီး သေချာလေး ဖတ်ပေးပါနော် သူရေးထားတာက ( system update ပြုလုပ်ရုံနဲ) လို့ရေးထားပါတယ် အင်တာနက်နဲ့ချိတ်ပြီး Update လုပ်ပေးရမှာပါ..... ဒီစာကြောင်းလေးတွေကို သေချာဖတ်ကြည့်ပေးဦးးးးး >>>>>> (4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။) ( ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။)

Post a Comment