
WindowsPhone အသုံးပြုတဲ့သူတွေအတွက် WindowsPhoneမှာFont တွေထည့်သွင်းချင်တဲ့အခါမိမိ
ဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
WindowsPhone မှာသင်ထည့်သွင်းချင်တဲ့ Font ကိုထည့်သွင်းဖို့အတွက်ဆိုရင်အဆင့်ငါးဆင့်ပဲရှိမှာဖြစ်
ပါတယ်။သင်ထည့်သွင်းချင်တဲ့ Font ကို WindowsPhoneOS မှာထည့်သွင်းဖို့အတွက်ကွန်ပျူတာရှိဖို့တော့
လိုအပ်မှာဖြစ်ပါတယ်။သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာချိတ်ဆက်ပြီး
ထည့်သွင်းရမှာဖြစ်တဲ့အတွက်ထည့်သွင်းဖို့ဆိုရင်အလွယ်တကူရှင်းလင်းစွာနဲ့ထည့်သွင်းအသုံးပြုနိုင်
မှာဖြစ်ပါတယ်။ WindowsPhone ထဲကို Font ထည့်သွင်းဖို့အတွက်ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။
အချက်တွေကိုအောက်ပါအဆင့်အတိုင်းလုပ်ဆောင်ပေးပါကအလွယ်တကူနဲ့ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
၁။သင့်ရဲ့ WindowsPhoneOSအ သုံးပြုထားတဲ့ Handset ကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကို
ဖွင့်ပေးလိုက်ပါ။
၂။သင့်PCအတွင်းမှာရှိတဲ့ C:\WindowsFonts ဆိုတဲ့လမ်းကြောင်းအတိုင်း FontsFolder ထဲကိုရောက်
အောင်သွားရပါမယ်။
၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device Folder ကိုသင့် PC ထဲကနေဖွင့်ရမှာဖြစ်ပါတယ်။ Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ အဆင့်အတိုင်း လုပ်ရပါမယ်။
၎။ဒီအဆင့်ကတော့ WindowPhoneOS အသုံးပြုတဲ့Handsetအတွင်းမှာရှိတဲ့ FontFolder ကိုသွားရ
မှာဖြစ်ပါတယ်။လမ်းကြောင်းကတော့\Windows\Fonts\ ဖြစ်ပါတယ်။
၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီအဆင့်ကတော့ Windows စနစ်အောက်က FontsFolder ရှိတဲ့သင်ထည့်
သွင်းချင်တဲ့ဖိုင်ကို MobileDeviceရဲ့Windows\Fonts\ အောက်ကိုသင်ထည့်သွင်းချင်တဲ့ Font ကို
Moveလုပ်ပေးလိုက်တယ်ဆိုရင် WindowsPhoneOS အသုံးပြုထားတဲ့ Handset ထဲကိုသင်ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။
ဒီအဆင့်တွေပြီးသွားပြီဆိုရင်တော့ WindowsPhoneOS ရဲ့MobileWords ထဲကိုသွားရပါမယ်။ပြီးရင်တော့
Menu>Format>Font ကိုသွားရပါမယ်။ dropbox မှာရှာကြည့်လိုက်တယ်ဆိုရင်သင်ထည့်သွင်းထားတဲ့
Font ကိုအဲဒီအောက်က FontList မှာ တွေ့ရမှာဖြစ်ပါတယ်။
Ref : internet journal (www.myanmarinternetjournal.com)






8 comments:
Windows 8 က စပြီး font folder နဲ့  တကွ windows system folder တွေ ကို mobile တွေ မှ access လုပ်ခွင့် မရှိတော့ပါဘူး။ အဲဒီ အတွက် ဘယ်လို လုပ်ရမလဲ ..?
မြန်မာဖောင့် ရလား မသိလို့ပါ။
tabled ထဲမှာမြန်မာစာဘာကြောင့်ထည့်မရတာလဲ ကျွန်တော်ဟာက I.mobile I-note2 အမျိုးအစားပါ
tabled ထဲမှာမြန်မာစာဘာကြောင့်ထည့်မရတာလဲ ကျွန်တော်ဟာက I.mobile I-note2 အမျိုးအစားပါ
အပေါ် comment ကအကိုရေ tablet မှာမြန်မာဖောင့်ထည့်တာအရမ်းလွယ်တယ်ဗျ ROOT လုပ်စရာတောင်မလိုဘူးဗျ ပထမဦးဆုံး frozenkeyboard ခုခုရှာဒေါင်းပြီး install လုပ်လိုက် ပြီးရင် fontchanger ဖြစ်တဲ့ မြန်မာ mobile zawgyi ဆိုတဲ့ software လေးကိုရှာပြီးဒေါင်းလိုက် ပြီးရင် install လုပ်လိုက် ပြီးရင် open နဲ့ဖွင့်လိုက် အဲဒီထဲမှာ ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတဲ့နေရာလေးကိုနိပ်ပေးလိုက်အဲလိုဆိုရင် restart ကျပြီးပြန်တက်လာရင်မြန်မာစာကိုမြင်ရပြီ ဗျကီးဘုတ်အတွက်ကတော့ tabled ရဲ့ settings ထဲကိုဝင်ပြီးအမှတ်ခြစ်ပေးရမယ်အဲဒါတော့ကို့ဘာသာကြိုးစားကြည့်တော့ဗျ settings ထဲကိုဝင် အဲဒီ settings တခုလုံးထဲမှာ frozen ဆိုတဲ့ဟာလေးကိုရှာကြည့်ဗျတွေ့လို့ရှိရင်အဲဒီနေရာမှာအမှတ်ခြစ်ထားခဲ့အဲလောက်ပဲ့ဗျ တခြား tabled တွေတော့မပြောတတ်ဘူးကျွန်တော့် tabled I-mobile I-note2 နှင့် NEX 200 မှာတော့ ROOT လုပ်စရာတောင်မလိုဘူးဗျ တကယ်လို့ ROOT လုပ်ရမယ်ဆိုရင်လဲ ROOT TOOL တွေမှအများကြီးပဲ့ဗျ Google မှရှာပြီးတော့ဒေါင်းလိုက်ပေါ့ဗျ အဆင်ပြေပါစေဗျာ
This is totally wrong! This method cannot use on new windows phone such as windows 8.
How to Lumia535 window phone Myanmar font
Post a Comment