Sony ရဲ့ ပထမဦးဆုံး Xperia Z Ultra အမည်ရှိ Phablet ကို မိတ်ဆက်



Sony သည် မျက်နှာပြင် ၆.၄ လက်မဖြင့် ပြုလုပ်ထားသော Xperia Z Ultra အမည်ရှိ ပထမဦး Phablet အမျိုးအစား စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းကို ပြီးခဲ့သည့် Mobile Expo Asia 2013 တွင် Sony ၏ Smart Watch 2 နှင့်အတူ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ Xperia Z Ultra မှာ Sony ၏ ပထမဦးဆုံး စမတ်ဖုန်း ထုတ်လုပ်မှုဖြစ်ပြီး ဒီဇိုင်းမှာလည်း အခြား Phablet များနှင့်မတူ တမူထူးခြားနေသော စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်း သိရသည်။

မျက်နှာပြင် ၆.၄ လက်မရှိသော Xperia Z Ultra တွင် 1920×1080 Resolution ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။ ဖုန်း၏ အထူမှာ ၆.၅ မီလီမီတာသာရှိပြီး အလေးချိန် ၂၁၅ ဂရမ်ရှိကြောင်း သိရသည်။ အဆိုပါ Xperia Z Ultra တွင် 2.2 GHz Quad Core Snapdragon 800 Processor ကို အသုံးပြုထားပြီး လက်ရှိတွင် Processor အမြန်နှုန်း အမြင့်ဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်သည်။ ကွန်ယက်ချိတ်ဆက်မှုအတွက် 4G ကွန်ယက်ကို ထောက်ပံ့ပေးထားသည့်အပြင် နောက်ဆုံးထွက် Android OS 4.2 (Jelly Beans) ထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။ Xperia Z Ultra တွင်လည်း ရေစိုခံစနစ် ပါဝင်ကြောင်း သိရသည်။

Sony သည် Xperia Z ကို ပြီးခဲ့သည့် ဇန်နဝါရီက ကျင်းပသော CES 2013 ပြပွဲတွင် မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အတွင်း ရောင်းချပေးခဲ့သည့်အတွက် Xperia Z Ultra ကိုလည်း လာမည့် စက်တင်ဘာလတွင် ရောင်းချပေးနိုင်ကြောင်း နည်းပညာဖိုရမ်များက ခန့်မှန်းထားသည်။ မျက်နှာပြင် ၆.၃ လက်မဖြင့် အကြီးဆုံး Phablet အဖြစ် ထုတ်လုပ်ခဲ့သော Samsung ၏ Galaxy Mega ထက် Xperia Z Ultra မှာ မျက်နှာပြင် အရွယ်အစား ပိုကြီးနေသောကြောင့် အကြီးဆုံး Phablet တစ်လုံးဖြစ်ကြောင်း သိရသည်။




0 comments:

Post a Comment