ဗုဒ္ဓဘာသာဝင် အတော်များများက တကယ့် ကိုးကွယ်ရာစစ်တွေကို
ပစ်ပယ်ထားတတ်ကြပြီး ဘာမှ မဆီမဆိုင်တဲ့ ယုံကြည်မှုတွေနဲ့
အခြားသော အရာတွေကို ကိုးကွယ်နေကြတာများပါတယ် ။
ကျွန်တော်လည်း ငယ်ငယ်က အမေက နတ် ကို ရှိခိုး ဆိုလို့ ရှိခိုးခဲ့
အမွှေးတိုင် ထွန်း ဖယောင်းတိုင် ထွန်းခဲ့ဖူးပါတယ် ။ အခု ကျွန်တော် ကြီးလာတော့
ဒါတွေဟာ ငါအမှားလုပ်ခဲ့တာပါလားလို့ သိခဲ့လို့ လုံးဝမလုပ်တော့ပါဘူး။
၃၇မင်း နတ်ဆိုတာ တကယ်တော့ အယူတိမ်းလို့ နတ်စိမ်းဖြစ်ကြတာ ကိုးကွယ်ရမှာမဟုတ်ပါဘူး
ပသ ရမှာပါ အဓိက ကိုးကွယ်ရမှာက ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာတွေပါ ။
ကိုးကွယ်တာနဲ့ ပသတာနဲ့ မတူပါဘူး ပသတယ်ဆိုတာ "ချစ်လို့ ခင်လို့ ကျွေးမွေးခြင်း
စောင့်ရှောက်ခြင်း"ကို ပြောတာပါ ။ ၃၇ မင်းနတ်စိမ်းတွေက မိမိကို ဘာမှ တိုးတက်အောင်
ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး ။ အန္တရာယ်ကင်း ဘေးကင်းအောင် ဆောင်ရွက်နိုင်တယ်ဆိုတာကို
လက်ခံပါတယ် ဒါကလည်း ဥပမာ ပြောရရင် ကျွန်တော့်အိမ်မှာ ခွေးလေးတစ်ကောင်
မွေးထားမယ်ဆိုရင် ညဘက်အိမ်ကို သူခိုးကပ်ရင် သူဟောင်ပေးမယ် ကိုက်ပေးမယ်
ဒီလိုမျိုး သဘောပါ ။ ကျွန်တော်တို့က ချစ်လို့ သနားလို့ သူတို့ကို ကျွေးမွေးထားမယ်
ဆိုရင်လည်း သူတို့ကလည်း ကျွန်တော်တို့ကို ချစ်လို့ သူတို့တတ်နိုင်သလောက်
စောင့်လျှောက်မှာပါ ။ ပြောချင်တာက မိမိရာထူးတတ်ဖို့ ငွေကြေးချမ်းသာလာဖို့
သူတို့ ဘယ်နည်းနဲ့ဆောင်ရွက်ပေးနိုင်မလဲပါ ။ တကယ်တော့ ၀ိညဉ်သာရှိတဲ့
နတ်စိမ်းတွေက ဘာများ လုပ်ပေးနိုင်မှာလဲ? အသိဥာဏ်ရှိသော သူများဆို
စဉ်းစားသင့်ပါတယ် ။ ဗုဒ္ဓမြတ်စွာဘုရား ဟောပြောတဲ့ တရားစာအုပ်တွေကို
အချိန်ပေးဖတ်မယ် ဘုန်းကြီးဟောတဲ့ တရားတွေ နာမယ် တော့ မရှိကြပါဘူး
နတ်ပွဲလို့ သတ်မှတ်ထားတဲ့ အချိန်ကုန် ငွေကုန် အလုပ်ကြတော့ လုပ်တတ်ကြပါတယ်။
ကိုယ့်ရွာ ကိုယ့်ဒေသက ဘုရားဟောင်းတွေ ဘုန်းကြီးကျောင်းအပျက်တွေကျတော့
ပြုပြင်မယ် လှူမယ် မရှိဘူး နတ်ကတဲ့ နတ်ကတော်တွေကျတော့
ဆင်တံဆိပ် ငါးထောင်တန်တွေ ပလူပျံအောင် ကန်တော့ကြပါတယ် ။
ဒါတွေဟာ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် သူတို့ကိုယ် သူတို့ ရူးနေတယ် ?
မှားနေတယ်လို့ မသိတဲ့အပြင် ဂုဏ်တောင် ယူကြပါတယ်။ ဒီကြားထဲ နတ်အပြင်
ဘိုးတော်၊ ကွင်းပိုင် ၊ သိုက်ဆရာ ဒါတွေကလည်း အပိုပါလာပြန်ပါတယ်။
အမှန်တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အယူမှားတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာတွေ
အရမ်းကို များပါတယ် မိဘက ကိုးကွယ်လာလို့ ဘုရားရှိခိုး ကျောင်းသွား
အလှူလုပ်နေတာပဲရှိတာပါ တကယ်တမ်း မိမိကိုးကွယ်တဲ့ဘာသာကို
စမ်းစစ်ပြီး ဘယ်အချက်တွေက မှန်လဲ မှားလဲ ဝေဖန်မှုမရှိကြပါဘူး ။
အများစုက မိန်းမတွေပါ ယောကျာ်းတွေက အယုံလွယ်မှုနည်းပါတယ်
ကျွန်တော့်အမေကိုယ်တိုင် နတ်ကို ကိုးကွယ်နေပါတယ် ဒါပေမယ့် ကျွန်တော့်အဖေ
နဲ့ကျွန်တော်က တားလို့ အခု အိမ်မှာ ဘယ်နတ်မှမရှိတော့ပါဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် မသိခင်မှာ မှားတာက လူမှားပါ သိပြီးရင်တော့ ပြင်ကြဖို့လိုပါတယ်
သိရဲ့သားနဲ့ မိမိရဲ့ ရားထူး ၊ ဥစ္စာ ၊ ဂုဏ်ဓန တွေကို မက်လို့
မိမိရဲ့ သရဏဂုံတော့အပျက်မခံကြပါနဲ့ဗျာ ။
ဆက်ပါအုံးမည်
အောင်ကျော်ခိုင်(ပုသိမ်) www.aungkyaw.net
25.11.2013
9 comments:
ကောင်းပါတယ်အကို။ဒီအတိုင်းဘဲ ဖြစ်သင့်တယ်။တရားများများနားထောင်ရင် အယူမှားတဲ့ဘေးကလွတ်မှာပါ။
ကောင်းပါတယ်အကို။ဒီအတိုင်းဘဲ ဖြစ်သင့်တယ်။တရားများများနားထောင်ရင် အယူမှားတဲ့ဘေးကလွတ်မှာပါ။
ကောင်းပါတယ်အကို။ဒီအတိုင်းဘဲ ဖြစ်သင့်တယ်။တရားများများနားထောင်ရင် အယူမှားတဲ့ဘေးကလွတ်မှာပါ။
ကောင်းပါတယ်အကို။ဒီအတိုင်းဘဲ ဖြစ်သင့်တယ်။တရားများများနားထောင်ရင် အယူမှားတဲ့ဘေးကလွတ်မှာပါ။
ကောင်းပါတယ်အကို။ဒီအတိုင်းဘဲ ဖြစ်သင့်တယ်။တရားများများနားထောင်ရင် အယူမှားတဲ့ဘေးကလွတ်မှာပါ။
ကောင်းပါတယ်အကို။ဒီအတိုင်းဘဲ ဖြစ်သင့်တယ်။တရားများများနားထောင်ရင် အယူမှားတဲ့ဘေးကလွတ်မှာပါ။
လူတိုင်း မိမိ ယုံကြည်ရာ ကိုလုပ်နိုင်ပါတယ်။ အဲဒီနောက်မှာမှ မှားတယ် မှန်တယ်ကလာတယ်ထင်ပါတယ်။ တစ်ချို့ကိစ္စ တွေက ယောင်္ကျားတွေ ကြောင့် မိန်းမ တွေက အနှိမ်ခံ ဖြစ်ခဲ့သလို ယောင်္ကျားတွေ ကလည်း အခွင့်ထူးခံ ဖြစ်ခဲ့ပါတယ် ဒီအချက်က ကမ္ဘာဦးကတည်းက ဖြစ်နေတာပါ။ ဘာသာတရား အားလုံးကို ပြောခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရဲ့ အကြီးမားဆုံးအားနည်းချက် က မိရိုးဖလာ ကျင့်သုံး နေတဲ့ အချက်လို့ထင်ပါတယ်။ ကိုယ်တစ်ကယ် နက်နက်ရှိုင်းရှိုင်း ယုံကြည်လို့ ကိုးကွယ်နေတာ မဟုတ်ကြပါဘူးလို့ မြင်ပါတယ်။ ချွင်းချက်က ဘာသာတရား ဆိုတာ အားကိုးရာတစ်ခုသက်သက်ပါပဲ။ လူရဲ့စိတ်နှလုံး ကိုယ်ကျင့်တရားကို ကောင်းမွန်လာအောင် ထိန်းကျောင်းပေးတဲ့ အရာလို့မြင်ပါတယ်။ နတ်ကိုးကွယ် တိုင်းလည်း အပြစ်မမြင်သင့်ဘူးထင်ပါတယ်။ Human Rights လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ် (ချွင်းချက်လေးတော့ရှိပါသေးတယ် အတွင်းကျကျသိချင်ရင်ရှာဖတ်ကြပါ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/သားတွေမှာ အရမ်းလိုအပ်ပြီး အရေးကြီးပါတယ်) ဒါကြောင့် အပြစ်ပြောနေမယ့်အစား အဘက်ဘက်က အကျိုးအကြောင်းစဉ်းစား ချင့်ချိန်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားခွင့် အချိန်ကာလတစ်ခု ပေးသင့်တယ်လိုထင်မြင်ပါတယ်။
Post a Comment